VinFast ရှယ်ယာ စျေးနှုန်းများ ပွဲဦးထွက်ဈေးနှုန်းများထက်  နှစ်ဆကျော် မြင့်တက်


VinFast ရှယ်ယာ စျေးနှုန်းများ ပွဲဦးထွက်ဈေးနှုန်းများထက်  နှစ်ဆကျော် မြင့်တက်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ဗီယက်နမ်လျှပ်စစ်ကား VinFast ရှယ်ယာများ ပွဲဦးထွက်ပြီးနောက် ရက်ပိုင်းအကြာ  အင်္ဂါနေ့ (ဩဂုတ် ၂၂)တွင် အမြင့်ဆုံးသို့ နှစ်ဆကျော် ‌ေဈးတက်လာသည်။

တောင်ကိုရီးယား၏ Star Group Industrial သည် ဗီယက်နမ်တွင် စက်ရုံဖွင့်ရန် စီစဉ်နေကြောင်း ရိုက်တာသတင်းတွင် ဖော်ပြခဲ့ပြီးနောက် VinFast ရှယ်ယာများ ဈေးထပ်တက်သွားခြင်း ဖြစ်သည်။

ဗီယက်နမ်မှ VinFast နှင့် Korea မှ Hyundai Motor တို့အား သံလိုက်များ ရောင်းချသည့် တောင်ကိုရီးယားမှ Star Group Industrial သည် ဗီယက်နမ်တွင် ကန်ဒေါ်လာ သန်း ၈၀  ရင်းနှီးမြှုပ်နှံကြောင်း တနင်္လာနေ့နှောင်းပိုင်းတွင် ရိုက်တာက သတင်းဖော်ပြခဲ့သည်။ ၎င်းစက်ရုံသည် နောက်နှစ် ၂၀၂၄ ခုနှစ်တွင် မော်တော်ယာဉ်သုံး သံလိုက်များ ထုတ်လုပ်မှု စတင်မည်။

VinFast ရှယ်ယာဈေးနှုန်းသည် အင်္ဂါနေ့တွင် $46.98 အထိ မြင့်တက်ခဲ့ပြီး $40.24 ဖြင့်  ဈေးပိတ်ခဲ့သည်။ 
VinFast သည် အမေရိကန်တွင် ဩဂုတ်လ ၁၅ ရက်တွင် ရှယ်ယာများ စတင်ရောင်းချခဲ့သည်။ အဖွင့်ဈေးမှာ $22 ဖြစ်ပါသည်။

VinFast ၏ ရှယ်ယာ ၉၉% ကို ဗီယက်နမ်မှ အချမ်းသာဆုံး ဘီလျံနာ Pham Nhat Vuong က ပိုင်ထားပြီး ၁% မျှကိုသာ ထုတ်ရောင်းခြင်း ဖြစ်သည်။ မလောက်မင ပမာဏ ဖြစ်နေပြီး ဝယ်လိုအား ရှိနေသဖြင့် နေ့စဉ် ပျမ်းမျှ ၁၄% ဈေးတက်ခဲ့သည်။ စနေ၊ တနင်္ဂနွေ ပိတ်ရက်သဖြင့် ရှယ်ယာ ရောင်းချသည့်ရက် ၆ ရက်အရတွင် ဈေးနှစ်ဆသို့ ရောက်ရှိလာခဲ့သည်။ 

Source Reuters 
 

Read 468 times