ဗီယက်နမ် VinFast ဈေးကွက်တန်ဖိုး ကမ္ဘာ့တတိယအများဆုံး ကုမ္ပဏီ ဖြစ်လာ


ဗီယက်နမ် VinFast ဈေးကွက်တန်ဖိုး ကမ္ဘာ့တတိယအများဆုံး ကုမ္ပဏီ ဖြစ်လာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ဗီယက်နမ်လျှပ်စစ်ကားထုတ်လုပ်သူ VinFast သည် ယခုအခါ အမေရိကန်မှ Tesla နှင့် ဂျပန်မှ Toyota Motor တို့ ပြီးလျှင် စျေးကွက်တန်ဖိုး  တတိယအများဆုံး ဖြစ်လာပါသည်။

 ကုမ္ပဏီ၏ ရှယ်ယာများသည် တနင်္လာနေ့ (ဩဂုတ် ၂၈)တွင် ၂၀% မြင့်တက်ခဲ့သည်။ သို့ဖြစ်ရာ ကုမ္ပဏီ၏ ရှယ်ယာအားလုံး စုစုပေါင်း တန်ဖိုး တနည်းဆိုရသော် ဈေးကွက်တန်ဖိုးသည် ကန်ဒေါ်လာ ၁၉၁.၂ ဘီလီယံ ဖြစ်လာပါသည်။
 
ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက် သောကြာနေ့ တပတ်တာ အဆုံးသတ် ဈေးပိတ်ချိန်မှာ ပထမနေရာတွင် ရပ်တည်နေသည့် Tesla ၏ ဈေးကွက်တန်ဖိုးမှာ ကန်ဒေါ်လာ ၇၆၀ ဘီလီယံ ရှိပြီး ဒုတိယနေရာမှ တိုယိုတာသည် ကန်ဒေါ်လာ သန်း ၂၇၀ ဘီလီယံ ရှိသည်။ VinFast က ကန်ဒေါ်လာ ၁၆၀ ဘီလီယံ ရှိသည်။
တရုတ်မှ BYD သည် ဈေးကွက်တန်ဖိုး ကန်ဒေါ်လာ ၉၀ ဘီလီယံ ရှိပြီး ဂျာမနီမှ Volkswagen သည် ကန်ဒေါ်လာ ၇၀ ဘီလီယံ ရှိပါသည်။
တနင်္လာနေ့ စတော့ရှယ်ယာ ဈေးကွက်ပြန်ဖွင့်သည့်နေ့တွင် VinFast ရှယ်ယာများ ဈေးထိုးတက်ခဲ့ပြန်ပါသည်။
VinFast သည် ရှယ်ယာ ၁% ကိုသာ ထုတ်ရောင်းထားသဖြင့် ရှားပါးရှယ်ယာ ဖြစ်နေစေပြီး ဈေးမြှောက်နေသည်ဟု သုံးသပ်ကြပါသည်။


VinFast ရှယ်ယာ စျေးနှုန်းများ ပွဲဦးထွက်ဈေးနှုန်းများထက်  နှစ်ဆကျော် မြင့်တက်
https://www.automobiledirectory.com.mm/article/vinfast-share-prices.html



VinFast ကို ၂၀၂၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှစတင်၍ အီးဗီ စတင်ခဲ့ပါသည်။ ၂၀၂၂ တွင် အသားတင်အရှုံးပေါ်ခဲ့ပါသည်။

Source nikkei asia
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1065 times