ဘဏ်ကြွေး အပေါင်ဆုံး ပြိုင်ကား ကြမ်းခင်းဈေး ဒေါ်လာ ၁.၁၃သန်းဖြင့် လေလံတင်မည်


ဘဏ်ကြွေး အပေါင်ဆုံး ပြိုင်ကား ကြမ်းခင်းဈေး ဒေါ်လာ ၁.၁၃သန်းဖြင့် လေလံတင်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

ဗီယက်နမ်နိုင်ငံမှ VietinBank သည် အောက်တိုဘာလတွင် အပေါင်ဆုံး သိမ်းဆည်းခဲ့သော 2021 McLaren 765LT Spider Coupe နှစ်ယောက်စီး မော်ဒယ်ကို ဒေါင် ၂၇.၅  ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၁၃ သန်း) ဖြင့် လေလံတင်ရောင်းချရန် စီစဉ်ထားပါသည်။

VietinBank Debt Management and Asset Exploitation (VietinBank AMC) ၏ အဆိုအရ VietinBank အတွက် အကြွေး အပေါင်ဆုံးအဖြစ် သိမ်းဆည်းထားသော အိမ်စီးကား၏ လိုင်စင်နံပါတ်မှာ  51K-011.86 ဖြစ်ပြီး အမျိုးသမီးတစ်ဦးမှ ဟိုချီမင်းစီးတီးတွင်  ၂၀၂၂ ခုနှစ်မှာ ကနဦးမှတ်ပုံတင်ခဲ့ပါသည်။
သူမသည် ဘဏ်ချေးငွေအတွက် အပေါင်ပစ္စည်းအဖြစ် ၎င်းစူပါ အိမ်စီးပြိုင်ကားကို အသုံးပြုခဲ့ပြီး အကြွေးပြန်ဆပ်ဖို့ ပျက်ကွက်သဖြင့်၂၀၂၃ ခုနှစ်  အောက်တိုဘာလ အစောပိုင်းတွင် ဘဏ်က သိမ်းဆည်းခဲ့ပါသည်။
.
VietinBank AMC က ၎င်းစူပါအိမ်စီးပြိုင်ကားကို လေလံတင်ရန် လေလံလုပ်ငန်း Thien Binh Auction Partnership Company ကို ငှားရမ်းထားပါသည်။ 
လေလံတင်မည့်ရက်၊ နေရာ အစရှိသည့် အသေးစိတ်အချက်များ မစီစဉ်ရသေးပါ။ 

McLaren 765LT Spider Coupe သည် အရေအတွက် အကန့်အသတ်ဖြင့် ထုတ်လုပ်သည့် 765LT မော်ဒယ် ကို ဒေါင် ၃၅ ဘီလီယံဖြင့် ဈေးဖွင့်ခဲ့ပါသည်။ နံပါတ်ပြား ရသည်အထိ သွင်းကုန်ခွန် အပါအဝင် အခွန်အခများ ဒေါင် ၅ ဘီလီယံ ဝန်းကျင် ကုန်ကျပါသည်။

McLaren သည် ဗီယက်နမ်နိုင်ငံတွင် ပထမဆုံး တရားဝင် အရောင်းပြခန်းကို ဟိုချီမင်းစီးတီးတွင် ဖွင့်လှစ်သည့်အကြောင်း Automobile Guide တွင် ဖော်ပြခဲ့ပါသည်။


ဗီယက်နမ်တွင် McLaren အရောင်းပြခန်း ဖွင့်လှစ်
အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ
https://www.automobiledirectory.com.mm/article/-mclaren-vietnam.html



မော်ဒယ် 765LT မှ ကိန်းဂဏန်းနှင့်အညီ ၇၆၅ စီးသာ ထုတ်လုပ်ပါသည်။ 
မော်ဒယ်အမည် 765LT မှ "LT" သည် "Longtail" ကို ရည်ညွှန်းပါသည်။
ယာဉ်ကိုယ်ထည် နောက်ပိုင်းတွင် အမြီးပြားကို အစွန်းထုတ်ပေးထားသည်။


 Formula One F1 ကားပြိုင်ပွဲတွင် ဝင်ပြိုင်သည့် ပြိုင်ကားအတွက် McLaren မှ အင်ဂျင်နီယာများက ဒီဇိုင်း ထုတ်ပေးထားခြင်း ဖြစ်ပါသည်။
Longtail တပ်ဆင်ထားခြင်းကြောင့် ကား၏ လေခွင်းအား တအားကောင်းစေသည့်အပြင် ကားကို လမ်းသားပေါ်မှ ကြွတက်မလာအောင်လည်း ဖိပေးထားသဖြင့် တာယာ ယက်အား အပြည့်အဝ ရရှိစေပါသည်။ ထို့ပြင် ယာဉ်က မြန်နှုန်းမြင့်ဖြင့် အသားကုန် ပြေးနေစဉ် ယာဉ်မောင်းက ကားကို ထိန်းကျောင်းဖို့ ပိုကောင်းစေပါသည်။
အမြီးရှည် Longtail ကို ၁၉၉၇ ခုနှစ်တွင် စတင်အသုံးပြုခဲ့ပါသည်။


ငွေလဲနှုန်း
(VND10 billion = $412,328).

Source vnexpress 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 2226 times