အိန္ဒိယ အီးဗီ သွင်းကုန်ခွန် ဖြေလျော့ပေးရန် တက်စလာနည်းတူ VinFast တောင်းဆို


အိန္ဒိယ အီးဗီ သွင်းကုန်ခွန် ဖြေလျော့ပေးရန် တက်စလာနည်းတူ VinFast တောင်းဆို

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ဗီယက်နမ်လျှပ်စစ်ကားထုတ်လုပ်သူ VinFast သည် ၎င်း၏ကားများကို သွင်းကုန်ခွန်လျှော့ချရန် အိန္ဒိယအစိုးရကို တောင်းဆိုပါသည်။

အိန္ဒိယ အီးဗီ သွင်းကုန်ခွန် မူဝါဒ ဖြေလျော့ပေးရန် တက်စလာကလည်း တောင်းဆိုသည်ကို AutomobileGuide တွင် တင်ပြခဲ့ပါသည်။ 


အိန္ဒိယ အီးဗီ သွင်းကုန်ခွန် မူဝါဒ ဖြေလျော့ပေးရန် Tesla အဆိုပြု

#AutomobileGuide

https://www.automobiledirectory.com.mm/article/-tesla-import-tax.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


 

တက်စလာနှင့် ဗင်ဖတ်စ်တို့အကြား ကွာခြားသည်မှာ တက်စလာက ကားစက်ရုံ တည်ဆောက်ခြင်း မပြုဘဲ တောင်းဆိုခဲ့ခြင်း ဖြစ်ပြီး ဗင်ဖတ်စ်က စက်ရုံ ဆောက်လုပ်ရန် ပန္နက်ချပြီးမှ တောင်းဆိုခြင်း ဖြစ်ပါသည်။

.

VinFast သည် အိန္ဒိယနိုင်ငံရှိ တည်ဆောက်ဆဲ စက်ရုံအသစ်မှ ကားထုတ်လုပ်မှု စတင်ပြီး ပြည်တွင်းဈေးကွက်ထဲသို့ အီးဗီများ ရောက်ရှိမလာသေးခင်မှာ ပြည်ပမှ တင်သွင်းပြီး ရောင်းချလိုသည်။ ၂ နှစ်တာကာလတွင် အစီးရေ အကန့်အသတ်ဖြင့် တင်သွင်းမည် ဖြစ်ပြီး ဗင်ဖတ်စ် အီးဗီများကို အိန္ဒိယမှာ အကျွမ်းတဝင် ဖြစ်နေစေရန် ရည်ရွယ်သည်။ သို့ဖြစ်ရာ စက်ရုံမှ စတင်ထုတ်လုပ် ရောင်းချသည့်အခါ အစိမ်းသက်သက် ဖြစ်မနေအောင် ယခုကတည်းက မိတ်ဆက်ပေးထားရန် လိုလားသည်။

.

 VinFast သည် တောင်ပိုင်း တမီလ်နာဒူးပြည်နယ်တွင် စက်ရုံတစ်ရုံကို စတင်တည်ဆောက်ခဲ့ပြီး လာမည့်နှစ်လယ်တွင် ထုတ်လုပ်မှုကို စတင်နိုင်ရန် မျှော်လင့်ထားကြောင်း၊ ပြည်တွင်း၌ ပထမဆုံးရောင်းချပြီးနောက် ပြည်ပတင်ပို့မည် ဖြစ်ကြောင်း  အိန္ဒိယအတွကါ စီအီးအို ဖြစ်သူ Pham Sanh Chau က ပြောကြားသည်။ သူသည် အိန္ဒိယဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။

 

VinFast နှင့် တမီးနာဒူးပြည်နယ်အစိုးရတို့က လွန်ခဲ့သည့်လတွင် ၎င်းတို့သည် ကန်ဒေါ်လာ ၂ ဘီလီယံအထိ ရင်းနှီးမြုပ်နှံရန် သဘောတူညီခဲ့ကြောင်း၊ ပထမ ၅ နှစ်တွင် ကန်ဒေါ်လာ သန်း ၅၀၀ သုံးစွဲမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ 

အိန္ဒိယသည် အီးဗီ တင်သွင်းသည့်အပေါ် သွင်းကုန်ခွန် ၁၀၀% စည်းကြပ်သည်။ ၎င်းအခွန်နှုန်းထား လျှော့ချခြင်းကို ပြည်တွင်း ကားလုပ်ငန်းများက အပြင်းအထန် ကန့်ကွက်ထားသည်။ သို့ဖြစ်ရာ အစိုးရက သွင်းကုန်ခွန် လျှော့ချပေးရန်အတွက် စဉ်းစားပေးသော်လည်း ဆုံးဖြတ်ချက် မချချေ။ 

 

"ကျွန်တော်တို့က သွင်းကုန်ခွန် လျှော့ချပေးဖို့ အဆိုပြုထားပါတယ်။ ၂ နှစ်တာကာလအတွက် ၁၀၀% အစား ၇၀% ၊ ၈၀% စည်းကြပ်ဖို့ ပန်ကြားထားပါတယ်။ တင်သွင်းတဲ့ ကားအရေအတွက် အနည်းအကျဉ်းအတွက်သာ ဖြစ်ပါတယ်။ သုံးစွဲသူတွေက ကျွန်တော်တို့ရဲ့ကားတွေကို အကျွမ်းတဝင် ဖြစ်စေဖို့ အတွက်ပါ"ဟု Pham Sanh Chau က ပြောကြားသည်။

"ဗဟိုအစိုးရက စဉ်းစားချင့်ချိန်နေဆဲ ဖြစ်ပါတယ်။ အစိုးရက ဆုံးဖြတ်ချက် ချတာကို စောင့်နေရချိန်မှာ ကျွန်တော်တို့က ထုတ်လုပ်ရေး စက်ရုံ ဆောင်လုပ်ရေးကို ဆက်လက် အကောင်အထည်ဖော်နေပါတယ်"ဟု ၎င်းက ပြောကြားသည်။

 

အီးဗီမော်ဒယ်များသည် ယမန်နှစ်က အိန္ဒိယနိုင်ငံ၏ ကားရောင်းအား၏ 2% ခန့်သာ ရှိခဲ့သော်လည်း အိန္ဒိယအစိုးရက ၂၀၃၀ ပြည့်နှစ်တွင် ၃၀% ရှိရန် ရည်မှန်းချက် ချမှတ်ထားပါသည်။

 

ဗီယက်နမ်မှ VinFast ပင်မ ကားစက်ရုံသည် တနှစ်လျှင် အစီးရေ ၂၅၀,၀၀၀ အထိ ထုတ်လုပ်နိုင်သည်။

အိန္ဒိယမှ စက်ရုံသည် တနှစ်လျှင် အစီးရေ ၁၅၀,၀၀၀ အထိ ထုတ်လုပ်နိုင်မည် ဖြစ်သည်။

 

Pham Sanh Chau က ကုမ္ပဏီသည် အရောင်းကွန်ရက်တစ်ခု ရရှိရန် အိန္ဒိယမှ ကားအရောင်းလုပ်ငန်း ၅၅ ဦးနှင့် နီးကပ်စွာ လုပ်ဆောင်နေပြီဟု ပြောကြားသည်။

 Vinfast သည် အိန္ဒိယတွင် လျှပ်စစ် မော်တော်ဆိုင်ကယ်များ၊ လျှပ်စစ်စကူတာများ ထုတ်လုပ် ရောင်းချမည့် အစီအစဉ် ရှိပါသည်။ 

Source Reuters 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read 198 times