စင်ကာပူ Bugatti အရောင်းပြခန်း Bugatti ၄ စီး ရောင်းချနိုင်ခဲ့


၂၀၂၁ ဩဂုတ်လမှာ စင်ကာပူမှာ စတင်ဖွင့်လှစ်ခဲ့တဲ့ Bugatti အရောင်းပြခန်း ဖွင့်လှစ်ခဲ့တဲ့Bugatti Singapore က ယခုနှစ်အတွင်း Bugatti ၄ စီး ရောင်းချနိုင်ခဲ့ကြောင်း ၊ စင်ကာပူဒေါ်လာ ၂၅ သန်းဖိုး ရောင်းချနိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားပါတယ်။
Bugatti Singapore အတွက် ပြခန်းအသစ်က ၂၀၂၁ မှာ ရောင်းအား ၄ ဆ တိုးဖို့ အထောက်အကူ ပေးခဲ့ပါတယ်။ အကြမ်း အသားတင်ဝင်ငွေ ဂဏန်း ရှစ်လုံး ရစေခဲ့ပါတယ်။
ရောင်းချခဲ့တဲ့ Bugatti တစ်စီး တန်ဖိုးက ယူရို ၄ သန်းဝန်းကျင် (စင်ဒေါ်လာ ၆.၂ သန်း) ဖြစ်ပြီး ကား ၄ စီးအတွက် ရောင်းရငွေ စင်ဒေါ်လာ ၂၄.၈ သန်း ရရှိခဲ့ပါတယ်။

Bugatti ၄ စီး ဝယ်ယူသူတွေဟာ ဒေသတွင်းမှ ဖြစ်ကြောင်း အသိပေး ပြောကြား‌ပေမဲ့ နိုင်ငံအမည်တွေကို ထုတ်ဖော်ပြောကြားခြင်း မပြုပါဘူး။ Bugatti ကားမော်ဒယ်တွေကိုလည်း ဖွင့်ဟပြောကြားခြင်း မပြုပါဘူး။

Bugatti အရောင်းပြခန်းကို စင်ကာပူမှာ ကားရောင်းလုပ်ငန်း Wearnes Automotive က ဒေသအတွက် ဩဂုတ်လမှာ ဖွင့်လှစ်ခဲ့ပါတယ်။ အရောင်းပြခန်း ဖွင့်လှစ်ပြီးတဲ့နောက်မှာ ရောင်းအား မြင့်တက်ခဲ့တယ်လို့ Bugatti Singapore က ပြောကြားပါတယ်။ 

အရောင်းပြခန်း မဖွင့်ရသေးခင် ၂၀၂၀ ခုနှစ်မှာ Bugatti တစ်စီး ရောင်းချခဲ့ရပါတယ်။
ယခုနှစ်မှာ ယခင်နှစ်ထက် စီးရေ ၄ ဆ ပိုရောင်းရတာ ဖြစ်ပါတယ်။ 

ဒေသတွင်းမှာ ပြခန်းဖွင့်လှစ်တဲ့ အကျိုးကျေးဇူးကြောင့် ရောင်းအားတက်တာလို့ ယူဆနိုင်ပါတယ်။ နောက်ထပ် အကြောင်းတစ်ချက်ကတော့ လက်ရှိ ရောင်းချနေတဲ့ ကားတွေက Bugatti ဓာတ်ဆီအင်ဂျင်ကား နောက်ဆုံးအသုတ် ဖြစ်နိုင်တာကလည်း အကြောင်းတစ်ချက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။


၂၀၂၁ ဇူလိုင်လမှာ Bugatti ကို ပိုင်ဆိုင်တဲ့ Volkswagen Group က Rimac နဲ့ Porsche တို့ ထူထောင်တဲ့ ဖက်စပ်လုပ်ငန်းရဲ့ လက်ထဲသို့ လွှဲပြောင်းခဲ့ပါတယ်။

ခရိုရေးရှားမှ လျှပ်စစ်မော်တော်ယာဉ် နည်းပညာလုပ်ငန်း Rimac ပါဝင်လာတဲ့အတွက် Bugatti ဟိုက်ပါကားကို အီးဗီအဖြစ် ထုတ်လုပ်လိမ့်မယ်လို့ ယူဆကြပါတယ်။
ဖက်စပ်လုပ်ငန်းကို Bugatti Rimac အမည်ဖြင့် ထူထောင်ပါတယ်။
ဖက်စပ်လုပ်ငန်း သဘောတူညီချက်အရ Bugatti ကို Rimac က ၅၅% ပိုင်ဆိုင်ပြီး Porsche က ၄၅% ပိုင်ဆိုင်ပါတယ်။
 Bugatti ကို လက်ရှိလုပ်ကိုင်နေတဲ့ VW Group က Rimac မှာ ၂၄% ပိုင်ဆိုင်ပါတယ်။ 
 Volkswagen Group က Porsche ရဲ့ မိခင် လုပ်ငန်းစု ဖြစ်ပါတယ်။
ဒီတော့ တစ်ဆင့်ခံအဖြစ် Bugatti Rimac ရဲ့ ရှယ်ယာအများစုကို  Volkswagen Group က ပိုင်ဆိုင်ထားပါတယ်။ 
 
Bugatti Rimac ရဲ့ ရုံးချုပ်ကို  ခရိုရေးရှားနိုင်ငံ ဇာဂရက်မြို့မှာ တည်ရှိတဲ့ Rimac ရဲ့ ပရဝုဏ်ဝင်းကျယ်ထဲမှာ ထားရှိမှာ ဖြစ်ပါတယ်။
  Rimac ကို ထူထောင်သူနဲ့ စီအီးအို Mate Rimac က ဖက်စပ်လုပ်ငန်းရဲ့ စီအီးအို တာဝန်ကိုပါ ပူးတွဲထမ်းဆောင်မှာ ဖြစ်ပါတယ်။
Bugatti  ကားတွေ ထုတ်လုပ်မှုကိုတော့  ပြင်သစ်နိုင်ငံမှ လက်ရှိသုံးစွဲနေတဲ့ Bugatti  ကားစက်ရုံကို ဆက်လက်အသုံးပြုသွားမှာ ဖြစ်ပါတယ်။ 
တကယ်လို့ Bugatti က အီးဗီအဖြစ်သို့ ကူးပြောင်းခဲ့ရင် ယခုအခါ နောက်ဆုံး ထုတ်လုပ်ထားတဲ့ မော်ဒယ် Chiron ဟာ Bugatti  ဓာတ်ဆီအင်ဂျင်ကား နောက်ဆုံးအသုတ် ဖြစ်ပါလိမ့်မယ်။ နောက်နောင် ဝယ်လို့ မရနိုင်တော့တာကြောင့် ဟိုက်ပါကား စုဆောင်းသူတွေအတွက် ရှားပါးတန်ဖိုးတစ်ရပ် ရရှိကြမှာ ဖြစ်ပါတယ်။ 


ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ
စင်ကာပူလမ်းတွေပေါ် မောင်းခွင့်မရှိတဲ့ Bugatti အရောင်းပြခန်း စင်ကာပူမှာ ဖွင့်လှစ်

Read 2754 times