ဟွန်ဒိုင်း၏ အမေရိကန်နိုင်ငံရှိ အီးဗီစက်ရုံ အရှိန်အဟုန်မြှင့် ဆောက်လုပ်လျက်ရှိ


ဟွန်ဒိုင်း၏ အမေရိကန်နိုင်ငံရှိ အီးဗီစက်ရုံ အရှိန်အဟုန်မြှင့် ဆောက်လုပ်လျက်ရှိ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

အမေရိကန်တွင် Hyundai အဖို့ ပထမဆုံး အီးဗီ တပ်ဆင်ထုတ်လုပ်ရေး စက်ရုံနှင့် ပထမဆုံး အီးဗီဘက်ထရီစက်ရုံဖြစ်လာမည့် စက်ရုံတည်ဆောက်ရေး စီမံကိန်းတို့ကို စတင် ပန္နက်ချသည့်  တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် Hyundai က စီမံကိန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်နေကြောင်း ကြေညာခဲ့သည်။

 

ဟွန်ဒိုင်းသည် အမေရိကန်နိုင်ငံ  ဂျော်ဂျီယာပြည်နယ်တွင်  ဒေါ်လာ ၅.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး လျှပ်စစ်ကားနှင့် ဘက်ထရီစက်ရုံကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၆ ရက်တွင် စတင်တည်ဆောက်ခဲ့သည်။
တစ်နှစ်ပြည့်ချိန်တွင် ဟွန်ဒိုင်းက ဖောင်ဒေးရှင်းအပိုင်း ၉၉.၉% ပြီးစီးပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။
"ကမ္ဘာ့ ခေတ်မီဆုံး မော်တော်ယာဉ် တပ်ဆင်မှု နှင့်ဘက်ထရီ စက်ရုံ ဖြစ်လာပါမယ်" ဟု Hyundai Motor Group Metaplant America (HMGMA) မှ စီအီးအို Oscar Kwon က ပြောကြားခဲ့သည်။

ဧက ၃,၀၀၀ နီးပါး ကျယ်ဝန်းသည့် စီမံကိန်း ဧရိယာတွင် ဆောက်လုပ်ရေး လုပ်သားအင်အား ၂,၀၀၀ ဝန်းကျင်ဖြင့် လုပ်ကိုင်လျက် ရှိသည်။

စတီးဘောင်များ ၈၁% ခန့်ကို တပ်ဆင်ပြီးစီးပြီ ဖြစ်သည်။ အမိုး၊ ကြမ်းခင်းနှင့် နံရံများ စတင်ဆောက်လုပ်နေပြီဖြစ်သည်။

တည်ဆောက်ဆဲ ဟွန်ဒိုင်း၏ အမေရိကန်နိုင်ငံရှိ အီးဗီစက်ရုံနှင့် ဘက်ထရီ စက်ရုံ


စက်ရုံရှေ့ရှိ ယာဉ်များ ထားရှိရန်နေရာတွင် ကား အစီးရေ ၁,၈၇၈ စီး ထားနိုင်မည်ဖြစ်ပြီး ဆိုလာပြားများ တပ်ဆင်ထားမည်ဖြစ်ရာ 5.2 megawatts ရရှိမည်။

စက်ရုံမှ အီးဗီ အမြောက်အမြား ထုတ်လုပ်မှုကို ၂၀၂၅ ခုနှစ်တွင် စတင်မည်။ လျှပ်စစ်ဓာတ်အားကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များထံမှသာ ရာနှုန်းပြည့် ရယူမည်။

ဘက်ထရီစက်ရုံမှာ တောင်ကိုရီးယားမှ LG နှင့် ဖက်စပ်လုပ်ကိုင်သည်။

အမေရိကန်တွင် အီးဗီများ ထုတ်လုပ်ခြင်းဖြင့် သွင်းကုန်ခွန် သက်သာသည့်အပြင် အစိုးရ၏ အီးဗီထောက်ပံ့ရေး အစီအစဉ်ကို ခံစားခွင့် ရရှိမည် ဖြစ်သည်။
Source electrek 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 2299 times