ဗီယက်နမ်တွင် McLaren အရောင်းပြခန်း ဖွင့်လှစ်


ဗီယက်နမ်တွင် McLaren အရောင်းပြခန်း ဖွင့်လှစ်

TO GET INSTANT UPDATE  
Join Telegram Channel  
https://t.me/Guid4U

ဗြိတိန် ကားထုတ်လုပ်သူ McLaren သည် ဗီယက်နမ်အတွက်  ပထမဆုံး တရားဝင်  ကားအရောင်းပြခန်းကို ဟိုချီမင်းစီးတီး တွင် ကြာသပတေးနေ့(အောက်တိုဘာ ၁၃)တွင် ဖွင့်လှစ်ခဲ့ပါသည်။
ဟိုချီမင်းစီးတီး အမှတ်(၁) ခရိုင်တွင် တည်ရှိသည့်  Deutsches Haus အဆောက်အအုံတွင် ဖွင့်လှစ်လိုက်သည့် အရောင်းပြခန်းကို S&S Group မှ ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းလည်ပတ်ပါသည်။ S&S Group သည် ဗီယက်နမ်နိုင်ငံအတွက် McLaren တရားဝင် အရောင်းကိုယ်စားလှယ် authorized reseller ဖြစ်ပါသည်။ ဗီယက်နမ် အထက်တန်းလွှာကို McLaren စူပါကား မော်ဒယ်အသစ်များ ရောင်းချရန် ရည်ရွယ်ထားပါသည်။ 

 အရောင်းပြခန်းဖွင့်ပွဲအခမ်းအနားတွင် McLaren ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ အကြီးအကဲ Charlotte Dickson က ဗီယက်နမ်သည် ကုမ္ပဏီ၏ ၄၁ ခုမြောက်ဈေးကွက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

S&S ၏ ပူးတွဲတည်ထောင်သူ Nguyen Thuy Huong က ဟိုချီမင်းစီးတီးကို အမှတ်တံဆိပ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အလားအလာများစွာရှိသည့် စံပြနေရာတစ်ခုဟု မှတ်ယူထားသောကြောင့် ဟိုချီမင်းစီးတီးကို McLaren ၏ ပထမဆုံး အရောင်းပြခန်းအတွက် တည်နေရာအဖြစ် ရွေးချယ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

တရားဝင်ပြန်လည်ရောင်းချသူ S&S မှတစ်ဆင့် McLaren သည် 765LT အပါအဝင် စူပါကားအမျိုးအစားများဖြင့် ဗီယက်နမ်ဈေးကွက်သို့ မိဝင်‌ေရာက်‌ေနရာယူနိုင်ရန် မျှော်လင့်ထားပါသည်။

S&S Group မှ အရောင်းပြခန်းအပြင်  McLaren ကားပြုပြင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ 
၎င်း၏ရုံးချုပ်နှင့် လက်ဖြင့် တပ်ဆင်သည့်စက်ရုံသည် အင်္ဂလန်နိုင်ငံ၊ Surrey County  ရှိ Woking တွင် တည်ရှိပါသည်။
McLaren သည် ဈေးမြင့်သည့် စူပါ အိမ်စီးပြိုင်ကားမော်ဒယ်များကို အဓိကအားဖြင့် ထုတ်လုပ်သည့်အပြင် တန်ဖိုးသင့် အိမ်စီးပြိုင်ကားမော်ဒယ်များကိုလည်း ထုတ်လုပ်ပါသည်။ 
Source vnexpress 
 

Read 241 times