တရုတ်နိုင်ငံလုပ် ပရီမီယံအီးဗီများဖြင့် အမေရိကန်ဈေးကွက်သို့ ဝင်ရောက်ရန် Nio ရည်မှန်းထား


တရုတ်နိုင်ငံလုပ် ပရီမီယံအီးဗီများဖြင့် အမေရိကန်ဈေးကွက်သို့ ဝင်ရောက်ရန် Nio ရည်မှန်းထား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Nio သည် အမေရိကန်တွင် စက်ရုံတည်ဆောက်လျှင် စရိတ်ကြီးမြင့်မှုကြောင့် အမေရိကန်ဈေးကွက်အတွက် အီးဗိများကုိ တရုတ်နိုင်ငံမှာထုတ်လုပ်ပြီး အမေရိကန်သို့ တင်ပို့မည် ဖြစ်သည်။

အမေရိကန်အစိုးရသည် မြောက်အမေရိကတွင် ထုတ်လုပ်သော ဘက်ထရီ အသုံးပြုထားသော မြောက်အမေရိကတွင် ထုတ်လုပ်သည့် အီးဗီ တစ်စီး ဝယ်ယူလျှင် ဝင်ငွေခွန်တွင် အခွန်ခုနိမ်ခွင့် $7500 ကို ခံစားခွင့် ပေးအပ်သည့် မက်လုံးအစီအစဉ်ကို ပေးထားသော်လည်း ဈေးမြင့်သည့် အီးဗီများ အကျုံးမဝင်ပါ။
သို့ဖြစ်ရာ ပရီမီယံ ဈေးအမြင့်တန်း အီးဗီများ ထုတ်လုပ်သည့် Nio အနေဖြင့် အမေရိကန်တွင် စက်ရုံတည်ဆောက်ပြီး အီးဗီ ထုတ်လုပ်ရောင်းချလျှင်လည်း အီးဗီမက်လုံးတွင် အကျုံးမဝင်သဖြင့် အကြောင်းထူးမည် မဟုတ်ချေ။

အမေရိကန်အတွက် Nio ၏ စီအီးအို Ganesh Iyer က Nio သည် ၂၀၂၅ ခုနှစ်  တွင် နိုင်ငံနှင့် ဒေသပေါင်း ၁၅ ခုအထိ ချဲ့ထွင်ရန် ရည်မှန်းချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်တွင် အီးဗီများ စတင်ရောင်းချရန် ရည်မှန်းထားကြောင်း ပြောကြားသည်။


နီယိုမှ ထုတ်ပြန်သည့် အစီရင်ခံစာအရ တတိယသုံးလပတ်တွင် ကားအစီးရေ ၅၅,၄၃၂ စီး ရောင်းချခဲ့သည်။

နီယိုသည် တရုတ်ဈေးကွက်တွင် စျေးနှုန်းစစ်ပွဲအပါအဝင် ပြိုင်ဆိုင်မှုများ တိုးလာခြင်းကို ရင်ဆိုင်နေရသည်။ ဇွန်လတွင် မလွှဲမရှောင်သာ ဈေးလျှော့ပေးခဲ့ရသည်။

စျေးနှုန်းသည် အမေရိကန်ဈေးကွက်တွင်  နီယို အတွက် ပြဿနာဖြစ်နိုင်သည်။  တက်စလာ ကဲ့သို့ အမေရိကန် ပြိုင်ဖက်များ အနေဖြင့် အခွန် မက်လုံးများ ခံစားခွင့် ရရှိသဖြင့် ဈေးသက်သာနေစေသည့် အားသာချက် ရရှိထားသည်ကို နီယို ယှဉ်ပြိုင်ရမည်။

တောင်ကိုရီးယားမှ ဟွန်ဒိုင်းသည် အဆိုပါမက်လုံး အစီအစဉ် အကျုံးဝင်စေရန် အမေရိကန်တွင် အီးဗီ စက်ရုံနှင့် အီးဗီဘက်ထရ‌ီ စက်ရုံတို့ကို တည်ဆောက်နေကြောင်း Automobile Guide တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။


https://www.automobiledirectory.com.mm/article/hyundai-us-ev-and-battery-plant.html

အပြည့်အစုံ ဖတ်ရှုရန် လင့်ကို ထိပါ



Iyer က နီယိုသည် အမေရိကန်တွင် စက်ရုံထူခောင်ရန် စဉ်စားချင့်ချိန်ခဲ့ကြောင်း၊ ပြည်နယ် ၃ခုကိုပဏာမအနေဖြင့် ရွေးချယ်ခဲ့ကြောင်း၊ နောက်ဆုံးတွင် ကုန်ကျစရိတ်မြင့်မားနေမည်ဖြစ်ခြင်း၊ အစိုးရ၏ မက်လုံး မရနိုင်ခြင်း၊ နီယိုထံ ပစ္စည်းပေးသွင်းသူများကလည်း အမေရိကန်တွင် စက်ရုံ ထူထောင်ကြမည် မဟုတ်ခြင်းတို့ကြောင့် အီးဗိများကုိ တရုတ်နိုင်ငံမှာထုတ်လုပ်ပြီး အမေရိကန်သို့ တင်ပို့ရန် ဆုံးဖြတ်ချက် ချခဲ့ကြောင်း ပြောကြားသည်။
"ကျွန်တော်တို့ရဲ့ ကာတွေ ထုတ်လုပ်ဖို့ ကျွန်တော်တို့အတွက် သီးသန့်ထုတ်လုပ်ပေးနေတဲ့ ပစ္စည်းပေးသွင်းသူတွေ အများအပြား တရုတ်နိုင်ငံမှာ ရှိနေပါတယ်။ သူတိ့က ကျွန်တော်တို့အတွက် သီးသန့်ထုတ်လုပ်ပေးဖို့ အမေရိကန်မှာ လာလုပ်ကိုင်ရင် အရှုံးပေါ်ကုန်ကြလိမ့်မယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ စက်ရုံက သူတို့အားလုံးနဲ့ အလွယ်တကူ လက်လှမ်းမီတဲ့နေရာမှာ ဖြစ်နေဖို့ လိုပါတယ်"ဟု Iyer က ပြောကြားသည်။ 
တက်စလာသည် အစိုးရ အီးဗ‌ီမက်လုံး အကျုံးဝင်စေရန် ဈေးချခဲ့သည်။ နီယိုအနေဖြင့် ဈေးချပေးနိုင်မည် မဟုတ်ချေ။
Source Nikkei Asia

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1062 times