ထိုင်းအီးဗီဈေးကွက် Great Wall Motor  ရင်းနှီးမြှုပ်နှံမှု ၂ ဆ တိုးမည်


ထိုင်းအီးဗီဈေးကွက် Great Wall Motor  ရင်းနှီးမြှုပ်နှံမှု ၂ ဆ တိုးမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


.
ထိုင်းအီးဗီဈေးကွက်တွင် ထိုင်းအစိုးရ ထောက်ပံ့ကြေးကို  အီးဗီဝယ်ယူသူတိုင်း ရရှိကြသဖြင့် အီးဗီဝယ်လိုအား မြင့်တက်လာနေသဖြင့် Great Wall Motor က မော်ဒယ် ၄ မျိုး ရောင်းချရန် အစီအစဉ် ရေးဆွဲထားသည်။
.
တရုတ်နိုင်ငံမှ မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း Great Wall Motor ထိုင်း အီးဗီဈေးကွက်တွင် ဦးဆောင်နေသည့် အနေအထားကို ကာကွယ်ထိန်းသိမ်းရန်အတွက် ရင်းနှီးမြှုပ်နှံမှု ၂ ဆ တိုးရန် ဆုံးဖြတ်ထားသည်။ 
ထိုင်းအီးဗီဈေးကွက်ထဲ brand အရေအတွက် များလာသည်နှင့်အမျှ ပြိုင်ဆိုင်မှုလည်း မြင့်တက်လာနေသည်။ 
Great Wall Motor သည် ထိုင်းဈေးကွက်ထဲသို့ လွန်ခဲ့သည့် ၂ နှစ်က ဝင်ရောက်လာခဲ့ပြီး ဘတ် ၁၂ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့သည်။ အီးဗီများကို ထိုင်းနိုင်ငံတွင် တပ်ဆင်ထုတ်လုပ်သည်။ အလုပ်အကိုင် ၃,၀၀၀ ကျော် ဖန်တီးပေးခဲ့သည်ဟု Great Wall Motor (Thailand) မှ မန်နေဂျင်းဒါရိုက်တာ Narong Sritalayon က Nikkei Asia မီဒီယာကို ပြောကြားသည်။ 
.
"ထိုင်းနိုင်ငံမှာ စုစုပေါင်း ဘတ်ငွေ ၂၂.၆ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားပါတယ်။ ထိုင်းနိုင်ငံကို အရှေ့တောင်အာရှနိုင်ငံများအကြား အီးဗီ ထုတ်လုပ်မှုဗဟိုချက်ဖြစ်လာစေဖို့ တွန်းအားပေးရန်အတွက် အီးဗီ များသာမက အစိတ်အပိုင်းများနှင့် အီးဗီ အခြေခံအဆောက်အအုံများကိုလည်း လုပ်ဆောင်သွားပါမယ်" ဟု ၎င်းက ပြောကြားသည်။ 
.
 Great Wall Motor သည် ၂၀၂၀ တွင် ထိုင်းနိုင်ငံသို့ ဝင်ရောက်ခဲ့သည်။ General Motors ၏ မော်တော်ယာဥ်တပ်ဆင်စက်ရုံကို  ဝယ်ယူခဲ့သည်။ ယခုနှစ်တွင် ၁၁,၇၉၆ စီး ရောင်းချခဲ့ပြီးပြီ ဖြစ်သည်။  ထိုင်းစက်မှုလုပ်ငန်းများ အဖွဲ့ချုပ် Federation of Thai Industries FTI ၏  ကြိုတင်ခန့်မှန်းချက်ထက် ကျော်လွန်သွားသည်။  ၂၀၂၁ ခုနှစ်တွင် အသင်းချုပ်က အီးဗီ brand အားလုံး၏ စုစုပေါင်း ရောင်းအားသည် ၂၀၂၂ ခုနှစ်တွင် စီးရေ ၁၀,၀၀၀ ဝန်းကျင် ရှိမည်ဟု ကြိုတင်ခန့်မှန်းခဲ့သည်။ 

TMB Thanachart Bank မှ TTB Analytics ဌာနခွဲက ထိုင်းတွင် အီးဗီရောင်းအားသည် ယခုနှစ်ကုန်တွင် စီးရေ ၆၃,၆၀၀ ရှိလိမ့်မည်ဟု ခန့်မှန်းထားသည်။ 
.
ယခုနှစ် ၂၀၂၂ ပထမ ၉ လဖြစ်သည့် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ထိုင်းဈေးကွက်တွင် Great Wall သည် ကားစီးရေ ၈,၀၉၄ ရောင်းချခဲ့သည်။ လူကြိုက်များသည့် မော်ဒယ် ၂ ခုမှာ ဟိုက်ဘရစ် SUV အငယ်စား HAVAL H6 နှင့် အီးဗီ Ora Good Cat တို့ ဖြစ်ပါသည်။ ၎င်းမော်ဒယ်နှစ်ခုကြောင့် Great Wall သည် ထိုင်းဈေးကွက်တွင် အီးဗီအများဆုံး ရောင်းချသူ ဖြစ်လာခဲ့သည်။
Great Wall Motor သည် အားသွင်းရုံ ကွန်ရက်ကို ဘန်ကောက်တွင် စတင်ထူထောင်နေသည်။ ၂၀၃၀ တွင် အားသွင်းရုံ ခုရေ ၁၂,၀၀၀ ကို ထိုင်းနိုင်ငံတစ်လွှား ထားရှိဖို့ ရည်မှန်းထားသည်။


အီးဗီအားသွင်းရုံကွန်ရက်ကို GWM က PTT နှင့် ပူးပေါင်းဆောင်ရွက်

https://www.automobiledirectory.com.mm/article/gwm-partners-with-ptt-to-build-ev-charger-network.html


အဝယ်လိုက်သဖြင့် Great Wall Motor က နောက်နှစ်တွင် အီးဗီမော်ဒယ် ၄ မျိုးကို ထိုင်းဈေးကွက်တွင် ရောင်းချမည်ဟု Narong က ပြောကြားသည်။
မော်တော်ယာဉ် ထုတ်လုပ်မှုကိုလည်း အဆင့်မြှင့်တင်မည်။ ရရောင်းပြည်နယ်ရှိ ၎င်း၏ စက်ရုံကို စမတ်စက်ရုံအဖြစ်သို့ ပြောင်းလဲမည်။ အာဆီယံအတွက် ထုတ်လုပ်မှု အချက်အချာအဖြစ် အသုံးပြုမည် ဖြစ်သည်။ ၎င်း စက်ရုံသည် တစ်နှစ်လျှင် စီးရေ ၈ သောင်း ထုတ်လုပ်နိုင်ကြောင်း Narong က ပြောကြားသည်။
.
"ထုတ်လုပ်မှုရဲ့ ၆၀ ရာခိုင်နှုန်းလောက်က ပြည်တွင်းရောင်းချဖို့ ဖြစ်ပြီးကျန် ၄၀ ရာခိုင်နှုန်းကို ပြည်ပ တင်ပို့ပါမယ်" ဟု ၎င်းက ပြောကြားသည်။
Source Asia Nikkei 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 1191 times