တိုယိုတာ အီးဗီခရီးသစ်ကို နည်းပညာအသစ်များဖြင့် လမ်းအို လိုက်မည်[Video]


တိုယိုတာ အီးဗီခရီးသစ်ကို နည်းပညာအသစ်များဖြင့် လမ်းအို လိုက်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

တိုယိုတာသည် ၂၀၂၂  ခုနှစ်တွင် ကမ္ဘာ့အီးဗီ ရောင်းအားတွင် ဝေစု ၀.၃% ကိုသာ ရရှိခဲ့သည်။
တိုယိုတာတွင် ကားများ ထုတ်လုပ်ရန် "TPS" ဟု အတိုကောက် ခေါ်သည့် Toyota Production System ရှိသည်။
"Toyota  ထုတ်လုပ်မှုစွမ်းအားက အချိန်နဲ့အမျှ ပြောင်းလဲနေတာတွေကို အမီလိုက် တုံ့ပြန်ဆောင်ရွက်ဖို့ စွမ်းရည် ကျွန်တော်တို့မှာ ရှိပါတယ်" ဟု ထုတ်ကုန်အရာရှိချုပ် Kazuaki Shingo က ပြောကြားသည်။


 

စက်ရုပ်လက်တံဖြင့် ထိုင်ခုံ  နေရာချပေးနိုင်ရန် ယာဉ်အလယ်ပိုင်း အမိုးမပါသေးသည့် အဆင့်တွင် ထိုင်ခုံများ တပ်ဆင်သည်။ 

 

 

ရွေ့လျား ကွန်ဗေယာအစား ကားကိုယ်တိုင် ရွေ့လျားနေသည့် နည်းလမ်းကို သုံးစွဲသည်။ [အောက်တွင် ဖော်ပြထားသော ဗီဒီယိုတွင် ကြည့်ရှုလေ့လာနိုင်ပါသည်]
ဘီများနှင့် ဘက်ထရီပါသော တပိုင်းတစ တပ်ဆင်ပြီးစီးသည့်ကားသည် ဘီးလိမ့်ရုံမျှ  တစက္ကန့်လျှင် ၀ .၁ မီတာ အမြန်နှုန်းဖြင့် ရွေ့လျားနိုင်ပြီး သွားစေလိုသည့် နေရာများဆီသို့ မောင်းနှင်နိုင်စွမ်း ရှိသည်။
တပ်ဆင်ရေးလိုင်းမှ နေရာအသီးသီးသို့ တနေရာပြီး တနေရာ အစဉ်အတိုင်း သွားမည်။ အားလုံးတပ်ဆင် ပြီးစီးသွားသည့်အခါ စက်ရုံအပြင်ဘက်ရှိ ယာဉ်များ ထားရှိမည့်နေရာဆီသို့ ခေါ်ယူသွားမည့် ကားပို့ဆောင်ရေး ရိုဘော့နှင့် ဆုံမည့်နေရာသို့ သွားရောက်မည် ဖြစ်သည်။

 

ကားပို့ဆောင်ရေး ရိုဘော့က စက်ရုံမှ ထုတ်လုပ်လိုက်သော ကားများကို ထားရှိသည့်နေရာဆီသို့ ခေါ်သွားသည်။ ယာဉ်မောင်းများက မောင်းနှင်ပြီး ကားရွှေ့ပေးဖို့ မလိုတော့ချေ။

ကမ္ဘာ့အီးဗီဈေးကွက်ထဲသို့ အီးဗီမော်ဒယ်များ အလုံးအရင်းဖြင့် မောင်းသွင်းနိုင်ရန်အတွက် တိုယိုတာသည်  ဂျပန်နိုင်ငံမှ ကားစက်ရုံများတွင် ကွန်ဗေယာ ‌ေရွ့လျားသည့် တပ်ဆင်ရေးအစား တပ်ဆင်လက်စ ကား ရွေ့လျားပြီး တပ်ဆင်သည့် ပုံစံကို ပြောင်းလဲ သုံးစွဲမည်။


ကားကိုယ်ထည်ကို အစိတ်အပိုင်းများ တခုချင်း တပ်ဆင်ခြင်းအစား တသားတည်း တခုတည်းအဖြစ် တကြိမ်တည်း ဖိပုံသွင်းပြီး ထုတ်လုပ်မည်။
အီးဗီကိုယ်ထည်ကို သုံးပိုင်း ပိုင်းခြားထားပြီး ရှေ့ခြမ်းနှင့် နောက်ခြမ်းတို့ကို ကြီးမားသည့်ဖိအားဖြင့် ဖိပုံသွန်းနည်းလမ်း "gigacasting" ဖြင့် ထုတ်လုပ်မည်။ ၎င်းနည်းလမ်းသည် Tesla ကို အတုယူထားသည်။


တိုယိုတာ မဟာဖိပုံသွန်း နည်းလမ်းဖြင့် ထုတ်လုပ်မှုကို နာရီများမှ မိနစ်ပိုင်းသို့ လျှော့ချ

https://www.automobiledirectory.com.mm/article/toyota-gigacasting.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ



ကမ္ဘာ့အရောင်းရဆုံး ကားထုတ်လုပ်သူ တိုယိုတာသည် ကာလရှည်ကြာ သုံးစွဲခဲ့သည့် ကုန်ကျစရိတ် သက်သာသော နည်းလမ်းများဖြင့် ထုတ်လုပ်သည့် နည်းလမ်းကို နည်းပညာအသစ်များ ပေါင်းစပ်ပြီး အီးဗီများကို ထုတ်လုပ်သွားရန် စီစဉ်ဆောင်ရွက်နေသည်။

ကျော်လွန်နေသော ကုန်ကျစရိတ်များအပါအဝင် ကုန်ကျစရိတ် လေလွင့်မှုများ သုတ်သင်ထားသည့် ထုတ်လုပ်ရေးနည်းလမ်း လမ်းအိုပေါ်တွင် ထုတ်လုပ်ရေး နည်းပညာသစ်များ ပေါင်းစပ်ပေးမည် ဖြစ်သည်။

စနေ တနင်္ဂနွေ အလုပ်ပိတ်ရက်များ အပါအဝင် တစ်ပတ် ၇ ရက် နေ့ရောညပါ ၂၄ နာရီပတ်လည် အလုပ်လုပ်ပေးသည့် ရိုဘော့များကို သုံးစွဲထားသော်လည်း  ရှေးမူမပျက် လက်ဖြင့် ပွတ်ပြီး ဘမ်ဘာကို ကြည့်မှန်တချပ်နှယ် ပုံရိပ်ပေါ်သည်အထိ ချောမွတ်တောက်ပြောင်စေခြင်းကိုလည်း ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်သည်။

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 625 times