ရုရှားတွင် ဩဂုတ်လမှာ Hyundai ၆ စီးသာ ရောင်းချနိုင်ခဲ့


ရုရှားတွင် ဩဂုတ်လမှာ Hyundai ၆ စီးသာ ရောင်းချနိုင်ခဲ့

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ဥရောပစီးပွားရေးအသင်း (AEB) ၏ တနင်္ဂနွေနေ့ စက်တင်ဘာ ၁၀) တွင် စာရင်း ထုတ်ပြန်ချက်အရ Hyundai Motor သည် ပြီးခဲ့သော ဩဂုတ်လတွင် ရုရှားနိုင်ငံမ‌ှ ရောင်းအား ထုိးကျသွားသည်။
Hyundai Motor သည် ဩဂုတ်လတွင် ကား ၆ စီးသာ ရောင်းချခဲ့ရကြောင်း အဆိုပါအသင်းမှ ပြောကြားခဲ့သည်။ ရုရှားကားအသစ်ဈေးကွက်တွင် ဈေးကွက်ဝေစု ၀.၀၁% မျှသာ ရရှိသည်။ ယမန်နှစ် ဩဂုတ်လတွင် ၂,၉၈၂ စီး ရောင်းချခဲ့သည်နှင့် နှိုင်းယှဉ်ပါက ရောင်းအား ၉၉.၉% ကျဆင်းသည်။

ဟွန်ဒိုင်းသည် ယခုနှစ် ပထမရှစ်လအတွင်း ရုရှားတွင် ကားအစီးရေ ၁၆၀၅ စီး ရောင်းချခဲ့ပြီး ယမန်နှစ်ကထက် ၉၆.၅% လျော့ကျခဲ့သည်။ ဈေးကွက်ဝေစု ၀.၄% ရရှိသည်။


ယူကရိန်းကို ရုရှားကျူးကျော်သည့် ယမန်နှစ် ဖေဖော်ဝါရီလ မတိုင်မီက Hyundai သည် စိန့်ပီတာဘတ်မြို့ရှိ ၎င်း၏ ကားစက်ရုံမှ တစ်နှစ်လျှင် အစီးရေ ၂၂၀,၀၀၀ ထုတ်လုပ် ရောင်းချခဲ့သည်။ Solaris နှင့် Creta မော်ဒယ်များ ရောင်းအား ကောင်းခဲ့သည်။ ဈေးကွက်ဝေစု အများဆုံး ရနေခဲ့သည်။
၂၀၁၂ မှစ၍ Hyundai သည် နှစ်စဉ် ကားစီးရေ ၂ သိန်းကျော် ရောင်းချခဲ့သည်။

ယူကရိန်းကို ကျူးကျော်ပြီးနောက် အနောက်နိုင်ငံများမှ ကားလုပ်ငန်းများ ရုရှားမှ ဆုတ်ခွာကြသည်။ Hyundai က ကျန်နေရစ်ပြီး ၂၀၂၂ ဇူလိုင်လအထိ ကားများ ဆက်လက်ထုတ်လုပ်ခဲ့သည်။
၂၀၂၂ ခုန‌ှစ်တွင် အစီးရေ ၄၅,၀၀၀ ရောင်းချခဲ့သည်။ 
ရောင်းအား ဆက်လက်ကျဆင်း လာခဲ့ရာ ဟွန်ဒိုင်း၏ ရုရှားစက်ရုံသည် နောက်ဆုံးတွင် လက်လျှော့လိုက်ပြီး ယခုနှစ်အတွင်း ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့သည်။ 
စက်ရုံသည် ဝမ် ၅၀၀ ဘီလီယံ(ကန်ဒေါ်လာ ၃၇၄ သန်း) အရှုံးပေါ်သည်။ 
Hyundai ၏ ဈေးကွက်ဝေစုကို ရုရှား အမှတ်တံဆိပ် LADA နှင့် တရုတ်အမှတ်တံဆိပ် Great Wall တို့ ရရှိကြသည်။


ရုရှားတွင် Great Wall ဒုတိယ အရောင်းရဆုံး အမှတ်တံဆိပ် ဖြစ်လာ
https://www.automobiledirectory.com.mm/article/-great-wall-russia-market-share.html
အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


Source koreatimes 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1147 times