ဂျပန်အတွက် လျှပ်စစ်ဘတ်စ်ကားများတွင် အဆိပ်ဓာတုပစ္စည်းများကို အသုံးပြုကြောင်း BYD အသိအမှတ်ပြု


ဂျပန်အတွက် လျှပ်စစ်ဘတ်စ်ကားများတွင် အဆိပ်ဓာတုပစ္စည်းများကို အသုံးပြုကြောင်း BYD အသိအမှတ်ပြု

TO GET INSTANT UPDATE 
Join Telegram Channel 

https://t.me/Guid4U

BYD သည် ဂျပန်နိုင်ငံအတွက် လျှပ်စစ်ဘတ်စ်ကားများတွင် အဆိပ်ဖြစ်စေသော ဓာတုပစ္စည်းများကို အသုံးပြုကြောင်း အသိအမှတ်ပြုခဲ့ပြီး ၎င်းအဆိပ်ဓာတုပစ္စည်း hexavalent chromium သည် ကျန်းမာရေးအတွက် အန္တရာယ်မရှိသော်လည်း အသုံးပြုမှု ရပ်ဆိုင်းမည်ဖြစ်ကြောင်း BYD က ပြောကြားခဲ့သည်။


ယခင်ဖော်ပြချက်

အဆိပ်ရှိဓာတုဆေး အသုံးပြုမှုကြောင့် BYD တင်သွင်းမယ့် လျှပ်စစ်ဘတ်စ်ကားတွေကို Hino ပယ်ချ

https://www.automobiledirectory.com.mm/article/-byd-hino.html


“ပုံမှန်အားဖြင့် မော်တော်ယဉ်များ ထုတ်လုပ်ပြီးနောက်ပိုင်းတွင် ခရီးသည်များ၊ ယာဉ်မောင်းများ၊ ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်းများကို ထိခိုက်မည်မဟုတ်ပါ။" ဟု BYD Japan ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အဆိပ်ဓာတုပစ္စည်းပါသည့် ယာဉ်များကို မစွန့်ပစ်မီ အဆိပ်ပြယ်အောင် စီမံဆောင်ရွက်မည်ဖြစ်ရာ ၎င်းယာဉ်များ စွန့်ပစ်ခြင်းကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်မှု ရှိမည်မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

လျှပ်စစ်ဘတ်စ်ကားငါးစီးတွင် နပ်များ၊ ဘို့များကဲ့သို့သော အစိတ်အပိုင်းများ သံချေးမတက်စေရန်အတွက် စီမံရာတွင် hexavalent chromium သုံးစွဲခဲ့ကြောင်း BYD Japan မှပြောကြားခဲ့သည်။

 

ကုမ္ပဏီသည် ဇန်နဝါရီလကုန်တွင် ဂျပန်နိုင်ငံ၌ ရောင်းချခဲ့သည့် လျှပ်စစ်အိမ်စီးကားများအတွက် အစိတ်အပိုင်းများတွင်လည်း hexavalent chromium အသုံးပြုခြင်း ရှိ၊ မရှိကို ကုမ္ပဏီက ဆန်းစစ်နေသည်။

 

ဂျပန်ဈေးကွက်တွင် နှစ်ကုန်အထိ ရောင်းချမည့် လျှပ်စစ်ဘတ်စ်ကားများ ထုတ်လုပ်ရာတွင် hexavalent chromium သုံးစွဲမည် မဟုတ်ကြောင်းလည်း ကုမ္ပဏီက ပြောကြားသည်။

 

ဂျပန် မော်တော်ယာဉ် ထုတ်လုပ်သူများ အသင်း Japan Automobile Manufacturers Association က hexavalent chromium ကို ၂၀၀၈ ခုနှစ်တွင် မိမိသဘောဆန္ဒဖြင့် ပိတ်ပင်ခဲ့ပြီး ကားများ ထုတ်လုပ်ရာတွင် သုံးစွဲခြင်း မပြုချေ။

ဥရောပသမဂ္ဂကလည်း အိမ်စီးကားများတွင် သုံးစွဲခြင်းမပြုရန် တားမြစ်ပိတ်ပင်ထားပါသည်။

Source Asia Nikkei 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 179 times