၂၀၂၂ တွင် BMW M ရောင်းအား စီးရေ ၁ သိန်း ၇ သောင်းကျော် စံချိန်သစ်တင်


၂၀၂၂ တွင် BMW M ရောင်းအား စီးရေ ၁ သိန်း ၇ သောင်းကျော် စံချိန်သစ်တင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

၂၀၂၂ ရောင်းအားသည်  BMW Group အတွက် အချိုနှင့်အခါး နှစ်မျိုးရောနေသည်။
BMW မော်ဒယ်များ စုစုပေါင်း ရောင်းချစီးရေသည် ၂၀၂၁ ထက် ၄.၈%  လျော့ကျသည်။ MINI က ၃% လျော့နည်းသည်။ 
ရောင်းအား ကျသော်လည်း ပြိုင်ဘက် Mercedes-Benz ထက် စီးရေပိုများသည်။
အီးဗီမော်ဒယ်များ ရောင်းအားမြင့်တက်သည်။
Rolls-Royce ရောင်းအား စံချိန်သစ်တင်သည်။ ထိုအကြောင်းကို Myanmar Automobile Guide တွင် ဖော်ပြခဲ့ပါသည်။


စည်းစိမ်ကားများ ဝယ်လိုအား မြင့်တက်သဖြင့် Rolls-Royce ၂၀၂၂ ရောင်းအား စံချိန်သစ်တင်
https://www.automobiledirectory.com.mm/article/rolls-royce-sales-record-in-2022.html


 


BMW Group ၏ M သည် ၂၀၂၂ တွင် အထူးတလည် ရောင်းကောင်းခဲ့သည်။
၂၀၂၂ တွင် စီးရေ ၁၇၇,၂၅၇ ကို မှာကြားထားသူများထံ ပေးပို့နိုင်ခဲ့ပြီး BMW M ရောင်းအား စံချိန်သစ် တင်ခဲ့ပါသည်။ ၂၀၂၁ ထက် ၈.၄% ရောင်းအားမြင့်တက်သည်။
၂၀၂၁ တွင်လည်း စီးရေ ၁၆၃,၅၄၂ ရောင်းချပြီး စံချိန်သစ် တင်ခဲ့သည်ကို ၂၀၂၂ ရောင်းအားက စံချိန်ချိုးလိုက်ခြင်း ဖြစ်သည်။ 
M မော်ဒယ်များတွင် လျှပ်စစ်ကားမော်ဒယ်များ ဖြစ်သည့်  i4 M50 နှင့် iX M60 တို့ ရောင်းအား ကောင်းခဲ့သည်။ ထို့ပြင် M240i, M2,  M3 Touring, M4 တို့လည်း ရောင်းအားမြင့်တက်ခဲ့ပါသည်။

‌ထူးခြားတိုက်ဆိုင်မှုတစ်ခုမှာ ၂၀၂၂ သည် BMW M နှစ်ငါးဆယ် ရွှေရတု ဖြစ်ပါသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ က အရွယ်အစား အလယ်အလတ်  M1 အင်ဂျင်ဖြင့် M မော်ဒယ်ကို စတင်မွေးဖွားပေးခဲ့ပါသည်။ နောက်ဆုံးထုတ်သည့် Mမော်ဒယ်မှာ ပလပ်ထိုး ဟိုက်ဘရစ် XM ဖြစ်ပြီး လူကြိုက်များပါသည်။ 

BMW သည် ၂၀၂၃ တွင် ရောင်းအား ပို၍ ကောင်းမွန်လာမည်ဟု ယုံကြည်ပါသည်။ နောက်ထပ် ရောင်းအား စံချိန်သစ် တင်ဦးမည်ဟု မျှော်မှန်းထားပါသည်။
 Source: BMW

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


 


 

Read 214 times