ဒေဝါလီခံသည့် နေရောင်ခြည်စွမ်းအင်သုံး အီးဗီ Lightyear လုပ်ငန်း ပြန်လည် လည်ပတ်


ဒေဝါလီခံသည့် နေရောင်ခြည်စွမ်းအင်သုံး အီးဗီ Lightyear လုပ်ငန်း ပြန်လည် လည်ပတ်

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


ယခုနှစ်အစတွင် ကြွေးမြီများ မပေးဆပ်နိုင်ကြောင်း ကြေညာထားသည့် ဒတ်ခ်ျနေရောင်ခြည်စွမ်းအင်သုံး အီးဗီ ထုတ်လုပ်သူ Lightyear သည် ဒေဝါလီခံပြီး လူမွဲအဖြစ် ခံယူခြင်း ဥပဒေအရ အကာအကွယ်ယူပြီး ကြွေးပြန်ဆပ်မည့် အစီအစဉ်များ ရွှေ့ဆိုင်းထားနိုင်ခဲ့သဖြင့် ယခုအခါ ဆိုလာအီးဗီ Lightyear 2  မော်ဒယ်အသစ်ကို အမြောက်အမြား ထုတ်လုပ်ရန် လုပ်ငန်း ပြန်လည်စတင်နေပြီဖြစ်သည်။

 

 နယ်သာလန်အခြေစိုက် ကုမ္ပဏီသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ဒေဝါလီခံကြောင်း  မကြေညာမီ ပြီးခဲ့သည့်နှစ်ကုန်တွင် $250,000 တန် ယခင်မော်ဒယ်  Lightyear 0  ဆိုလာအီးဗီကို  ရက်သတ္တပတ်အနည်းငယ်ကြာ ထုတ်လုပ်ဖို့ ကြိုးပမ်းခဲ့သည်။

ယခုအခါတွင် ကုမ္ပဏီသည် ၎င်း၏ ဒုတိယမော်ဒယ်ကို ဆက်လက်လုပ်ဆောင်ရန် လုံလောက်သော အရင်းအနှီးကို စုဆောင်းထားသည်ဟု ဆိုသည်။

 

Lightyear 2 သည် Lightyear 0 ထက် ဈေးသက်သာမည်။  $40,000 ပတ်လည်ဖြင့် ရောင်းချပေးနိုင်မည်ဟု ပူးတွဲထူထောင်သူနှင့် စီအီးအို Lex Hoefsloot က ဆိုသည်။ 

ကုမ္ပဏီကို ပြန်လည်ဖွဲ့တည်ရာတွင် လုပ်ငန်းလည်ပတ်သည့် ကုမ္ပဏီ၊ မိခင်ကုမ္ပဏီ၊ ဆိုလာပြားဌာနခွဲတို့ကို တစ်လုံးတစ်စည်းတည်း ပေါင်းစည်းလိုက်ပြီး Lightyear Technologies ဟု အမည်အသစ် ပေးထားသည်။
 ယခင်က ဝန်ထမ်းဦးရေ ၆၀၀ ဝန်းကျင်ဖြင့် လုပ်ကိုင်ခဲ့ပြီး ယခု ၁၀၀ ဝန်းကျင်ဖြင့် လုပ်ကိုင်သည်။ 

 Lightyear သည် ၎င်း၏စတော့ရှယ်ယာအချို့ကို ရောင်းချမည်။  ဒေဝါလီ ခံမတည်မီပြုလုပ်ခဲ့သော Lightyear 0 သရုပ်ပြ နမူနာယာဉ်အချို့ကို လေလံတင်ရောင်းချမည်ဖြစ်ပြီး ရလာသည့် ငွေကို အရင်းအနှီးထပ်တိုးရန် နှင့် မြီရှင်များကို အကြွေး ပြန်ဆပ်ရန် သုံးစွဲမည်ဖြစ်သည်။

ယိုင်လဲကျခဲ့သော Lightyear ကို ခြေထောက်ပေါ် ပြန်ရပ်နိုင်ရန် ရင်းနှီးမြုပ်နှံသူအချို့က ပါဝင်ကူညီခဲ့ကြသည်။

Impact Investor Group (IIG) က လုပ်ငန်းပြန်စနိုင်ရန်အတွက် အရင်းအနှီး ထည့်ဝင်ခဲ့သည်။ SHV, DELA, Eikenbosch Holding, Invest-NL, BOM, LIOF ကလည်း ပြန်လည်ဖွဲ့တည်ထားသော Lightyear Technologies အတွက် Lightyear ၏ ဉာဏမူပိုင်ခွင့်ကို ကျေးဇူးပြုပေးခဲ့ကြသည်။


ယခင် ကနဦး ဖော်ပြချက်
ဆိုလာပါဝါဖြင့် မောင်းနှင်သည့် Lightyear ဒေဝါလီခံ
https://www.automobiledirectory.com.mm/article/-lightyear-enters-bankruptcy.html


Source insideevs, AutomobileGuide

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 155 times