အိန္ဒိယ အီးဗီ သွင်းကုန်ခွန် မူဝါဒ ဖြေလျော့ပေးရန် Tesla အဆိုပြု


အိန္ဒိယ အီးဗီ သွင်းကုန်ခွန် မူဝါဒ ဖြေလျော့ပေးရန် Tesla အဆိုပြု

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

အိန္ဒိယဈေးကွက်သို့ Tesla ဝင်ရောက်ရန် အလားအလာသည် ရှေ့သို့ ခြေလှမ်းများ တိုးလာသည်။
ရိုက်တာသတင်းဌာနမှ ဖော်ပြသော သတင်းအရ အိန္ဒိယနိုင်ငံတွင် ကျင့်သုံးနေသော အီးဗီသွင်းကုန်ခွန်ကို လျော့ပေါ့ပေးရန် Tesla က အဆိုပြုထားသည်။ အိန္ဒိယတွင် အီးဗီ ထုတ်လုပ်ရန် ရည်ရွယ်ထားသော ကားကုမ္ပဏီမှ တင်သွင်းသည့် အီးဗီများအပေါ် စည်းကြပ်သည့် သွင်းကုန်ခွန်ကို လျှော့ချပေးပါရန် Tesla က တောင်းဆိုထားသည်။

လက်ရှိတွင် ပြည်ပမှ တင်သွင်းသည့် အီးဗီများတွင် ယာဉ်တန်ဖိုး $40,000 ကျော်ပါက သွင်းကုန်ခွန် ၁၀၀% စည်းကြပ်သည်။
Tesla Model Y crossover သည်  ရောင်းဈေး $47,740 ဖြစ်သဖြင့် အိန္ဒိယသို့ တင်သွင်းသည့်အခါ သွင်းကုန်ခွန် ၁၀၀% စည်းကြပ်သည်။ 
သို့ဖြစ်ရာ Tesla ကို လိုက်လျောသည့်အနေဖြင့် အီးဗီ သွင်းကုန်ခွန်ကို ၁၅% အထိ လျှော့ချဖွယ် ရှိသည်ဟု ရိုက်တာက သတင်းဖော်ပြသည်။
Tesla သည် အိန္ဒိယတွင် စျေးနှုန်းသက်သာသော လျှပ်စစ်ကားမော်ဒယ် ထုတ်လုပ်ရန် အစီအစဉ် ရှိပြီး ရောင်းဈေး ဒေါ်လာ ၂၄,၀၀၀ ဝန်းကျင်ရှိမည်။

 အိန္ဒိယအစိုးရသည် ပြည်တွင်းမှ အီးဗီထုတ်လုပ်သည့်လုပ်ငန်းများဖြစ်သည့် Tata နှင့် Mahindra တို့ကို အချိန်အတိုင်းအတာ တစ်ခုအထိ အကာအကွယ်ပေးထားရမည် ဖြစ်သဖြင့် အီးဗီသွင်းကုန်ခွန် လျှော့ချရန် အချိန်ယူလိမ့်မည်ဟု ယူဆရပါသည်။

Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 213 times