'သက်တမ်းရင့်များကို ဖြိုဖျက်ဖို့ တရုတ်ကားထုတ်လုပ်သူများ စည်းလုံးစို့' ဟု BYD ပြောကြား


'သက်တမ်းရင့်များကို ဖြိုဖျက်ဖို့ တရုတ်ကားထုတ်လုပ်သူများ စည်းလုံးစို့' ဟု BYD ပြောကြား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 


တရုတ်နိုင်ငံ၏ အရောင်းရဆုံး ကားထုတ်လုပ်သူ BYD မှ  'လုပ်ငန်းများ စည်းလုံးကြပြီး ကမ္ဘာ့စျေးကွက်၏ “အစဉ်အလာရှိ သက်တမ်းရင့် ကားလုပ်ငန်းကို ဖြိုချရန်” ဟူသော မျိုးချစ်စိတ်ဖြင့် ကြွေးကြော်သံသည် ပျံ့နှံ့သွားခဲ့ပြီး ပွဲဆူသွားစေခဲ့သည်။ 


BYD က အစီးရေ ၅ သန်းမြောက်ကား ထုတ်လုပ်မည်ဟု ကြေညာ
https://www.automobiledirectory.com.mm/article/byd-5-million.html


 

 BYD သည် စီးရေ ငါးသန်းမြောက် ကားထုတ်လုပ်သည့် အခမ်းအနားတွင် ပိုကြီးမားသော ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံသည် ကမ္ဘာ့ မော်တော်ကားထုတ်လုပ်မှု အင်အားကြီးနိုင်ငံအဖြစ် ပေါ်ထွန်းလာစေရေး” ကို ရည်ရွယ်ရမည်ဟု BYD က ပြောကြားခဲ့သည်။

"တရုတ် brand တွေအတွက် အချိန်ကျရောက်လာပြီလို့ ကျွန်တော်ယုံကြည်ပါတယ်"ဟု BYD တည်ထောင်သူ နှင့် ဥက္ကဋ္ဌ Wang Chuanfu က အခမ်းအနားတွင် ပြောကြားခဲ့သည်။
သူက တရုတ်မှ အဓိက ကားထုတ်‌လုပ်ရေးလုပ်ငန်း ၁၂ ခု၏ လိုဂိုများ ဖော်ပြထားသည့် ပုံကားချပ် ရှေ့တွင် မတ်တတ်ရပ်ရင်း ပြောကြားခဲ့သည်။

"တရုတ်အမှတ်တံဆိပ်တစ်ခုက ကမ္ဘာ့အမှတ်တံဆိပ် ဖြစ်လာတာကို  တရုတ်လူဦးရေ ၁.၄ ဘီလီယံ မြင်တွေ့စေလိုတာဟာ မမျိုသိပ်နိုင်တဲ့ လိုလားချက်တစ်ခုပါပဲ"ဟု သူက ပြောကြားခဲ့သည်။


ဩဂုတ်လ ၉ ရက်တွင် ကျင်းပသည့် အဆိုပါ အခမ်းအနားတွင် BYD က မှတ်တမ်းဗီဒီယို တစ်ခု ပြသခဲ့သည်။ တရုတ်ကားလုပ်ငန်းများ ထူထောင်ခဲ့ကြပုံများကို စုစည်းတင်ပြထားသည်။
၁၉၅၆ ခုနှစ်တွင် နိုင်ငံပိုင်  FAW Group ထူထောင်ခဲ့သည်မှအစ လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း အီးဗီ လုပ်ငန်းသစ်များ ဖြစ်ကြသည့်  Xpeng၊ Nio နှင့် Li Auto တို့အထိ တင်ပြထားသည်။
သမိုင်းဝင် ဗီဒီယိုဖိုင်များကို တည်းဖြတ်တင်ပြထားသည်ဇာတ်ကြောင်း စကားပြောပြသူက "ငါတို့ရဲ့  ဖြစ်စဉ်တွေက တစ်ဦးနဲ့တစ်ဦး မတူပေမယ့် ဦးတည်ချက်ချင်း တူတယ်။"မင်း" နဲ့ "ငါ" ကွဲပြားခြားနားချက် မရှိပါဘူး" ဟု ပြောသည်။ ။ ပြည်ပတင်ပို့မည့်ကားများ ဆိပ်ကမ်းတွင် သင်္ဘောတင်နေပုံများကို ဗီဒီယိုမှာ ပြသနေစဉ် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သဖြင့် ပြည်ပဈေးကွက်များမှာ နေရာယူဖို့ ဦးတည်ချက်မှာ တူညီကြသည်ဟု သဘောပေါက်စေသည်။

 ဗီဒီယိုကို နိဂုံးချုပ်သည့်အခါ  "Chinese Autos" "တရုတ်ယာဉ်များ" ဆိုသည့် ကြွေးကြော်သံ အောက်မှာ
  "သက်တမ်းရင့် အစဉ်အလာရှိသူများ (ဂျပန်နှင့် အနောက်နိုင်ငံများမှ ကားလုပ်ငန်းများ)ကို  ဖြိုချပြီး ကမ္ဘာ့အဆင့်မီ အမှတ်တံဆိပ်အသစ်များ ရရှိကြပါစေ" ဟု ပြောထားသည်။
 
အဆိုပါ ဗီဒီယိုသည် တရုတ်လူမှုကွန်ရက်တွင် ပျံ့နှံ့သွားခဲ့သည်။
BYD ၏ပြိုင်ဘက်များမှ အမှုဆောင်အရာရှိများက တလေးတစားဖြစ်မိကြောင်း မှတ်ချက်များ ရေးတင်ခဲ့ကြသည်။
Nio ၏ CEO ဖြစ်သူ William Li က "တရုတ်ကားလုပ်ငန်းကဏ္ဍအတွက် ကျွန်တော် ဂုဏ်ယူမိပါတယ်။ BYD ရဲ့ အောင်မြင်မှုတွေကနေ ကျွန်တော်တို့ သင်ယူသင့်ပါတယ်" ဟု လူမှုကွန်ရက် Weibo တွင် ရေးသားခဲ့သည်။
Li Auto စီအီးအို Li Xiang က ၎င်းဗီဒီယိုကို ပို့စ်တင်ခဲ့သည်။ "BYD အား အလေးပြုပါသည်။ စွမ်းအင်သစ် ခေတ်မှာ ပါဝင်သူတိုင်းကို လက်မ ထောင်ပြကြရအောင်!"ဟု ရေးသားထားသည်။

Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 370 times