တရုတ်ပြည်မှ Honda + GAC ဖက်စပ်လုပ်ငန်း Acura ထုတ်လုပ်မှု အပြီးအပိုင်ရပ် 


တရုတ်ပြည်မှ Honda + GAC ဖက်စပ်လုပ်ငန်း Acura ထုတ်လုပ်မှု အပြီးအပိုင်ရပ် 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

တရုတ်နိုင်ငံမှ မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း  Guangzhou Automobile Group (GAC) နှင့် ဂျပန်မှ မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း  Honda Motor နှင့် ဖက်စက်လုပ်ငန်းသည် Honda Motor ၏ ပရီမီယံအမှတ်တံဆိပ် Acura ကားများ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း အပြီးအပြတ် ရပ်ဆိုင်းကြောင်း GAC က တနင်္လာနေ့ (ဇန် ၉) မှာ ထုတ်ပြန်ကြေညာပါသည်။
GAC သည် တရုတ်နိုင်ငံရှိ Acura ကား ဝယ်ယူထားသူများအား ၎င်းဖက်စပ်လုပ်ငန်းကွန်ရက်မှတစ်ဆင့် ဝန်ဆောင်မှုများကို ဆက်လက်ပေးဆောင်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
၎င်းဖက်စပ်လုပ်ငန်းသည် Honda ၏ အခြား brand များကို ဆက်လက်ထုတ်လုပ်သွားမည် ဖြစ်သည်။

လတ်တလောလများအတွင်း ကမ္ဘာ့အကြီးဆုံးကားဈေးကွက် ဖြစ်သော တရုတ်ကားဈေးကွက်မှ ထွက်ခွာသော ပြည်ပ ကား brand များတွင် Acura သည် ဒုတိယမြောက် ဖြစ်သည်။

အောက်တိုဘာလတွင် GAC နှင့် Stellantis တို့၏ Jeep ကား ထုတ်လုပ်သည့် ဖက်စပ်လုပ်ငန်း ပိတ်သိမ်းခဲ့ကြောင်း Myanmar Automobile Guide တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ Read more 
ပြီးခဲ့သည့် ၄ နှစ်တာအတွင်း Jeep ကားများ ရောင်းအား ထိုးကျခဲ့ရာမှ ထုတ်လုပ်မှု အပြီးအပြတ် ရပ်ဆိုင်းခဲ့ပါသည်။


ဆက်စပ်ဖတ်ရှုရန် 
တရုတ်ပြည်မှ ဂျစ်ကားဖက်စပ်လုပ်ငန်း ရပ်စဲကြောင်း ကြေညာ
https://www.automobiledirectory.com.mm/article/jeep-joint-venture-china.html


GAC နှင့် Honda ဖက်စပ်လုပ်ငန်းသည် Acura ကားများကို တရုတ်ပြည်တွင် တရုတ်ပြည်တွင်းဈေးကွက်အတွက် ၂၀၁၆ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်တွင် စီးရေ ၆,၅၅၄ မျှသာ ရောင်းချရပါသည်။ သို့ဖြစ်ရာ Acura ကားများ ထုတ်လုပ်မှု အပြီးအပြတ် ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြပါသည်။
Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 3488 times