ဂျာမနီမှ BMW အင်ဂျင်စက်ရုံ အင်ဂျင်ထုတ်လုပ်မှု အပြီးအပြတ် ရပ်ဆိုင်း


ဂျာမနီမှ BMW အင်ဂျင်စက်ရုံ အင်ဂျင်ထုတ်လုပ်မှု အပြီးအပြတ် ရပ်ဆိုင်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ဂျာမန် ကားထုတ်လုပ်သူ BMW က ဂျာမနီနိုင်ငံမှ အင်ဂျင်စက်ရုံတွင် အင်ဂျင်ထုတ်လုပ်မှုကို အပြီးအပြတ် ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။

Bavarian ပင်မစက်ရုံကို အီးဗီ ထုတ်လုပ်သည့် စက်ရုံအဖြစ်သို့ ပြောင်းလဲပစ်မည်။ အင်ဂျင် ထုတ်လုပ်မှုများကို ယူကေနှင့် ဩစတီးယားတို့တွင် ဆက်လက်လုပ်ကိုင်သွားမည် ဖြစ်သည်။
ဩစတီးယားမှ စက်ရုံသည် ဆလင်ဒါ ၈ လုံးထိုး V8 အင်ဂျင်ကို ထုတ်လုပ်မည်ဖြစ်ပြီး ယူကေမှ စက်ရုံသည် အခြားအင်ဂျင်များကို ထုတ်လုပ်မည် ဖြစ်သည်။ 

BMW ဟု အတိုကောက်ဖြင့်သာ လူသိများသည့် Bayerische Motoren Werke သည် ပြိုင်ဘက်ကားလုပ်ငန်းများနှင့် မတူသည်မှာ  ဓာတ်ဆီနှင့် ဒီဇယ်ကားများ ထုတ်လုပ်မှုကို ရပ်ဆိုင်းမည့် အချိန်ကာလကို  ကတိကဝတ် ပြုထားခြင်း မရှိပေ။
 ထို့ပြင် လျှပ်စစ်ကားချည်းသာ ထုတ်လုပ်ခြင်းကို အလုပ်ဖြစ်မည်ဟု မယုံကြည်ပါ။
လျှပ်စစ်ကားနှင့် စက်သုံးဆီကား နှစ်မျိုး အပြိုင် အတူတကွ တည်ရှိနေခြင်းသည်သာ အဆင်ပြေမည်ဟု ယူဆထားသည်။
သို့ဖြစ်ရာ BMW သည် နစ်မျိုးစလုံးတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံသည်။ ဓာတ်ဆီအင်ဂျင် အတွက်သာမက ဒီဇယ်အင်ဂျင်အတွက်လည်း ရင်းနှီးမြှုပ်နှံသည်။ 

ပြိုင်ဘက် ကားအမှတ်တံဆိပ်တို့က ၂၀၃၀ တွင် လျှပ်စစ်ကားများကိုသာ ထုတ်လုပ်ရန် ရည်မှန်းထားကြသည်။
BMW သည် ၂၀၃၀ တွင် စုစုပေါင်း အရောင်းဝင်ငွေ၏ ၅၀% ကို အင်ဂျင်ကား ရောင်းချခြင်းမှ ရရှိရန် ရည်ရွယ်ထားဆဲ ဖြစ်သည်။

အဆိုပါအင်ဂျင်စက်ရုံသည် အင်ဂျင်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ခဲ့သည်မှာ သက်တမ်း ၆၀ ရှိပြီဖြစ်သည်။ ယခု နိုဝင်ဘာလတွင် နောက်ဆုံး ထုတ်လုပ်သည့် အင်ဂျင်ကို ထုတ်လုပ်ခဲ့သည်။ 

စက်ရုံကို အီးဗီစက်ရုံအဖြစ်သို့ ပြောင်းလဲပစ်မည်ဟု ၂၀၂၀ ခုနှစ် နိုဝင်ဘာလကတည်းက ပြောကြားခဲ့သည်။ ထိုသို့ ပြောင်းလဲရန် ယူရို သန်း၄၀၀ ရင်းနှီးမြှုပ်နှံသည်။
အင်ဂျင်တပ်ဆင်ထုတ်လုပ်ရေးတွင် လုပ်ကိုင်နေကြသည့် ဝန်ထမ်း ၁,၂၀၀ တိူ့ကို အီးဗီထုတ်လုပ်ရေးကဏ္ဍတွင် လုပ်တတ်ကိုင်တတ်စေရန် သင်တန်းပေးမည် ဖြစ်သည်။ 
 
BMW သည် စက်သုံးဆီကားများ ထုတ်လုပ်နေစဉ် လျှပ်စစ်ကားများကိုလည်း ထုတ်လုပ်လျက် ရှိသည်။

လျှပ်စစ်ကားစစ်စစ် မော်ဒယ် BMW i4 ကို ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် စတင်ထုတ်လုပ်ခဲ့သည်။
Neue Klasse ကို ၂၀၂၆ ခုနှစ်တွင် စတင်ထုတ်လုပ်မည်။

 

Neue Klasse

 


BMW တကျော့ပြန် “Neue Klasse” ဦးနှောက် ၄ ခု ပါသည့် အီးဗီ ခေါင်းစဉ်
https://www.automobiledirectory.com.mm/article/bmw-neue-klasse.html

အပြည့်အစုံဖတ်ရှုရန် လင့်ကို ထိပါ


ဒင်းဂိုဖင်း Dingolfing မှ စက်ရုံတွင် iX, i7 နှင့် နောက်မျိုးဆက်သစ် i5 တို့ကို ထုတ်လုပ်သည်။

ရီဂင်စ်ဘတ် Regensburg မှ စက်ရုံတွင် iX1 နှင့် iX2 လျှပ်စစ် SUV တို့ကို ထုတ်လုပ်သည်။ 

ဗက်ကာစဒေါ့ဖ် Wackersdorf မှ စက်ရုံတွင် ဗို့အားမြင့်မားသည့် အီးဗီဘက်ထရီ စစ်ဆေးရေးစင်တာ တည်ဆောက်လျက်ရှိသည်။ 

ဘက်ထရီဆဲလ်များကို ကားတွင် တပ်ဆင်ရန်အသင့် ဘက်ထရီထုပ်အဖြစ် ထုတ်လုပ်ပေးသည့် စက်ရုံတရုံ ထူထောင်ရန် စီစဉ်နေသည်။

BMW ၏ ရေရှည်တည်တံ့မှုနှင့် ရွေ့လျားနိုင်မှုဆိုင်ရာ အကြီးအကဲ Thomas Becker က မူဝါဒ ရေးဆွဲသူများသည် အင်ဂျင်ကားများ လုံးဝ တုံးတိ ပိတ်ပင်ခြင်းအစား လာမည့်န‌ှစ်များတွင် အီးဗီ သုံးစွဲသည့် ရာခိုင်နှုန်း တိုးဖို့ကိုသာ ဦးတည်ချက် ထားသင့်သည်။ ရာခိုင်နှုန်း တိုးလာအောင် မလုပ်ဆောင်ဘဲ အင်ဂျင်ကားများကို ယတိပြတ် ပိတ်ပင်ခြင်းသည် အဆင်မပြေဟု ၎င်းက ဆိုသည်။

ဗြိတိန်အစိုးရသည် အင်ဂျင်ကား အသစ်များ ရောင်းချခြင်းကို ၂၀၃၀ မှစ၍ ပိတ်ပင်မည်ဟု ဆိုခဲ့ပြီး ယခုအခါ ၂၀၃၅ သို့ ရွှေ့ဆိုင်းလိုက်ရသည်။

"အစကတည်းက ကျွန်တော်တို့က မထောက်ခံဘူး။ ကျွန်တော်တို့က အင်ဂျင်ကားတွေ ပိတ်ပင်တာကို ဆန်းစစ်ဝေဖန်ပါတယ်။ ကျွန်တော်တို့ ထုတ်လုပ်တဲ့ ကားတွေကို ငွေအများကြီး အကုန်ခံပြီး ဝယ်ကြတာဟာ ကျွန်တော်ကျွန်မတို့အတွက် အကောင်းဆုံးကား ဖြစ်နေလို့ပါ ဆိုတာမျိုးကို လိုချင်ပါတယ်။ သူတို့ ကိုယ်၌က လိုချင်လို့ အီးဗီကို ဝယ်တာမျိုး ဖြစ်ရမယ်။ အစိုးရ မူဝါဒကြောင့် မလွဲမရှောင်သာလို့ ဝယ်လိုက်ရတာမျိုး မဖြစ်သင့်ဘူး"ဟု ၎င်းက ပြောကြားပါသည်။

 Source electrek 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 19889 times