BYD က အစီးရေ ၅ သန်းမြောက်ကား ထုတ်လုပ်မည်ဟု ကြေညာ


BYD က အစီးရေ ၅ သန်းမြောက်ကား ထုတ်လုပ်မည်ဟု ကြေညာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

BYD သည် ၂၀၀၃ ခုနှစ်တွင် ကားစက်မှုလုပ်ငန်းသို့ စတင်ဝင်ရောက်ခဲ့သည်။ 
ပထမဆုံး NEV ကို ၂၀၀၈ ခုနှစ်တွင် ရောင်းချခဲ့သည်။
ယခုအခါ ‌NEV မော်ဒယ်အမျိုးမျိုး ဒါဇင်ချီ ရှိနေပြီ ဖြစ်သည်။
 
မတ်လ ၂၀၂၂ ခုနှစ်တွင် BYD သည် အင်ဂျင်ဖြင့်သာ မောင်းနှင်သည့် မော်တော်ယာဉ်များ ထုတ်လုပ်မှုကို အပြအပိုင် ရပ်ဆိုင်းခဲ့သည်။
ဘက်ထရီနှင့် အင်ဂျင် ၂မျိုးသုံးပြီး ပလပ်ထိုး အားသွင်းရသည့် plug-in hybrid မော်ဒယ်များနှင့် လျှပ်စစ်ကားစစ်စစ် မော်ဒယ်များကိုသာ ထုတ်လုပ်သည်။

BYD သည် ၂၀၂၁ ခုနှစ် မေလ ၁၉ ရက်တွင် တစ်သန်းမြောက် NEV ထုတ်လုပ်ခဲ့သည်။

NEV အစီးရေ ၁ သန်း ထုတ်လုပ်ရောင်းချသည့် မိုင်တိုင်ကို ပထမဆုံး ဖြတ်ကျော်သည့် တရုတ်ကားလုပ်ငန်းအဖြစ် မှတ်တမ်းတင်ခံရသည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် BYD သည် ၃ သန်းမြောက် NEV ကို ထုတ်လုပ်ခဲ့သည်။ ၎င်းကားမှာ လျှပ်စစ်ကားစစ်စစ် မော်ဒယ် Seal ဖြစ်ပါသည်။

အစီးရေ ၁ သန်းကို တင်ပြပြီး ၂ သန်းကို မတင်ပြဘဲ ၃ သန်းကို ကျော်ပြီး တင်ပြရသည်မှာ BYD ၏ အထာကြောင့် ဖြစ်ပါသည်။
BYD သည် စီးရေ ၂ သန်းမြောက်နှင့် ၄ သန်းမြောက် NEV ထုတ်လုပ်စဉ်က ကြေညာခဲ့ခြင်း မရှိခဲ့ပါ။ ယခု ၅ သန်းမြောက်မှာ အသိပေး ကြေညာပါသည်။ သို့ဖြစ်ရာ ၆ သန်းမြောက်တွင်လည်း မကြေညာဘဲ ၇ သန်းမြောက်တွင် ကြေညာမည်ဟု မျှော်လင့်ရပါသည်။

ယမန်နှစ်အစောပိုင်းတွင် သမားရိုးကျ လောင်စာသုံးကားများ ထုတ်လုပ်မှုကို အပြီးအပိုင် ရပ်ခဲ့သော BYD သည်  လာမည့် ဗုဒ္ဓဟူးနေ့(ဩဂုတ် ၉) တွင် မုိင်တိုင်အသစ်တစ်ခုဆီသို့ ရောက်ရှိမည် ဖြစ်သည်။

 

တရုတ် စွမ်းအင်သစ် မော်တော်ယာဉ်  new energy vehicle (NEV) လုပ်ငန်းကြီးသည် စီးရေ ၅ သန်းမြောက်ကားကို တပ်ဆင်ရေးလိုင်းမှ ဩဂုတ်လ ၉ ရက်တွင် ထုတ်လုပ်မည်ဖြစ်ကြောင်း တရုတ်လူမှုကွန်ရက် Weibo တွင် ပိုစတာဒီဇိုင်းဖြင့် တင်ပြအသိပေးထားသည်။

ဩဂုတ်လ ၉ ရက်နေ့တွင် BYD ၏ ၅ သန်းမြောက် NEV သည် တပ်ဆင်ရေးလိုင်းမှ ဘီးလိမ့်ပြီး ထွက်လာသည်ကို မျက်မြင်ကိုယ်တွေ့ လာရောက်ကြည့်ရှုရန် သင့်အား ဖိတ်ကြားအပ်ပါသည်”ဟု ပိုစတာတွင် ဖော်ပြထားသည်။

BYD သည် ယခုနှစ်တွင် အနည်းဆုံး ကားအစီးရေ ၃ သန်း ရောင်းချရန် ရည်မှန်းထားသည်။ အစီးရေ ၃.၆ သန်း ရောင်းချနိုင်ရန် ကြိုးပမ်းနေသည်ဟု ကုမ္ပဏီ၏အကြီးအကဲနှင့် ဥက္ကဋ္ဌ Wang Chuanfu က ယခုနှစ် မတ်လနှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

BYD Group ၏ မော်တော်ကားအမှတ်တံဆိပ်များမှာ
• BYD
• Yangwang၊
• Denza 
• Fang Cheng Bao 
• တို့ ပါဝင်သည်။

လက်ရှိတွင် ကြိုတင်အမှာစာများကို
• BYD Seagull ယွမ် ၇၃,၈၀၀($10,300)
• Yangwang U8 ယွမ် ၁.၀၉၈ သန်း
တို့အတွက် လက်ခံနေပါသည်။

Yangwang U8 ကို 
• Premium Edition
• Off-road Master Edition
ဗားရှင်း ၂ မျိုး ထုတ်လုပ်ထားသည်။

Brand အသစ် Fang Cheng Bao က ပထမဆုံး မော်ဒယ် Leopard 5 ကို ထုတ်လုပ်မည်။

Denza က မော်ဒယ်အသစ် SUV Denza N8 ထပ်ထွက်သည်။ ယခင် SUV Denza N7 နှင့် တလသာ ခြားသည်။ Denza D9 MPV ကိုလည်း ရောင်းချလျက် ရှိသည်။

($=1 = RMB 7.1708)
Source cnevpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 340 times