ဟွာဝေး အီးဗီ Aito M9 များ စမ်းသပ်ကာလ ထုတ်လုပ်မှုအဆင့် ရောက်ရှိ


 ဟွာဝေး အီးဗီ Aito M9 များ စမ်းသပ်ကာလ ထုတ်လုပ်မှုအဆင့် ရောက်ရှိ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Aito သည် Huawei နှင့် Seres အကြား ပူးတွဲစီမံကိန်း တစ်ခုဖြစ်သည်။
ဟွာဝေးသည် လျှပ်စစ်မော်တာများ၊ ချစ်ပ်များ၊ အာရုံခံကိရိယာများနှင့် အခြားပစ္စည်းများကို ပေးအပ်ပြီး Seres သည် ကားထုတ်လုပ်မှုကို လုပ်ဆောင်သည်။
လက်ရှိတွင် Aito သည် တရုတ်နိုင်ငံတွင် M5 နှင့် M7 SUV မော်ဒယ်နှစ်မျိုးကို ရောင်းချနေသည်။

 

နောက်ထပ် မော်ဒယ်အသစ်ဖြစ်သော တန်းမြင့် စွမ်းအင်သစ် မော်တော်ယာဉ်  NEV (New Energy Vehicle) SUV မော်ဒယ်ဖြစ်သည့် Aito M9 ကို  တရုတ်နိုင်ငံတွင် ထုတ်လုပ်မှုလိုင်းမှာ ထုတ်လုပ်နေပြီ ဖြစ်သည်။ ပုံမှန်အားဖြင့် မော်ဒယ်အသစ်၏ ပထမဆုံးကား ထုတ်လုပ်ရေးလိုင်းမှ ဘီးလှိမ့်ပြီး ထွက်လာသည့်အခါ အခမ်းအနား ကျင်းပပြီး ကြေညာလေ့ရှိသော်လည်း M9 ကို စတင်ထုတ်လုပ်ကြောင်း ဟွာဝေးနှင့် စဲရီတို့က ကြေညာခြင်း မပြုခဲ့ကြချေ။ 
တရုတ်ပြည်တွင်း ဈေးကွက်တွင် ဒီဇင်ဘာလတွင် စတင်ရောင်းချမည်ဟုသာ ကြေညာထားသည်။ 
M9 အနိမ့်ဆုံးဈေးနှုန်းသည် ယွမ် ၅ သိန်း (68,400 USD) ဖြစ်သည်။ 

 Aito သည် ၂၀၂၃ ခုနှစ် ပထမ ကိုးလတွင် ၃၇,၄၀၇ စီး ရောင်းချခဲ့သည်။
Aito M7 မော်ဒယ်အဟောင်းကို ပြုပြင်မွမ်းမံပြီး တကျော့ပြန် ထုတ်လုပ်ရောင်းချခဲ့ရာ၌ ဝယ်ယူသူ များပြားခဲ့ကြောင်း Automobile Guide တွင် ဖော်ပြခဲ့ပါသည်။


ယခင်တင်ပြချက်
ဟွာဝေးက အီးဗီ Aito အတွက် ကြန့်ကြာကြေး တရက် ယွမ် ၂၀၀ ပေးမည်ဟု ကြေညာ
https://www.automobiledirectory.com.mm/article/-aito-huawei.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


ဒီဇင်ဘာလမှာ စတင်ရောင်းချမည့်  Aito M9 ကို ချုံကင်းမြို့ရှိ စဲရီ ကားစက်ရုံတွင် ထုတ်လုပ်လျက် ရှိသည်။ 
၎င်းစက်ရုံသည် တနှစ်လျှင် ကားအစီးရေ ၇ သိန်းအထိ ထုတ်လုပ်နိုင်သည့် စက်ရုံဖြစ်သည်။
သတ္တုပြား ပုံသွင်းခြင်း၊ ဂဟေဆက်ခြင်း၊ ဆေးသုတ်ခြင်း၊ တပ်ဆင်ထုတ်လုပ်ခြင်းစသဖြင့် အစမှ အဆုံးတိုင် လုပ်ကိုင်သည့် စက်ရုံ ဖြစ်သည်။

Aito သည် M9 ထုတ်လုပ်မှု စတင်ကြောင်း မကြေငြာခဲ့ပေ။
စဲရီ၏ အဆိုပါ ကားစက်ရုံကို ချုံကင်း ရေဒီယိုနှင့် ရုပ်မြင်သံကြား သတင်းထောက်များနှင့် ဒေသဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြရာမှ  M9 ထုတ်လုပ်နေသည်ကို ကြုံတွေ့ရာမှ သတင်းထဲ ပါလာခြင်း ဖြစ်သည်။

 

ယခု စမ်းသပ်ကာလအဖြစ် ထုတ်လုပ်နေသည်ဟု စက်ရုံမှ တာဝန်ရှိသူတို့က ပြောကြားသည်။ 

Aito M9 သည် သက်ဆိုင်ရာ အာဏာပိုင် ကြီးကြပ်သူတို့ထံမှ အတည်ပြု ခွင့်ပြုမိန့် ကျထားပြီးသား ဖြစ်သည်။ 
၎င်းခွင့်ပြုမိန့်အတွက် တင်ပြခဲ့သည့် စာရွက်စာတမ်းများမှတစ်ဆင့် သိကြရသည်မှာ Aito M9 သည် အရွယ်အစားပြည့် SUV ဖြစ်သည်။
အလျား 5230 mm
အကျယ် 1999 mm
အမြင့် 1800 mm
ခါးအလျား 3110 mm
၆ ယောက်စီး SUV ဖြစ်ပါသည်။

 

မောင်းနှင်မှု အပိုင်း ကွဲပြားသည့် ဗားရှင်း ၂ မျိုး ထုတ်လုပ်သည်။
ဘက်ထရီသုံး လျှပ်စစ်ယာဉ် BEV ဗားရှင်းတွင် ဟွာဝေးမှ လျှပ်စစ်မော်တာ ၂ လုံး ပါသည်။ 

နောက်ဗားရှင်းမှာ ခရီးဝေး အီးဗီ EREV (range extender EV) ဖြစ်ပြီး လျှပ်စစ်မော်တာ ၂ လုံးအပြင် 1.5-liter အင်ဂျင်တလုံး ပါသည်။ 

Source: Autohome, Weibo

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 713 times