အီးဗီ အိပ်မက်  Apple  နိဂုံးချုပ်


 အီးဗီ အိပ်မက်  Apple  နိဂုံးချုပ်


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Apple သည် လျှပ်စစ်ကား ထုတ်လုပ်ရန် ဆယ်စုနှစ်ကြာ ကြိုးပမ်းမှုကို ဖျက်သိမ်းလိုက်ပါသည်။

ကုမ္ပဏီသမိုင်းတွင် ရည်မှန်းချက် အကြီးမားဆုံး စီမံကိန်းများထဲမှ တစ်ခုကို စွန့်လွှတ်လိုက်ခြင်း ဖြစ်ပါသည်။ 

ဖေဖော်ဝါရီ ၂၇ ရက်က ကုမ္ပဏီတွင်း၌ အဆိုပါသတင်းကို ထုတ်ဖော်ပြောကြားလိုက်ရာ စီမံကိန်းတွင် လုပ်ဆောင်နေသည့် ဝန်ထမ်း ၂,၀၀၀ နီးပါးကို အံ့အားသင့်စေခဲ့သည်။

 

အဆိုပါ ဆုံးဖြတ်ချက် သတင်းကို လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ် Jeff Williams နှင့်  ဒုတိယဥက္ကဋ္ဌ Mr Kevin Lynch တို့က မျှဝေခဲ့ကြသည်။

 

စီမံကိန်းကို စတင်ရုပ်သိမ်းတော့မည်ဖြစ်ကြောင်းနှင့် Special Projects Group SPG ဟု သိကြသော ကားအဖွဲ့မှ ဝန်ထမ်းများကို ဉာဏ်ရည်တု artificial intelligence(AI) ဌာနခွဲသို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း ၎င်းတို့နှစ်ဦးက ပြောကြားသည်။

ကုမ္ပဏီအတွက် ပို၍အရေးကြီးသော ဦးစားပေးဖြစ်သည့် မျိုးဆက်သစ် AI စီမံကိန်းများကို ၎င်းတို့ လုပ်ကိုင်ကြရမည်ဟု  ၎င်းတို့က ပြောကြားသည်။

 

ကားအဖွဲ့တွင် ဟာ့ဒ်ဝဲအင်ဂျင်နီယာများနှင့် ယာဉ်ဒီဇိုင်နာ ရာပေါင်းများစွာ ရှိနေသည်။ ၎င်းတို့ကို အလုပ်ဆက်ခန့်ထားမည် သို့မဟုတ် အလုပ်ဖြုတ်မည် ဆိုသည်ကို မသိရသေးပါ။ 

 

Apple ၏ ပရီမီယံ အီးဗီထုတ်လုပ်ရေး စီမံကိန်း  Project Titan အတွက် ကန်ဒေါ်လာ ဘီလီယံချီ အကုန်ခံထားသည်။

 

Apple သည် ၂၀၁၄ ခုနှစ်ဝန်းကျင်တွင် ၎င်းအဖို့ နယ်ပယ်အသစ်ဖြစ်သော ကားလုပ်ငန်းကဏ္ဍသို့ ဝင်ရောက်ရန်  စတင်လုပ်ဆောင်ခဲ့သည်။

ယာဉ်အတွင်းပိုင်းကို ဇိမ်ခံကားအကောင်းစား limousine မျိုးကို ထုတ်လုပ်ရန် ဦးတည်ချက် ထားရှိသည်။ အပြည့်အဝ အလိုအလျောက် မောင်းနှင်နိုင်သော လျှပ်စစ်ကား ဖြစ်ရမည်၊ စကားသံဖြင့် ကားကို ညွှန်ကြားနိုင်ရမည် စသည့် သတ်မှတ်ချက်များလည်း ချမှတ်ထားသည်။

အခက်ခဲဆုံးမှာ အပြည့်အဝ အလိုအလျောက် မောင်းနှင်နိုင်သော လျှပ်စစ်ကား ဖြစ်ရမည် ဆိုသည့်အချက်ဖြစ်သည်။ 

Lexus SUV များမှာ အလိုအလျောက် မောင်းနှင်စနစ် တင်ပေးပြီး လမ်းများပေါ်မှာ စမ်းသပ်ခဲ့ပါသည်။ မအောင်မြင်ခဲ့ပါ။ ထိုအခါ Apple သည် အလိုအလျောက် မောင်းနှင်စနစ်ကို အဆင့်လျှော့ချ သတ်မှတ်ခဲ့ပြီး အီးဗီ စတင် ထုတ်လုပ်မည့်အချိန်ကို နောက်ဆုတ်ခဲ့ပါသည်။ 

ယခု Apple သည် အီးဗီ အိပ်မက်ကို နိဂုံးချုပ်လိုက်ပြီ ဖြစ်ပါသည်။

 

Apple Car ၂ နှစ် နောက်ဆုတ်

#AutomobileGuide

https://www.automobiledirectory.com.mm/article/apple-car-delayed-2-years.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ

 

Source Bloomberg 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 
Read 409 times