BMW တကျော့ပြန် “Neue Klasse” ဦးနှောက် ၄ ခု ပါသည့် အီးဗီ


BMW တကျော့ပြန် “Neue Klasse” ဦးနှောက် ၄ ခု ပါသည့် အီးဗီ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


BMW မှ နျူးကလပ်စ်  လျှပ်စစ်ကား၏ ရှေ့ပြေးပုံစံကို မြူးနစ်မြို့ရှိ IAA (Internationale Automobil-Ausstellung) ကားပြပွဲတွင် ပွဲထုတ် ပြသသည်။


BMW သည် “Neue Klasse” အမှတ်တံဆိပ်သို့ တစ်ကျော့ ပြန်‌ေရာက်လာသည်။ ယခုအကြိမ်တွင် လျှပ်စစ်ကားကို ထုတ်လုပ်မည်။

 ဂျာမန်ကားထုတ်လုပ်သူ BMW သည် အတိတ်မှ အောင်မြင်ခဲ့သည့် “Neue Klasse” ကို အီးဗီ ဖွံ့ဖြိုး ထုတ်လုပ်ရေးတွင် တဖန်ပြန်လည် သုံးစွဲမည်။

၁၈၆၀ ပြည့်နှစ်လွန် အစောပိုင်းကာလများတွင် BMW သည် ဂျာမနီမှ Volkswagen နှင့်  Mercedes-Benz ၊ အမေရိကန်မှ Ford နှင့် GM  ကုမ္ပဏီကြီးများ လွှမ်းမိုးထားသော ကားဈေးကွက်များထဲမှာ  မသေချာသော အနာဂတ်ဖြင့် ရုန်းကန်နေရသော လုပ်ငန်းတစ်ခု ဖြစ်နေခဲ့သည်။

BMW ကို ဦးဆောင်ဦးရွက် ပြုသူများက ရှိသမျှ ပုံအောပြီး ကားမော်ဒယ်အသစ် ထုတ်လုပ်ဖို့ ဆုံးဖြတ်ကြသည်။ ၎င်းကားမော်ဒယ်အသစ်ကို “Neue Klasse” ဟု ယာယီအမည်ပေးထားသည်။ 
“Neue Klasse” သည် “new class” အဆင့်အတန်း အသစ်ကို ဂျာမန်ဘာသာဖြင့် ပြောဆိုခြင်း ဖြစ်သည်။
၎င်းမော်ဒယ်အသစ်ကို ၁၉၆၂ ခုနှစ်တွင် မော်ဒယ် အမည် BMW 1800 ဖြင့် စတင်ရောင်းချသည်။
အထူးတလည် အောင်မြင်ခဲ့ပြီး BMW ကို အဆင့်အတန်း မြင့်သည့် brand အဖြစ် မှတ်ယူခြင်းကို ခံယူရရှိခဲ့သည်။

 ယခုအခါ BMW သည် နောက်ထပ် အကွေ့အချိုး တစ်ခုသို့ ရောက်ရှိနေပြီး အီးဗီဆီသို့ သွားမည့် “Neue Klasse” မော်ဒယ်အသစ် ထုတ်လုပ်မည်။

ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် စက်တင်ဘာလ ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပသည့် IAA ကားပြပွဲတွင် “Neue Klasse” အီးဗီ  နမူနာပုံစံကို ပြသသည်။ အရောင်းရဆုံး မော်ဒယ် BMW 3-series နှင့် အရွယ်အစား မတိမ်းမယိမ်း ဖြစ်သည်။

information displays မှာ ရျှေ့လကာမှန်ပေါ်   မြင်ကွင်းကျယ် ဖော်ပြပေးသည်။ 

"ကျွန်တော်တို့အနေနဲ့ ဒီကားမျိုးဆက်ကို အရမ်းခေတ်မီအောင် လုပ်ချင်တယ် မျိုးဆက် တစ်ဆက် ကျော်ထားသလိုမျိုး ဖြစ်နေစေချင်တယ်"ဟု BMW ဒီဇိုင်နာ အကြီးအကဲ Adrian van Hooydonk က ပြောသည်။

BMW သည် ယခင်က အီးဗီ ထုတ်လုပ်ခဲ့ဖူးသည်။ ၂၀၁၃ ခုနှစ်တွင် i3 အငယ်စားမော်ဒယ် အီးဗီကို ထုတ်လုပ်ခဲ့သော်လည်း အမြောက်အမြား ထုတ်လုပ်သည့် အဆင့်သို့ မရောက်ခဲ့ပါ။

BMW သည် ဟန်ဂေရီနိုင်ငံရှိ စက်ရုံတစ်ခုတွင် Neue Klasse အတွက် ဘက်ထရီ ထုတ်လုပ်ခြင်းနှင့် ဘက်ထရီထုပ် ထုတ်လုပ်ခြင်း လုပ်ငန်းများအတွက် ယူရို ၂ ဘီလီယံ (ဒေါ်လာ ၂.၂ ဘီလီယံ) ရင်းနှီးမြှုပ်နှံထားသည်။ 
ဘက်ထရီထုပ်ထဲတွင် 48 mm ဆလင်ဒါ ဘက်ထရီများ သုံးစွဲမည်။ ဘက်ထရီထုပ်အတွက် ကုန်ကျစရိတ်ကို ၅၀% သက်သာအောင် ထုတ်လုပ်မည်။ 

Neue Klasse ကို ၂၀၂၅ တွင် စတင်ထုတ်လုပ်ရန် BMW သည် မြူးနစ်မှ ပင်မတပ်ဆက်ထုတ်လုပ်ရေး စက်ရုံကို အီးဗီ ထုတ်လုပ်ဖို့ ပြင်ဆင်နေသည်။ စက်ရုံသည် ရုံးချုပ်နှင့် ကပ်လျက် တည်ရှိသည်။ လက်ရှိထုတ်လုပ်နေသော 3-series နှင့် X3 တို့ကို ထုတ်လုပ်မှု နိဂုံးချုပ်ပြီး Neue Klasse ကို စတင် ထုတ်လုပ်မည်။

Neue Klasse တွင် ဉာဏ်ရည်အတွက် ဦးနှောက် ၄ ခု ပါသည်။ ကားဘီး လည်သည်ကို ထိန်းကျောင်းခြင်း၊ ယာဉ်မောင်းထောက်ကူစနစ်များ၊ အက်ဖိုတိန်းမင့်၊ အခြားလုပ်ငန်းဆောင်တာများ ကဏ္ဍ ၄ ရပ်အတွက် ဦးနှောက်တစ်ခုစီက တာဝန်ယူပေးမည် ဖြစ်သည်။


Source Reuters
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 961 times