တိုယိုတာ မဟာဖိပုံသွန်း နည်းလမ်းဖြင့် ထုတ်လုပ်မှုကို နာရီများမှ မိနစ်ပိုင်းသို့ လျှော့ချ


တိုယိုတာ မဟာဖိပုံသွန်း နည်းလမ်းဖြင့် ထုတ်လုပ်မှုကို နာရီများမှ မိနစ်ပိုင်းသို့ လျှော့ချ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

တိုယိုတာသည် Tesla ကို အတုယူပြီး မဟာဖိပုံသွန်း gigacasting နည်းလမ်းဖြင့် ကားကိုယ်ထည် ထုတ်လုပ်မှုသည် ကြာချိန်ကို နာရီများအစား မိနစ်ပိုင်းသို့ လျှော့ချပေးနိုင်သည်။

တိုယိုတာသည် ဖိအားမြင့် အမြန်ပုံသွန်း Die-casting နည်းလမ်းကို အီးဗီများ ထုတ်လုပ်သည့်အခါ သုံးစွဲမည် ဖြစ်ပြီး ယခုကတည်းက ကြိုတင်စမ်းသပ်မှုများ ဆောင်ရွက်နေခြင်း ဖြစ်သည်။


တိုယိုတာသည် မျိုးဆက်သစ် လျှပ်စစ်ကားများကို မော်ဂျူလာ အပိုင်းသုံးပိုင်းဖြင့် ထုတ်လုပ်သွားမည်ဖြစ်သည်။

 

 

Toyota Motor သည် ကားကိုယ်ထည်၏ သုံးပုံတစ်ပုံကို သုံးမိနစ်အတွင်း ဖန်တီးပေးနိုင်သည့် ၎င်း၏ gigacasting စက်ပစ္စည်းအသစ်၏ ရှေ့ပြေးပုံစံကို စာနယ်ဇင်းသမားများကို ပြသခဲ့သည်။
အရည်ကြိုထားသည့် အလူမီနီယံအရည်ကို ပုံသွန်းမည့် အခေါင်းပေါက်ထဲသို့ ထည့်လိုက်ပြီး အပူချိန် 700 C မှ 250 C သို့ ကျဆင်းအောင် လျင်မြန်စွာ အေးစေပြီး အခဲဖြစ်စေကာ ယာဉ်နောက်ပိုင်း အစိတ်အပိုင်းကို ထုတ်လုပ်သည်။ ကားချာစီ၏ သုံးပုံတပုံ ဖြစ်သည့် ယာဉ်နောက်ပိုင်း အစိတ်အပိုင်းကို ၃ မိနစ်ဖြင့် ထုတ်လုပ်ပေးသည်။
၎င်းယာဉ်နောက်ပိုင်း အစိတ်အပိုင်းတွင် အစိတ်အပိုင်းအမျိုးမျိုး ၈၆ ခု ပါဝင်ပြီး အဆင့်ဆင့် တပ်ဆင်သည့် လုပ်ငန်းစဉ်အဆင့် ၃၃ ဆင့် ရှိသည်။
 
တိုယိုတာသည် ၂၀၂၆ ခုနှစ်တွင် ထုတ်လုပ်ရန် ရည်မှန်းထားသည့် အီးဗီများအတွင် ယာဉ် ရှေ့ပိုင်းနှင့် နောက်ပိုင်းတို့ကို  Gigacasting နည်းလမ်းဖြင့် ထုတ်လုပ်မည်။ 

 

တိုယိုတာသည် Gigacasting စက်ကိရိယာ ရှေ့ပြေးပုံစံကို ၂၀၂၂ စက်တင်ဘာလတွင် စတင်တည်ဆောက်ခဲ့ပြီး  ၂၀၂၃ ဇွန်လတွင် သတင်းထုတ်ပြန်ခဲ့သည်။ ယခုအခါ စက်တင်ဘာလတွင် လက်တွေ့သရုပ်ပြနိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ 

Source nikkei asia

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

 

Read 514 times