၂၀၂၅မှာ ဆိုးလ်တွင် ဒရုံးတက္ကဆီ စတင်ပြေးဆွဲမည်


အလုပ်အတက်အဆင်း လေထဲမှ သွားလာဖို့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ ၂၀၂၅ ခုနှစ်မှာ တကယ်ဖြစ်လာတော့မယ်လို့ သိရပါတယ်။ တောင်ကိုရီးယား အစိုးရက  မြို့ပြလေကြောင်း သွားလာမှုဆိုင်ရာ လမ်းပြမြေပုံကို ရေးဆွဲထားပြီးပြီ ဖြစ်ပါတယ်။


 မြို့ပြလေကြောင်း သွားလာမှု urban air mobility -UAM  စင်္ကြံကို ထောင်လိုက် အတက်အဆင်းလုပ်တဲ့ ဆိပ်ခံများ vertiports  ထားရှိပြီး ချိတ်ဆက်သွားလာမှာ ဖြစ်ပါတယ်။ ခရီးစဉ်တိုင်းရဲ့ အစနဲ့ အဆုံးတို့ဟာ vertiports တွေမှာပဲ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ 
ကိုရီးယား  မြို့ပြလေကြောင်း သွားလာမှု လုပ်ငန်းလည်ပတ်မှု အယူအဆ ၁.၀ (K-UAM Concept of Operations 1.0) ကို ကုန်တွင်း အခြေခံအဆောက်အအုံနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာနမှ ကြီးကြပ်ပြီး အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ လေကြောင်းတက္ကဆီများအဖြစ် ဒရုံးတက္ကဆီများကို အသုံးပြုမှာဖြစ်ပြီး အခြေခံအဆော်အအုံနဲ့ အဆင့်မြင့် နည်းပညာများကို အဆင့် သုံးဆင့်ဖြင့် အကောင်အထည်ဖော်ပေးသွားမှာ ဖြစ်ပါတယ်။ 


ပထမအဆင့် ကို ၂၀၂၅-၂၀၂၉ ကာလမှာ အကောင်အထည်ဖော်မှာ ဖြစ်ပြီး ဒရုံးတက္ကဆီကို လူယာဉ်ပျံမောင်းက ထိန်းကျောင်းမောင်းနှင်ပေးမှာ ဖြစ်ပါတယ်။ ၏
ဒုတိယအဆင့်ကို ၂၀၃၀-၂၀၃၄ ကာလမှာ ဆက်လက် အကောင်အထည်ဖော်မှာ ဖြစ်ပြီးလူယာဉ်ပျံမောင်း လိုက်ပါခြင်း မရှိဘဲ  အဝေးထိန်းစနစ်ဖြင့် ဒရုံးတက္ကဆီတွေကို ထိန်းကျောင်းပေးမှာ ဖြစ်ပေမဲ့ ဘေးကင်းလုံခြုံရေးအတွက် ဝန်ထမ်းကို ဒရုံးတက္ကဆီမှာ လိုက်ပါစေမှာ ဖြစ်ပါတယ်။ 
တတိယအဆင့်ကို ၂၀၃၅ ခုနှစ်နောက်ပိုင်းမှာ အကောင်အထည်ဖော်မှာ ဖြစ်ပြီး အလိုအလျောက် ထိန်းကျောင်းစနစ်ဖြင့် ဒရုံးတက္ကဆီတွေ ပျံသန်းကြမှာ ဖြစ်ပါတယ်။ 

ဒရုံးတက္ကဆီတွေ ပျံသန်းကြရမယ့် လမ်းကြောင်းအဖြစ် ယူအေအမ်စင်္ကြံ UAM corridor သတ်မှတ်ပေးထားမှာ ဖြစ်ပြီး မြို့ပြသယ်ယူပို့ဆောင်ရေးစနစ်တစ်ရပ် ထူထောင်ကျင့်သုံးမှာ ဖြစ်ပါတယ်။ 
ခရီးစဉ် အစနဲ့ အဆုံးမှာ တည်ရှိတဲ့ vertiports တွေအကြား ယူအေအမ်စင်္ကြံ သတ်မှတ်ပေးထားမှာ ဖြစ်ပါတယ်။ အစောပိုင်း စီးပွားဖြစ် စတင်ပြေးဆွဲတဲ့အခါ ယူအေအမ်စင်္ကြံ အရေအတွက် အနည်းငယ်ဖြင့်သာ ပြေးဆွဲမှာ ဖြစ်ပါတယ်။ ဒုတိယအဆင့်ကျမှ ယူအေအမ်စင်္ကြံ အရေအတွက် တိုးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။ ယူအေအမ်စင်္ကြံကွန်ရက်တစ်ခုအဖြစ် ဖွံ့ဖြိုးသွားမှာ ဖြစ်ပါတယ်။ 

ယူအေအမ်စင်္ကြံ သတ်မှတ်ထားတဲ့ အမြင့်က အနိမ့်ပိုင်းလေထု ဖြစ်ပြီး မြေပြင်မှ အမြင့် မီတာ ၃၀၀ မှ  ၆၀၀ အထိ ဖြစ်ပါတယ်။ vertiports တွေ မှာ ခရီးသည်တွေ အတက်အဆင်း လုပ်ကြရမှာ ဖြစ်ပါတယ်။ 

ထိန်းချုပ်မှုကို ဝန်ကြီးဌာမှ ချုပ်ကိုင်ထားမှာ ဖြစ်ပေမဲ့ ပုဂ္ဂလိကကဏ္ဍမှ လုပ်ငန်းရှင်များအနေဖြင့် အခြေခံအဆောက်အအုံ ဆောက်လုပ်ရေးနဲ့ ဝန်ဆောင်မှု ပေးအပ်ရေးတို့မှာ ပါဝင်လုပ်ကိုင်ခွင့် ရရှိမယ်လို့ ဆိုပါတယ်။ 


.bangkokpost.com
 

Read 1102 times