စည်းစိမ်ကားများ ဝယ်လိုအား မြင့်တက်သဖြင့် Rolls-Royce ၂၀၂၂ ရောင်းအား စံချိန်သစ်တင်


စည်းစိမ်ကားများ ဝယ်လိုအား မြင့်တက်သဖြင့် Rolls-Royce ၂၀၂၂ ရောင်းအား စံချိန်သစ်တင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


Rolls-Royce သည် ၎င်း၏ စည်းစိမ်ကားများသည် ၂၀၂၂ တွင် ရောင်းအား စံချိန်သစ် ထပ်တင်ခဲ့ကြောင်း ၂၀၂၃ ဇန်နဝါရီလ ၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
Rolls-Royce ကားတစ်စီး ပျမ်းမျှစျေးနှုန်း ကန်ဒေါ်လာ ၅၃၄,၀၀၀ ဝန်းကျင်ရှိသဖြင့် ဈေးကြီးနေသည်။ ထို့ပြင် တရုတ်နိုင်ငံတွင် ဝယ်လိုအား ကျဆင်းနေသည့်ကြားမှာ ကြိုတင်အမှာစာများ ၂၀၂၃ နှစ် ထုတ်လုပ်မှုအထိ ရရှိခဲ့သည်။

လွန်ခဲ့သည့်နှစ်ပေါင်း ၁၂၀ နီးပါးက အင်္ဂလန်နိုင်ငံ မန်ချက်စတာတွင် Rolls-Royce အဖြစ် စတင်ခဲ့သော ဗြိတိန်ကားထုတ်လုပ်ငန်းကို ယခုအခါ ဂျာမန်ကားလုပ်ငန်း BMW က ပိုင်ဆိုင်ပါသည်။

 Rolls-Royce ကားများ တစ်နှစ်တာရောင်းအားသည် ၂၀၂၁ တွင် ၅,၅၈၆ စီး ရောင်းချခဲ့ပြီး ၂၀၂၂ တွင် စီးရေ ၆,၀၂၁ သို့ မြင့်တက်ခဲ့ပြီး စံချိန်သစ် တင်ခဲ့သည်။
 
 Rolls-Royce ရောင်းအားအကောင်းဆုံး ဈေးကွက်မှာ အမေရိကန်ဈေးကွက်ဖြစ်ပြီး တစ်နှစ်တာ ရောင်းအား၏ ၃၅% ဝန်းကျင်ရှိသည်။ 
 Rolls-Royce ၏ ဒုတိယအကြီးဆုံးဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံတွင် ကိုဗစ်လော့ဒေါင်းကြောင့် ရောင်းအား ကျဆင်းခဲ့သည်။ 

သို့သော် စီအီးအို Torsten Müller-Ötvös က တရုတ်ပြည်ဈေးကွက် ရောင်းအားကျဆင်းခဲ့သော်လည်း အခြားစျေးကွက်များတွင် ရောင်းအားများ မြင့်တက်ခဲ့ခြင်းကြောင့် တစ်နှစ်တာ ရောင်းချစီးရေ စုစုပေါင်း ပိုများခဲ့ကြောင်း အွန်လိုင်း ရှင်းလင်းတင်ပြပွဲတွင်  ပြောကြားခဲ့သည်။

လက်ဖြင့် တပ်ဆင်ထုတ်လုပ်သည့် hand made အစဉ်အလာကို ထိန်းသိမ်းထားသော Rolls-Royce ကားများကို လူကြိုက်များနေဆဲ ဖြစ်သည်ယ 
"ကျွန်တော်တို့ရဲ့ မော်ဒယ်အားလုံးအတွက် အမှာစာတွေ ရထားပါတယ်။ ၂၀၂၃ ထုတ်လုပ်မှုအထိ ရထားပြီး အမှာစာတွေ ဆက်လက် ဝင်လာနေကြတုန်းပါပဲ" ဟု  Muller-Ötvös က ပြောကြားခဲ့သည်။  

၂၀၂၃ နှစ်ကုန်တွင် ထုတ်လုပ်မည့် အပြည့်အဝ လျှပ်စစ်ကားမော်ဒယ် Spectre အတွက် ကြိုတင်အမှာစာများကိုလည်း  မျှော်မှန်းထားသည်ထက် သာလွန်အောင် ရရှိနေကြောင်း ၎င်းက ပြောကြားသည်။
ရုရှားတွင် Rolls-Royce ရောင်းချမှုကို ရပ်ဆိုင်းထားသော်လည်း ၂၀၂၃ ခုနှစ်အတွက် မျှော်မှန်းထားသည့် တိုးတက်မှု ရရှိလိမ့်မည်ဟု ကြိုတင်ခန့်မှန်းကြောင်း စီအီးအိုက သတင်းထောက်များအား ပြောကြားခဲ့သည်။
ရုရှားဈေးကွက်တွင် Rolls-Royce ရောင်းအားသည် တစ်နှစ်လျှင် စီးရေ ၂၅၀ မှ ၃၀၀ အထိ ရှိသည်။
Source Reuters 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 1492 times