၂၀၂၃ ခုနှစ် ဘက်ထရီသုံးလျှပ်စစ်ကား ရောင်းအား ကမ္ဘာ့အများဆုံး သရဖူ Tesla ဆက်လက် ရရှိ


၂၀၂၃ ခုနှစ် ဘက်ထရီသုံးလျှပ်စစ်ကား ရောင်းအား ကမ္ဘာ့အများဆုံး သရဖူ Tesla ဆက်လက် ရရှိ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ဘက်ထရီသုံးလျှပ်စစ်ကား (BEV)များကိုသာ ထုတ်လုပ်သည့် Tesla သည် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာတစ်လွှား အစ‌ီးရေ ၁၈ သိန်းကျော် (၁,၈၀၈,၅၈၁ စီး) ရောင်းချခဲ့ပြီး ဘက်ထရီသုံးလျှပ်စစ်ကား ရောင်းအား ကမ္ဘာ့အများဆုံး သရဖူကို Tesla ဆက်လက် ရရှိပါသည်။
ဒုတိယအများဆုံး ဖြစ်သည့် BYD သည် BEV ၁၅ သိန်းကျော် (၁,၅၇၄,၈၀၄ စီး) ရောင်းချခဲ့ပါသည်။
သို့ဖြစ်ရာ အစီးရေ ၂ သိန်းကျော်မျှသာ လျော့နည်းပါသည်။ သို့ဖြစ်ရာ ယခုနှစ် ၂၀၂၄ ခုနှစ်တွင် BYD က Tesla ထက် BEV တနှစ်တာ ရောင်းအား ပိုများလိမ့်မည်ဟု မီဒီယာများတွင် ထင်ကြေး ပေးကြပါသည်။

၂၀၂၃ ခုနှစ် စတုတ္ထ ၃ လပတ်တွင် BYD ဘက်ထရီသုံး လျှပ်စစ်ကားရောင်းအားသည် Tesla ထက် ပိုများခဲ့ပြီး ရောင်းအားအရ ကမ္ဘာ့ထိပ်တန်း BEV  ထုတ်လုပ်သူ ဖြစ်ခဲ့ပါသည်။ 
Tesla က  ၄၈၄,၅၀၇ စီး ရောင်းချခဲ့ပြီး BYD က ၅၂၆,၄၀၉ စီး ရောင်းချခဲ့ပါသည်။


၂၀၂၃ ခုနှစ်တွင် Tesla က အစီးရေ ၁၈ သိန်းကျော် ရောင်းချခဲ့သည်။
BYD က BEV န‌ှင့် ပလပ်ထိုးအားသွင်း ဟိုက်ဘရစ် (PHEV) နှစ်မျိုး စုစုပေါင်း အစီးရေ ၃ သန်းကျော် (၃,၀၂၃,၆၇၉ စီး) ရောင်းချခဲ့ပါသည်။

Source carnewschina 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1534 times