ရုရှားတွင် Great Wall ဒုတိယ အရောင်းရဆုံး အမှတ်တံဆိပ် ဖြစ်လာ


ရုရှားတွင် Great Wall ဒုတိယ အရောင်းရဆုံး အမှတ်တံဆိပ် ဖြစ်လာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


Great Wall Motor သည် တရုတ်ပြည်တွင် SUV အများဆုံး ထုတ်လုပ်သည့် ကားကုမ္ပဏီ ဖြစ်ပါသည်။ ပြည်တွင်းဈေးကွက်တွင် ဈေးကွက်ဝေစု ကြီးထားနှုန်း အားပျော့နေသော်လည်း ရုရှားတွင် ဈေးကွက်ဝေစု ပိုမိုရရှိကာ အမြတ်အများဆုံး ရရှိနေသည့် ဈေးကွက် ဖြစ်လာပါသည်။

 ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် အနောက်တိုင်းနှင့် ဂျပန် ကားထုတ်လုပ်သူများ ရုရှားမှ ထွက်ခွာသွားကြသည့်အတွက် လစ်ဟာနေသည့် နေရာကို Great Wall က သိမ်းပိုက်နိုင်ခဲ့ပါသည်။

ရုရှားမှ Great Wall ၏ လက်အောက်ခံ လုပ်ငန်းဖြစ်ပြီး Great Wall မှ ရာနှုန်းပြည့် ပိုင်ဆိုင်သည့် Russia Haval Automobile Manufacturing သည် ယခုနှစ် ပထမ ၆ လတွင် လုပ်ငန်းလည်ပတ်အမြတ် ယွမ် ၁.၃၆ ဘီလီယံ (ကန်ဒေါ်လာ ၁၈၉ သန်း) ရရှိကြောင်း Great Wall က အစီရင်ခံပါသည်။ 
Great Wall သည် အင်ဂျင်ကားများ ထုတ်လုပ်နေခဲ့ရာမှ လျှပ်စစ်ကား ထုတ်လုပ်မှုဆီသို့ ကူးပြောင်းနေပါသည်။ 

Great Wall သည် ရုရှားဈေးကွက်တွင် ယခုနှစ် ပထမ ၇ လအတွင်း ၅၆,၄၀၂ စ‌ီး ရောင်းချခဲ့ပါသည်။ 

ရုရှားတွင် ရုရှားကားလုပ်ငန်း Avtovaz ၏ အမှတ်တံဆိပ် Lida သည် အရောင်းရဆုံး ဖြစ်ပြီး Great Wall သည် ဒုတိယအရောင်းရဆုံး ဖြစ်ပါသည်။

ပြင်သစ်မှ Groupe Renault ကားလုပ်ငန်းစုသည် Avtovaz တွင် ၆၇.၆၉% ပိုင်ဆိုင်ခဲ့ပြီး Avtovaz တွင် ရှယ်ယာအများစု ပိုင်ဆိုင်ကာ ထိန်းချုပ်ခွင့် ရယူထားခဲ့ပါသည်။ Renault သည် ရုရှားမှ ထွက်ခွာသည့်အခါ စတိအဖြစ် ၁ ရူဘယ်ဖြင့် ၎င်း၏ ရှယ်ယာအားလုံးကို ရောင်းချခဲ့ပါသည်။ Renault Russia လုပ်ငန်းကဏ္ဍ အကုန်လုံးကို စုစုပေါင်း ၂ ရူဘယ်ဖြင့် ရောင်းချပြီး  စွန့်လွှတ်လိုက်ပါသည်။


အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ

Renault  က ရုရှားမှ လုပ်ငန်းကဏ္ဍအကုန်လုံးကို ၂ ရူဘယ် ဖြင့် ရောင်းချ
https://www.automobiledirectory.com.mm/article/renault-sells-russia-business.html


 

ပြီးခဲ့သည့်နှစ်တွင် ကမ္ဘာ့ကားအမ‌ှတ်တံဆိပ်များ ရုရှားမှ ထွက်ခွာသွားပြီးချိန်တွင် ၎င်းတို့၏ ဈေးကွက်ဝေစုများ၏ တစိတ်တဒေသကို Great Wall ရယူနိုင်ခဲ့ပါသည်။ 
Great Wall သည် ၂၀၁၉ ခုနှစ်ကတည်းက ရုရှားတွင် ကားတပ်ဆင်ထုတ်လုပ်ရေး စက်ရြံတစ်ရုံ ရှိပါသည်။ 

အခြား တရုတ်ကားလုပ်ငန်းများလည်း ရုရှားဈေးကွက်ထဲ ဈေးကွက်ဝေစုများ ရရှိကြပါသည်။

Geely သည် ယခုနှစ် ပထမ ၇ လတွင် ၂၅,၈၈၂ စီး ရောင်းချခဲ့ပြီး စတုတ္တအများဆုံး ‌ကားရောင်းချသူ ဖြစ်လာပါသည်။ တတိယနေရာတွင် ရုရှားမှ Gaz ရပ်တည်နေပါသည်။

 Chongqing Changan, China FAW, GAC Motor တို့လည်း ရုရှားမှ ရောင်းအားမြင့်တက်ခဲ့ပါသည်။

Source Asia nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 484 times