ဆိုလာပါဝါဖြင့် မောင်းနှင်သည့် Lightyear ဒေဝါလီခံ


ဆိုလာပါဝါဖြင့် မောင်းနှင်သည့် Lightyear ဒေဝါလီခံ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Lightyear ၏ ပထမဆုံး အီးဗီ ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ပြီးနောက် နေရောင်ခြည်စွမ်းအင်သုံး မော်တော်ယာဉ်လုပ်ငန်း၏ အနာဂတ်မှာ မရေရာတော့ချေ။

ဒတ်ခ်ျ အီးဗီ လုပ်ငန်းသစ် Lightyear သည် ၎င်း၏ပထမဆုံး အီးဗီ ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ပြီးနောက် ရက်ပိုင်းအတွင်း ဒေဝါလီခံလိုက်သည်။ လူမွဲအဖြစ် ခံယူပြီး တရားရုံး အုပ်ထိန်းမှု ခံယူခြင်းကို နယ်သာလန်နိုင်ငံမှ တရားရုံးက လက်ခံခဲ့ပါသည်။

ကုမ္ပဏီသည် Lightyear 2 ကို ၂၀၂၅ ခုနှစ်မှ စတင်ကာ ဈေးကွက်သို့ ပို့ဆောင်နိုင်စေရန်အတွက် ပုံအောပြီး အာရုံစိုက်ရန်အတွက် Lightyear 0 ထုတ်လုပ်မှုကို ဆိုင်းငံ့ထားကြောင်း ကနဦးက ကြေညာခဲ့သည်။

အီးဗီလုပ်ငန်းသစ်၏ ပထမဆုံး အီးဗီမော်ဒယ် သည် ခရီးတာ ၃၈၈ မိုင်အထိ သွားနိုင်ပြီး စျေးနှုန်းမှာ  $ 260,000 ဝန်းကျင်ဖြစ်သည်။
ဖင်လန်နိုင်ငံ Valmet Automotive မှ ကန်ထရိုက် ရယူပြီး ထုတ်လုပ်သည်။

Lightyear သည် ၎င်း၏နောက်ထပ်မော်ဒယ်ကိုအာရုံစိုက်ရန်အတွက် ၎င်း၏ တစ်စိတ်တစ်ပိုင်း နေရောင်ခြည်စွမ်းအင်သုံး Lightyear 0 ဆီဒင် ထုတ်လုပ်မှုကို ရပ်ဆိုင်းထားကြောင်း Lightyear မှ ထုတ်ပြန်ကြေညာခဲ့ပြီး ရက်ပိုင်းအတွင်းမှာ ကုမ္ပဏီသည် ဒေဝါလီခံသွားခဲ့ခြင်း ဖြစ်ပါသည်။

ပထမဆုံးမော်ဒယ် ထုတ်လုပ်မှု စတင်ခဲ့ပြီး တစ်လအကြာတွင် Lightyear ကို လုပ်ငန်းလည်ပတ် လုပ်ကိုင်ပေးနေသော Atlas Technologies BV ကို Lightyear က ငွေပေးချေမှုများ ရပ်ဆိုင်းထားလိုက်ပြီဖြစ်သည်။ သို့ဖြစ်ရာ Atlas Technologies BV က ကန်ထရိုက်စနစ်ဖြင့် အီးဗီထုတ်လုပ်ပေးသော ဖင်လန်မှ Valmet Automotive သို့ ငွေပေးချေနိုင်ခြင်း မရှိတော့ချေ။


မူလက Lightyear 2 ကို ၂၀၂၅ တွင် ထုတ်လုပ်ရန် အစီအစဉ် ရေးဆွဲထားခဲ့ပါသည်။ ရောင်းဈေးနှုန်းမှာ $40,000 အောက် ဖြစ်မည်ဟု ဆိုသည်။ ကားကိုယ်ထည်မှ ဆိုလာပြားများဖြင့် လျှပ်စစ်စွမ်းအင် ထုတ်လုပ်သုံးစွဲမည်ဖြစ်သဖြင့် ခရီးတာ မိုင် ၅၀၀ အထိ သွားနိုင်မည်ဟု ဆိုသည်။
 ယခုအခါ ၎င်း Lightyear 2 ထုတ်လုပ်ဖို့မှာလည်း ‌မသေချာတော့ချေ။


Source autoweek
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 4692 times