အမည်ပြောင်းလဲ ပြသသည့် ကိုရီးယား Seoul Mobility Show ကားပြပွဲ


အမည်ပြောင်းလဲ ပြသသည့် ကိုရီးယား ကားပြပွဲ

တောင်ကိုရီးယားတွင် ၂ နှစ်တစ်ကြိမ် ကျင်းပသည့် ကားပြပွဲကို ယခင်က Seoul Motor Show ဟု ခေါ်တွင်ခဲ့ပြီး ယခုအကြိမ်တွင် Seoul Mobility Show ဟု အမည်ပြောင်းလိုက်သည်။
မော်တော်ကား စီးစရာယာဉ် ဟု ဆိုလိုသည်ထက် ရွေ့လျားနိုင်စွမ်းကို အသားပေးလိုက်သော အမည် ဖြစ်သည်။
ဲီဒီဇင်ဘာလ ၅ ရက်တွင် ပြီးဆုံးမည် ဖြစ်သော ၁၀ ရက်ကြာ ကျင်းပသည့် ပြပွဲတွင် မော်တော်ယာဉ်ကဏ္ဍ၏ အရွေ့အပြောင်းကို ထင်ဟပ်ထားသည်။ 
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စမတ်ကျခြင်းတို့ ပါဝင်သော ယာဉ်များကို ပြသသည်ဖြစ်ပေရာ လျှပ်စစ်မော်တော်ယာဉ်များ electric vehicles (EVs) ၊ အလိုအလျောက်မောင်းနှင်သည့် autonomous driving ယာဉ်များ ၊ မြို့ပြလေထုထဲ ရွေ့လျားနိုင်သော urban air mobility (UAM) ယာဉ်များ ပြသ ထားသည်။

ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ
၂၀၂၅မှာ ဆိုးလ်တွင် ဒရုံးတက္ကဆီ စတင်ပြေးဆွဲမည်


တောင်ကိုရီးယားတွင် မော်တော္ယာဉ် ထုတ်လုပ်သည့် လုပ်ငန်းကြီး ၅ ခု ရှိသညိ့အနက် Hyundai Motor နှင့်  Kia ကုမ္ပဏီ ၂ ခုသာ ပြသသည်။ 
ကျန်သည့် ကုမ္ပဏီ ၃ ခု ဖြစ်သော  GM Korea ၊ SsangYong ၊  Renault Samsung တို့ ပြသခွင့် မရကြချေ။ အကြောင်းမှာ ၎င်းတို့တွင် ပြသစရာ လျှပ်စ်မော်တော်ယာဉ် မော်ဒယ် မရှိသေးသောကြောင့် ဖြစ်သည်။ 

၂၀၁၉ ခုနှစ် Seoul Motor Show တွင် ကုမ္ပဏီ ၅ ခုစလုံး မြိုင်မြိုင်ဆိုင်ဆိုင် ပြသခဲ့ကြသည်။ ထုတ်လုပ်မည့် မော်ဒယ်အသစ်များကို ပွဲထုတ်ခဲ့ကြသည်။
ယခုကားပြပွဲသည် International Organization of Motor Vehicle Manufacturers (OICA) က အသိအမှတ်ပြုသည် ဖြစ်သော်လည်း ပြည်ပ ကား brand ၇ ခုသာ ပါဝင်ပြသသည်။

၎င်းတို့မှာ  Mercedes-Benz, BMW, Audi, Maserati, Mini, Porsche, Isuzu တို့ ဖြစ်သည်။

တောင်ကိုရီးယားတွင် ဂျပန်ထုတ်ကုန်များ သပိတ်မှောက်သည့် လှုံ့ဆော်လှုပ်ရှားမှုများ ပေါ်ပေါက်နေသဖြင့် ဂျပန်ကားလုပ်ငန်းမျာကး ပြပွဲကို လက်ရှောင်ကြသည်။

တောင်ကိုရီးယားနိုင်ငံ Gyeonggi ပြည်နယ်၊ Goyang တွင် တည်ရှိသည့် ၂၆,၃၁၀ စတုရန်းမီတာ ကျယ်သော KINTEX ပြပွဲခန်းမတွင် ကျင်းပသည်။
မော်တော်ယာဉ်လုပ်ငန်းကဏ္ဍမှ ကုမ္ပဏီ ခုရေ ၁၀၀ ကျော် ပါဝင်ပြသပါသည်။ ကိုဗစ်ကြောင့် ပြပွဲကျင်းပရက် အကြိမ်ကြိမ် ရက်ရွှေ့ခဲ့ရပြီး ပြသဖြစ်သည့်အခါ တရုတ်နိုင်ငံတွင် ကျင်းပသော Guangzhou Auto Show နှင့် ပြပွဲရက် တိုက်ဆိုင်နေသည်။ 
Guangzhou Auto Show တွင် ကုမ္ပဏီ ၇၀၀ ကျော် ပါဝင်ပြသသည်။
ပြပွဲရက်များ တိုက်ဆိုင်နေလျှင် အိမ်ရှင်နိုင်ငံ ကားဈေးကွက်ပိုကြီးသော ပြပွဲကို ရွေးချယ်ကြလေ့ရှိပါသည်။

Seoul Mobility Show တွင် ကမ္ဘာ့ဈေးကွက်ထဲ ပွဲဦးထွက်မည့်ကား world premiere မော်ဒယ်တစ်မျိုးသာ ပြသထားသည်။ Kia ၏ Niro HEV ဖြစ်ပါသည်။ 

 

 

Read 546 times