Apple Car ၂ နှစ် နောက်ဆုတ်


Apple Car ၂ နှစ် နောက်ဆုတ်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Bloomberg မှ Mark Gurman တင်ပြသည့် သတင်းအသစ်တွင်  Apple ထုတ်လုပ်မည့်ကားနှင့်ပတ်သက်‌သော အချက်အချို့ကို ဖော်ပြထားသည်။

အက်ပဲသည် ကားစတင် ထုတ်လုပ်မည့်နှစ်ကို နောက်ဆုတ်လိုက်သည့်အပြင် ကား၏ အလိုအလျောက် မောင်းနှင်နိုင်စွမ်းကိုလည်း အဆင့်အတန်း လျှော့ချထားသည်။

အက်ပဲသည် ကား၏ အလိုအလျောက် မောင်းနှင်နိုင်စွမ်းအတွက် ရည်မှန်းချက်ကို အဆင့် 2+ သို့ အဆင့်လျှော့ချလိုက်သည်။

 Level 2+ သည် Level 2 အဆင့်ပိုမြင့်သည့် ဗားရှင်းကို ဆိုလိုပါသည်။ 

ကနဦးတွင် Apple Car သည် အလိုအလျောက် မောင်းနှင်နိုင်စွမ်း Level 5 ဖြစ်ရန် ရည်မှန်းချက် ချမှတ်ခဲ့ပါသည်။

Level 5 သည် အပြည့်အဝ အလိုအလျောက် မောင်းနှင်နိုင်စွမ်း ရှိသည့် အဆင့်ဖြစ်သည့်အားလျော်စွာ ယာဉ်မောင်း ပါဝင်မောင်းနှင်ပေးဖို့ မလိုအပ်ပါ။

နောက်ပိုင်းတွင် ထွက်ပေါ်သည့် သတင်းများမှာ အဆင့်လျှော့ပြီး Level 4  ကို ရည်မှန်းထားသည်ဟု ဆိုပါသည်။ 

Level 4  သည် အလိုအလျောက် မောင်းနှင်နိုင်စွမ်း မြင့်မားသော်လည်း ယာဉ်မောင်း ပါဝင်မောင်းနှင်ဖို့ လိုအပ်နေဆဲ ဖြစ်ပါသည်။

ယခု နောက်ဆုံးထွက်ပေါ်သည့် သတင်းတွင် Level 2+ ဟု လျှော့ချပြီး ရည်မှန်းချက် ချမှတ်ထားပါသည်။

 

Tesla သည် ၎င်း၏ အီးဗီများတွင် Level 2 ပေးထားပါသည်။ 

 Mercedes သည် Level 3 ပေးအပ်ပါသည်။

 

 Apple car စတင် ထုတ်လုပ်မည့်နှစ်ကို နောက်ထပ် ၂ နှစ် နောက်ဆုတ်လိုက်ပါသည်။

 မူလလျာထားချက်ထက် ၁၀ နှစ် နောက်ကျထားပါသည်။  အစောဆုံးအနေဖြင့် ၂၀၂၈ ခုနှစ်တွင် စတင်ထုတ်လုပ်မည် ဖြစ်ပါသည်။

Source Bloomberg 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read 187 times