လမ်းကြမ်းမောင်း BYD Fang Cheng Bao Bao 5 ဈေးစဖွင့် ကြိုတင်အမှာစာ စတင်လက်ခံ


လမ်းကြမ်းမောင်း BYD Fang Cheng Bao Bao 5 ဈေးစဖွင့် ကြိုတင်အမှာစာ စတင်လက်ခံ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

ဩဂုတ်လ 25 ရက်နေ့တွင် Fang Cheng Bao သည် ၎င်း၏ ပထမဆုံးကားကို ဈေးစဖွင့်ပြီး ကြိုတင်မှာကြားသူများကို စတင် ရောင်းချခဲ့သည်။ Bao 5 ( 豹5) (အင်္ဂလိပ်အမည်  Leopard 5 ) မော်ဒယ်သည် ပလပ်ထိုး အားသွင်း ဘက်ထရီ အင်ဂျင် နှစ်မျိုးစပ် ဟိုက်ဘရစ် အကြမ်းခံ လမ်းကြမ်းမောင်း SUV  ဖြစ်ပြီး ဈေးနှုန်းမှာ ယွမ် ၃သိန်း - ၄ သိန်း  (41,200 – 54,900 USD) ဖြစ်ပါသည်။ 
ကြိုတင်အမှာစာ တင်လို့ပါက ယမ် ၁,၀၀၀ စရန်သတ်ရမည် ဖြစ်ပြီး ကားဖိုး ငွေအပြည့်ချေသည့်အခါ စရန်ငွေ ၁,၀၀၀ ကို ၃,၀၀၀ ဟု တွက်ချက်ပေးမည် ဖြစ်သည်။ 

Fang Cheng Bao သည်  BYD ၏ တတိယမြောက် အမှတ်တံဆိပ် တစ်ခု ဖြစ်သည်။ ယခင်က Denza နှင့်  Yangwang အမှတ်တံဆိပ်များကို စတင်သုံးစွဲခဲ့သည်။ 
Fang Cheng Bao သည် Denza နှင့် Yangwang ကြား အလယ်အလတ် ပရီမီယံအမှတ်တံဆိပ်တစ်ခုအဖြစ် နေရာယူထားပါသည်။
သို့ဖြစ်ရာ Bao 5  ဈေးနှုန်းသည် Denza  ထက် များပြီး Yangwang  ထက် နည်းမည်ဟု ခန့်မှန်းခဲ့ကြပါသည်။ ယွမ် ၄ သိန်း- ၆ သိန်း အတွင်း ရှိမည်ဟု ခန့်မှန်းခဲ့ကြသည်။ ယခု ဈေးဖွင့်သောအခါ  ဈေးအနိမ့်ဆုံး ဗားရှင်းသည်ယွမ် ၃ သိန်း ဖြင့် စတင်ပါသည်။  Denza  နှင့် ဈေးအတန်းအစား တူနေပါသည်။ Denza  အမှတ်တံဆိပ်သည် ပရီမီယံ မြို့တွင်းစီး crossover အဖြစ် ရပ်တည်ထားပြီး Fang Cheng Bao က တကယ့် off-road SUV အဖြစ် ရပ်တည်ပါသည်။

 

 

 


Bao 5  သည် Fang Cheng Bao ၏ ပထမဆုံး မော်ဒယ် ဖြစ်ပြီး နောက်ထပ် မော်ဒယ် ၂ ခု ထပ်ထုတ်ရန် စီစဉ်ထားသည်။ မော်ဒယ်တစ်ခုမှာ အရွယ်အစား အကြီးစား SUV ဖြစ်သည့် Super 8  ဖြစ်သည်။ ကျန်မော်ဒယ်မှာ Bao 3 ဖြစ်ပြီး အချက်အလက်များ အသိပေးခြင်း မရှိသေးပါ။
ယခင်က မီဒီယာတို့က တရုတ်အမည်ကို ဘာသာပြန်ဆိုပြီး Leopard 5 ဟု သုံးနှုန်းခဲ့ကြပါသည်။ 

 ယခုအခါ BYD နိုင်ငံတကာအမည်မှာ Leopard 5  မဟုတ်ဘဲ Bao 5 ဟု ခေါ်ဝေါ်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။  

 


BYD ဖော်မြုလာကျားသစ် ပထမဆုံး အရောင်းပြခန်း ဖွင့်လှစ်ရန် အသင့်ဖြစ်
https://www.automobiledirectory.com.mm/article/byd-formula-leopard.html


 

 

Bao 5 သည် BYD ၏ ပလက်ဖောင်းအသစ် ဖြစ်သော  DMO ပလက်ဖောင်းပေါ်တွင် တည်ဆောက်ထားပါသည်။ 

Bao 5 သည် ဗိုက်အမြင့် 310 mm ရှိပါသည်။ ဒီဇိုင်းကို ယခင်က ဂျာမန်ကားလုပ်ငန်း Audi  တွင် လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ပြီး ယခုအခါ BYD ၏ ကမ္ဘာလုံးဆိုင်ရာ ဒီဇိုင်း ဒါရိုက်တာ ဖြစ်သူ Wolfgang Joseph Egger က ဒီဇိုင်း ထုတ်ပေးထားပါသည်။ 
ဆီစားနှုန်းမှာ 7.8L/100 km ဖြစ်ပါသည်။ ဘက်ထရီ အားအပြည့်၊ ဆီတိုင်ကီတွင် ဆီအပြည့် ဆိုပါက ခရီးတာ ၁၂၀၀ ကီလိုမီတာအထိ သွားနိုင်မည် ဖြစ်ပါသည်။ 
နောက်တွဲ ချိတ်ပြီးဆွဲမည် ဆိုပါက ၂ တန်ခွဲ အလေးချိန်အထိ ဆွဲနိုင်ပါသည်။ 

4WD SUV  ဖြစ်ပြီး လျှပ်စစ်မော်တာနှစ်လုံး တပ်ဆင်ပေးထားသည်။ မော်တာနှစ်လုံးနှင့် အင်ဂျင်တို့ စုစုပေါင်း ပါဝါ  500 KW (680 HP) အထိ ထုတ်ပေးနိုင်သည်။ 
အင်ဂျင်မှာ BYD Seal DM-i. တွင် သုံးစွဲသည့်  1.5L Xiaoyun ICE ဖြစ်ပါသည်။ 
0-100 km/h ကို ၄.၈ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်ပါသည်။

ယာဉ်အတွင်းမှာ  ပြင်သစ်မှ အထက်တန်းစား အသံပစ္စည်း ထုတ်လုပ်သူ Devialet. ၏  ၁၈ လက်မ မော်တော်ယာဉ်သုံး စပီကာများ အသုံးပြုထားပါသည်။ 

 

 

 

Fang Cheng Bao ၏ နောက်ထပ် မော်ဒယ် Super 8 Concept  ကို Chengdu Motor Show တွင် ပြသထားပါသည်။ 


Source carnewschina

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 706 times