အဆိပ်ရှိဓာတုဆေး အသုံးပြုမှုကြောင့် BYD တင်သွင်းမယ့် လျှပ်စစ်ဘတ်စ်ကားတွေကို Hino ပယ်ချ


 

တရုတ်ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ BYD က Hino Motor အတွက် အသေးစားလျှပ်စစ်ဘတ်စ်ကားတွေ ထုတ်လုပ်ဖြန့်ချီပေးဖို့ စီစဥ်နေပြီး ဂျပန်စက်မှုလုပ်ငန်းတွေမှာ အသုံးပြုခွင့် ပိတ်ပင်ထားတဲ့ အဆိပ်ရှိတဲ့ ဓာတုပစ္စည်းတွေ အသုံးပြုနေတဲ့အတွက် Hino Motor က ပယ်ချလိုက်တယ်လို့ Nikkei Asia သတင်းဌာနမှာ ဖော်ပြထားပါတယ်။ 

 

အဲ့ဒီ Poncho Z လို့ ခေါ်တဲ့ အသေးစားဘတ်စ်ကားတွေကို မတ်လအကုန်မှာ Hino Motor ကို လွှဲပြောင်းပေးမှာဖြစ်ပြီး ဒီဘတ်စ်ကားတွေကို တည်ဆောက်တဲ့အချိန်မှာ Hexavalent Chromium ကို အသုံးပြုထားတယ်လို့ ယခုကိစ္စနဲ့ နီးစပ်သူထံက သိရှိရပါတယ်။ 

 

Hino Motor က ယခုကိစ္စနဲ့ ပတ်သက်ပြီး ဂျပန်ဈေးကွက်ထဲကို ထိုင်ခုံ ၃၀ ပါတဲ့ လျှပ်စစ်ဘတ်စ်ကားတွေ တင်သွင်းမယ့် အစီအစဥ်ကို စွန့်လွှတ်လိုက်တော့မယ်လို့ လွန်ခဲ့တဲ့တစ်ပတ်က ပြောကြားခဲ့ပါတယ်။ 

 

BYD က Ponchon Z EV တွေကို မူရင်းပစ္စည်း ထုတ်လုပ်သူ စာချုပ်အရ  Hino အတွက် ထုတ်လုပ်ဖြန့်ချီပေးဖို့ စီစဥ်ထားပြီး နဂိုက ၂၀၂၂ ခုနှစ် နွေဦးမှာ ဖြန့်ချီမှာဖြစ်ပေမယ့် အရည်အသွေးပိုင်းဆိုင်ရာမှာ ၂၀၂၂ ခုနှစ်အဆုံးပိုင်း ဘဏ္ဍာရေးကြောင့် နောက်ကျခဲ့တာ ဖြစ်တယ်လို့ Hino Motor ဘက်က ပြောပါတယ်။ 

 

Hino က အသေးစားဘတ်စ်ကား ထုတ်လုပ်ရေးမှာ ဓာတုပစ္စည်း အသုံးမပြုဖို့ BYD နဲ့ ညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှု မရခဲ့ပါဘူး။

 

Advertisement 

Click Here >>> Great Modern

 

ဂျပန်ဈေးကွက်ကို ဖြန့်ချီပေးမယ့် လျှပ်စစ်ဘတ်စ်ကားတွေက လိုအပ်တဲ့ ဥပဒေတွေ စံချိန်စံညွန်းတွေနဲ့ ကိုက်ညီတယ်လို့ BYD က Nikkei Asia သတင်းဌာနကို ပြောကြားခဲ့ပြီး Hexavalent Chromium အသုံးပြုမှုအကြောင်း မေးမြန်းမှုကိုတော့ ပြန်လည် ဖြေကြားခဲ့ခြင်း မရှိပါဘူး။ 

 

BYD က Hino ရဲ့ Model ကို အခြေခံပြီး ဂျပန်မှာ လျှပ်စစ်ဘတ်စ်ကား ၄ မျိုး ရောင်းချလျက်ရှိပြီး ယခုအဖြစ်အပျက်က ဘတ်စ်ကားလုပ်ငန်းရှင် တော်တော်များများကို အစီအစဥ်တွေ ပြောင်းလဲစေခဲ့ပါတယ်။ 

 

Hexavalent Chromium အသုံးပြုမှုကို ဂျပန်ဥပဒေတွေမှာ မပိတ်ပင်ထားပေမယ့် Japan Automobile Manufacturers Association (JAMA) ရဲ့ ဆန္ဒအလျှောက် တားမြစ်ထားတဲ့ ပစ္စည်းစာရင်းမှာ ပါဝင်နေပါတယ်။ 

 

Hexavalent Chromium က သံချေးတိုက်စားခြင်းတွေအတွက် ခုခံနိုင်စွမ်းကောင်းတဲ့အပြင် အခြားသော ဂုဏ်သတ္တိတွေကြောင့် အရင်က ကားပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းတွေမှာ  တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ပေမယ့် ဒီဓာတုပစ္စည်းက အလွန်အဆိပ်ရှိပြီး ကင်ဆာဖြစ်စေနိုင်တဲ့ Carcinogen ဖြစ်တဲ့အတွက် JAMA က ၂၀၀၈ ခုနှစ်မှာ စတင်တားမြစ်ခဲ့ပြီး ဂျပန်က ထုတ်လုပ်တဲ့ ကားအသစ်တွေမှာ အဲ့ဒီနှစ်ကစပြီး ပါဝင်လာခြင်း မရှိတော့ပါဘူး။ 

 

ဥရောပသမဂ္ဂကလည်း ခရီးသည်ယာဥ်တွေအတွက် အသုံးပြုခွင့် ပိတ်ပင်ထားပါတယ်။ Hino Motor က JAMA အဖွဲ့ဝင်ဖြစ်တဲ့အတွက် အသုံးပြုခွင့်မရှိပေမယ့် BYD က JAMA အဖွဲ့ဝင်မဟုတ်ပါဘူး။

 

ဂျပန်ကားတင်ပို့ရောင်းချသူတွေကလည်း ဥရောပ၊ US နဲ့ တောင်ကိုရီးယားက ကားထုတ်လုပ်သူတင်ပို့တဲ့ အထဲမှာ Hexavalent Chromium အသုံးပြုမှုရှိမရှိ စစ်ဆေးတင်ပို့ကြပြီး ၂၀၁၇ ခုနှစ်အတွင်းမှာ ပြည်ပမှာ ထုတ်လုပ်ထားတဲ့ မော်တော်ဆိုင်ကယ်မှာ အသုံးပြုထားကြောင်း  တွေ့ရှိခဲ့တာကြောင့် အဲ့ဒီပစ္စည်းကို ပြန်လည်တင်ပို့ခဲ့ပါတယ်။  

 

Keihan တွင်အသုံးပြုနေသော လျှပ်စစ်ဘတ်စ်ကား

 

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဂျပန်ဘတ်စ်ကားကုမ္ပဏီတွေဟာ အရေးယူမှုတွေ စတင်လုပ်ဆောင်နေကြပါတယ်။ Saitama ခရိုင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Seibu Bus က ဗုဒ္ဓဟူးနေ့ BYD လျှပ်စစ်ဘတ်စ်ကား မိတ်ဆက်ပွဲမှာ BYD ကားတွေကို Tokyo နဲ့ Saitama မှာ အသုံးပြုမယ့် အစီအစဥ်ကို တရားဝင်ပယ်ဖျက်လိုက်တဲ့ အကြောင်း ကြေညာခဲ့ပါတယ်။ Seibu Bus ဟာ BYD ကားတွေနဲ့ ယခုမှ ပထမဆုံးလည်ပတ် အသုံးပြုရမှာဖြစ်ပြီး ဓာတုပစ္စည်း အသုံးပြုမှုကိစ္စကို သေချာစစ်ဆေးသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ 

 

Kyoto ကရှိတဲ့ Keihan Bus ကလည်း BYD မှ လျှပ်စစ်ဘတ်စ်ကား ၄ စီး ဝယ်ယူခဲ့မိပြီး နောက်ထပ်ဝယ်ယူဖို့အတွက် သေချာ စဥ်းစား ဆုံးဖြတ်ရတော့မှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး BYD ရဲ့ Poncho Z EV ကို ဝယ်ယူဖို့ စီစဥ်ခဲ့တဲ့ Ehime ခရိုင် ကဘတ်စ်ကားလုပ်ငန်းကလည်း ၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ တခြားမတူတဲ့ လျှပ်စစ်ဘတ်စ်ကားကို ဝယ်ယူဖို့ စီစဥ်နေတယ်လို့ ပြောခဲ့ပါတယ်။

 

BYD ရဲ့ လျှပ်စစ်ဘတ်စ်ကားတွေက ဂျပန်မှာ နာမည်ကြီးနေတာဖြစ်ပြီး လတ်တလောမှာ အစီးရေ ၈၀ အသုံးပြုလျက် ရှိပါတယ်။ ဒါ့အပြင် BYD က ဂျပန်လျှပ်စစ်ဘတ်စ်ကား ဈေးကွက်ကိုလည်း ၇၀% အထိ နေရာယူထားတာလည်း ဖြစ်ပါတယ်။

Read 947 times