အိန္ဒိယတွင် ရုံးခန်း အသစ်ဖွင့်လှစ်သည့်  Tesla ကို အိန္ဒိယက Apple နည်းတူ လုပ်ကိုင်ရန် ပြောကြား


အိန္ဒိယတွင် ရုံးခန်း အသစ်ဖွင့်လှစ်သည့်  Tesla ကို အိန္ဒိယက Apple နည်းတူ လုပ်ကိုင်ရန် ပြောကြား

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Tesla က အိန္ဒိယနိုင်ငံ Pune မှ Panchshil Business Park တွင် ကြမ်းခင်းဧရိယာ ၅,၈၅၀ စတုရန်းပေ ရှိသည့် ရုံးခန်းကို ဌားရမ်းပြီး ရုံးအသစ် ဖွင့်လှစ်ပါသည်။
Tesla ၏ အိန္ဒိယလုပ်ငန်းခွဲ Tesla India Motor & Energy က ရုံးခန်းကို ငှားရမ်းခဲ့သည်။
Pune တွင် ရုံးခန်းငှားရမ်းသော်လည်း စက်ရုံကို Pune တွင် တည်ဆောက်မည်မဟုတ်ဟု ယူဆကြသည်။

Tesla သည် စက်ရုံသစ်အတွက် အိန္ဒိယနှင့် ဆွေးနွေးနေသည်။ စက်ရုံအတွက် တရုတ်မှ ပစ္စည်းပေးသွင်းသူများထံမှ ရယူလိုသည်။ 

အိန္ဒိယအာဏာပိုင်တို့က ပြည်တွင်းမှ ထုတ်လုပ်သူများနှင့် လက်တွဲပြီး ဆောင်ရွက်စေလိုသည်။ Apple နည်းတူ လုပ်ဆောင်ရန် တိုက်တွန်းသည်။

Tesla သည် အိန္ဒိယပြည်တွင်းရောင်းချရန်နှင့် ပြည်ပတင်ပို့ရန်အတွက် ကန်ဒေါ်လာ ၂၄,၀၀၀ တန် ကားများ ထုတ်လုပ်မည့် စက်ရုံတစ်ခု တည်ထောင်ရန် အိန္ဒိယနှင့် ရက်သတ္တပတ်များစွာ ဆွေးနွေးနေခဲ့သည်။
 အိန္ဒိယ-တရုတ် နှစ်နိုင်ငံအကြား ဆက်ဆံရေးတင်းမာနေခြင်းကြောင့် Tesla က တရုတ်မှ ပစ္စည်းပေးသွင်းသူများကို အိန္ဒိယမှာ လာရောက်ထုတ်လုပ်ရန် ခေါ်သွင်းဖို့ အစီအစဉ်သည် လိပ်ခဲတင်းလင်း ဖြစ်နေသည်။ အိန္ဒိယအာဏာပိုင်တို့က တရုတ်လုပ်ငန်းများသည် ပြည်တွင်းမှ လုပ်ငန်းနှင့် ဖက်စပ်လုပ်ငန်း ထူထောင်ပြီး လုပ်ကိုင်ကြရမည်ဟု ပြောကြားသည်။

အီးဗီကို ကန်ဒေါ်လာ ၂၄,၀၀၀ တန် ကားအဖြစ် ထုတ်လုပ်ရန်အတွက် ကုန်ကျစရိတ်သက်သာအောင် တရုတ်ပစ္စည်းပေးသွင်းသူများကို Tesla က အသုံးပြုလိုသည်။ အိန္ဒိယသည် အီးဗီ ထုတ်လုပ်ရေးအတွက် အဆင်သင့် မဖြစ်သေးချေ။ အိန္ဒိယမှ Tata Motors သည် အီးဗီများ ထုတ်လုပ်လျက်ရှိရာ၌ ဘက်ထရီအပါအဝင် လိုအပ်သည့် ပစ္စည်းများကို တရုတ်ပြည်မှ တင်သွင်းပြီး သုံးစွဲနေသည်။

တရုတ်ကုမ္ပဏီတစ်ခုက ရာနှုန်းပြည့် ပိုင်ဆိုင်သည့် စက်ရုံကို အိန္ဒိယတွင် ခွင့်ပြုပေးဖို့ ခဲယဉ်းသည်ဟု အိန္ဒိယမှ ပြောကြားသည်။ အိန္ဒိယသည် တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ငြင်းဆန်လေ့ရှိသည်။

BYD က ပြည်တွင်းလုပ်ငန်းနှင့် ဖက်စပ်လုပ်ငန်း ထူထောင်ထားပြီး ကန်ဒေါ်လာ ၁ ဘီလီယံတန် စက်ရုံ ရင်းနှီးမြှုပ်နှံမည့် အစီအစဉ်ကို အိန္ဒိယက ပယ်ချခဲ့သည့်အကြောင်း Myanmar Automobile Guide တွင် တင်ပြခဲ့ပါသည်။


BYD ဒေါ်လာ ၁ ဘီလီယံစက်ရုံ အဆိုပြုချက် အိန္ဒိယ အစိုးရ ပယ်ချ
https://www.automobiledirectory.com.mm/article/byd-megha-engineering.html


Apple သည် ၎င်းထံပစ္စည်းပေးသွငသည့် တရုတ်လုပ်ငန်းများကို အိန္ဒိယမှ ကုမ္ပဏီများနှင့် ဖက်စပ်လုပ်ငန်းများ ထူထောင်စေသည်။ ထို့နောက် ၎င်းတရုတ်လုပ်ငန်းများထံမှ ပစ္စည်းများ ရယူသုံးစွဲရန် ခွင့်ပြုမိန့် လျှေိာက်ထားခဲ့ရာ အတည်ပြု ခွင့်ပြုချက် ရရှိခဲ့သည်။
Tesla ကိုလည်း အလားတူ လုပ်ဆောင်ရန် အိန္ဒိယအာဏာပိုင်တို့က ပြောကြားသည်။
တရုပ်ပစ္စည်းပေးသွင်းသူသည် အိန္ဒိယကုမ္ပဏီနှင့် ဖက်စပ်လုပ်ငန်း ထူထောင်ပြီး ခွင့်ပြုမိန့် လျှောက်ထားမှသာ လုပ်ငန်း တစ်ခုချင်းအလိုက် စဉ်းစားပေးမည်ဟု အခိုင်အမာ ပြောကြားသည်။
Source Reuters 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 1239 times