BYD ဖော်မြုလာကျားသစ် ပထမဆုံး အရောင်းပြခန်း ဖွင့်လှစ်ရန် အသင့်ဖြစ်


BYD ဖော်မြုလာကျားသစ် ပထမဆုံး အရောင်းပြခန်း ဖွင့်လှစ်ရန် အသင့်ဖြစ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


BYD က brand အသစ် Fang Cheng Bao ရဲ့ လိုဂိုကို မကြာသေးခင်က ထုတ်ဖော်ပြသခဲ့ပါတယ်။
ယခုအခါ တရုတ်ပြည်မှာ Fang Cheng Bao ရဲ့ ပထမဆုံး အရောင်းပြခန်း ဖွင့်လှစ်ရန် အသင့်ဖြစ်နေပါပြီ။ ပြခန်းရဲ့ နံရံအပြင်ဘက်မှာ လိုဂိုကို မြင်တွေ့နိုင်ပါတယ်။

 

 


Fang Cheng Bao ရဲ့ ပထမဆုံးကား Leopard 5 (Bao 5) ကို ရောင်းချမယ့် အရောင်းပြခန်း ဖြစ်ပါတယ်။ နောက်လ (ဩဂုတ်လ)မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ 

 

Fang Cheng Bao လိုဂို

 

Fang Cheng Bao အမည်ရဲ့ အဓိပ္ပာယ်က ဖော်မြူလာ ကျားသစ် “Formula Leopard” ဖြစ်ပါတယ်။
လိုဂို ဒီဇိုင်းကို ဂရပ်မျဉ်း ၂ ကြောင်းဖြင့် ပုံဖော်ထားပါတယ်။ လိုဂို အလယ်မှာ Möbius ကွင်း တခု ရှိနေပါတယ်။

Möbius ကွင်းမှာ ထူးခြားချက်တွေ ရှိတဲ့အနက် ထူးခြားချက်တစ်ခုက ကွင်းရဲ့ အတွင်း မျက်နှာပြင်တစ်လျှောက် သွားတဲ့သူဟာ အလိုလို အပြင် မျက်နှာပြင်ကို ရောက်သွားစေတဲ့ အလိမ်တချက် ပါနေတဲ့ကွင်း ဖြစ်ပါတယ်။ 
အပြင်မျက်နှာပြင် ရောက်သွားပြီး ကွင်းအပြင်မျက်နှာပြင်တလျှောက် သွားတဲ့သူဟာ အတွင်း မျက်နှာပြင်ကို ရောက်သွားပါတယ်။
Möbius ကွင်းဟာ လုပ်ငန်း အမည်မှ ဖော်မြူလာကို ကိုယ်စားပြုပါတယ်။

လုပ်ငန်း အမည်မှ ကျားသစ်ကိုတော့ လိုဂိုအနားသတ် မျဉ်းကွေးရဲ့ ပုံပန်းသဏ္ဌာန်ဖြင့် ကိုယ်စားပြုထားပါတယ်။


 

 

ကျားသစ်ရဲ့ ခွန်အား၊ ကျားသစ်ရဲ့ သွက်လက်မြန်ဆန်မှု ဂုဏ်သတ္တိတွေ Fang Cheng Bao ရဲ့ ကားတွေမှာ ပါလာမှာ ဖြစ်ပါတယ်။ လိုဂိုရဲ့ ထိပ်နှစ်ဘက်မှာ မြားဦးချွန်တွေက လေကိုခွင်းပြီး လျင်မြန်စွာ ရွေ့လျားသွားတာကို ကိုယ်စားပြုပါတယ်။
Fang Cheng Bao ဟာ BYD ရဲ့ brand တခု ဖြစ်ပေမဲ့ BYD မပါဘဲ သီးခြားရပ်တည်သွားမှာ ဖြစ်ပါတယ်။ 


ပထမဆုံးမော်ဒယ် Bao 5 ရောင်းဈေး ယွမ် ၄ သိန်းနှင့် ၆ သိန်းကြား (55,300 – 83,000 USD) ဖြစ်ပါတယ်။

Leopard 5 (Bao 5) က ပလပ်ထိုးဟိုက်ဘရစ်  SUV ဖြစ်ပါတယ်။  0 - 100 km/h ကို ၄ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်ပါတယ်။ 

Source: Weibo, Weibo Fang Cheng Bao
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 487 times