ဂဃနဏ သိအောင် လေ့လာခဲ့ပြီးနောက် အင်ဒိုနီးရှားလျှပ်စစ်ကား စျေးကွက်သို့  BYD ဝင်ရောက်


ဂဃနဏ သိအောင် လေ့လာခဲ့ပြီးနောက် အင်ဒိုနီးရှားလျှပ်စစ်ကား စျေးကွက်သို့  BYD ဝင်ရောက်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

တရုတ်လျှပ်စစ်ကားကုမ္ပဏီကြီး BYD သည်  ၂၀၂၄ ခုနှစ်  ဇန်နဝါရီ ၁၈ ရက်၊ ကြာသပတေးနေ့တွင် အင်ဒိုနီးရှားဈေးကွက်အတွက် ပထမဆုံးမော်ဒယ်ကို မိတ်ဆက်ပြသရန် စီစဉ်ထားသည်။

BYD သည် အင်ဒိုနီးရှားဈေးကွက်သို့ မဝင်ရောက်မီ  အင်ဒိုနီးရှား၏ မော်တော်ကားစျေးကွက်တွင် ကျယ်ကျယ်ပြန့်ပြန့် လေ့လာမှုများ ပြုလုပ်ခဲ့သည်။ လက်တွေ့ စမ်းသပ်မှုများလည်း ဆောင်ရွက်ခဲ့သည်။ 

TransJakarta ဘတ်စ်ကားယာဉ်စုနှင့် Blue Bird တက္ကစီများကို အသုံးပြု၍ လေ့လာစးစမ်းခဲ့သည်။ ကွဲပြားခြားနားသော လမ်းအခြေအနေများ၊ ရာသီဥတုပြောင်းလဲမှုများ၊ ယာဉ် အသုံးပြုသူတို့၏ ဝန်အား ထည့်သွင်းစဉ်းစားမှုများနှင့် ယာဉ်မောင်းများ၏ ထူးခြားသောမောင်းနှင်မှုပုံစံများကို ဂဃနဏ သိအောင် လေ့လာခဲ့သည်။ 
အင်ဒိုနီးရှားတွင် ဘက်ထရီသုံး လျှပ်စစ်ကား battery electric vehicle (BEV)  များ  နေရာဝင်ယူနိင်မှု အလွန်နည်းပါးနေသေးသည်။ စုစုပေါင်း ကားအရေအတွက်၏ ၁ ရာခိုင်နှုန်းမျှသာ ရှိသေးသည်။ ကမ္ဘာ့ ပျမ်းမျှ ရာခိုင်နှုန်းမှာ ၄ ရာခိုင်နှုန်းနှင့် အာဆီယံ ပျမ်းမျှ ရာခိုင်နှုန်းမှာ ၂ ရာခိုင်နှုန်း တို့ထက် လျော့နည်းနေပါသည်။ 

အင်ဒိုနီးရှားနိုင်ငံ မော်တော်ယာဉ် အသင်း Association of Indonesian Automotive Industries (Gaikindo) အဆိုအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ ကာလအတွင်း Hyundai Ioniq 5 Signature Extended သည် အရောင်းရဆုံး အီးဗီ ဖြစ်ပါသည်။  အစီးရေ ၃၈၀၀ ဝန်းကျင် ရောင်းချခဲ့ပါသည်။ 
Wuling Air EV Long Range သည် အစီးရေ ၂၁၀၀ ရောင်းချခဲ့ပါသည်။ 
 
အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒူဒူသည်  ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် တရုတ်နိုင်ငံ ချန်ဒူးရှိ BYD ကုမ္ပဏီ၏ စက်ရုံသို့ သွားရောက်ခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စည်းရုံးပြောဆိုခဲ့ရာ BYD က စိတ်ဝင်စားမှု ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ 

BYD  သည် လက်ရှိတွင် အင်ဒိုနီးရှားနိုင်ငံမှ Bakrie Group  ကုမ္ပဏီစုကြီးမှ တဆင့် ၎င်း၏ အိမ်စီးကားများကို ရောင်းချပါသည်။ 

Source jakartaglobe

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 198 times