အီးဗီအားသွင်းရုံကွန်ရက်ကို GWM က PTT နှင့် ပူးပေါင်းဆောင်ရွက်


အီးဗီအားသွင်းရုံကွန်ရက်ကို GWM က PTT နှင့် ပူးပေါင်းဆောင်ရွက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တရုတ်နိုင်ငံမှ မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း Great Wall Motor (GWM)  ထိုင်းနိုင်ငံမှာ အာသွင်းရုံများ ထူထောင်ဖို့အတွက် ထိုင်းနိုင်ငံမှ  PTT Oil and Retail Business Plc. နှင့် အတူပူပေါင်းလုပ်ကိုင်ကြမှာ ဖြစ်ပါတယ်။ "ဘဝစတိုင်ဧရိယာ" များမှာ လျှပ်စစ်မော်တော်ယာဉ်များအတွက် အားသွင်းရုံများ ထားရှိပေးမှာ ဖြစ်ပါတယ်။ 

"ဘဝစတိုင်ဧရိယာများ" ဆိုတာ  လူအများ ဈေးဝယ်ရန်၊ စားသောက်ရန်၊ အလုပ်ကိစ္စ စီးပွားရေးအတွက် ဆောင်ရွက်ရန် သွားလေ့သွားထရှိတဲ့ နေရာတွေကို ဆိုလိုပြီး ဈေးဝယ်စင်တာများ၊ ကုန်တိုက်များ၊ အချိန်ကြာကြာ ထိုင်စားကြတဲ့ စားသောက်ဆိုင်ကြီးများ၊ ဟိုတယ်များ အစရှိသည်တို့ ပါဝင်ပါတယ်။ 

GWM  က အစပျိုးစမ်းသပ်မှုများအဖြစ် 120-kilowatt DC  အားသွင်းရုံများ ထားရှိမှာ ဖြစ်ပြီ ၎င်းအားသွင်းရုံများကို "EV Station Pluz" လို့ အမည်ပေးထားကြောင်း Great Wall Motor (Thailand) မှ ညွှန်ကြားရေးမှူးချုပ် Narong Sritalayon က ပြောကြားပါတယ်။ 
ယခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ အားသွင်းရုံ ၅၅ ရုံအထိ ထားရှိဖို့ GWM  က အစီအစဉ် ရေးဆွဲထားပါတယ်။  အားသွင်းရုံများအတွက်  trademark အဖြစ် “EV Station PluZ I GWM”  ကို မူပိုင်ခွင့် မှတ်ပုံတင်ထားပြီးပြီ ဖြစ်ပါတယ်။ 
အီးဗီ ပိုင်ရှင်များအနေဖြင့် အားသွင်းရုံ နေရာများ ကျယ်ကျယ်ပြန့်ပြန့် ရှိနေမှ အီးဗီ စီးဖို့ အဆင်ပြေကြမှာ ဖြစ်တဲ့အတွက် အားသွင်းရုံ ကွန်ရက်ကို ထူထောင်နေတာ ဖြစ်ပါတယ်လို့  Narong Sritalayon က ပြောကြားပါတယ်။ 
Source bangkokpost
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 5626 times