ဟွာဝေးက အီးဗီ Aito အတွက် ကြန့်ကြာကြေး တရက် ယွမ် ၂၀၀ ပေးမည်ဟု ကြေညာ


ဟွာဝေးက အီးဗီ Aito အတွက် ကြန့်ကြာကြေး တရက် ယွမ် ၂၀၀ ပေးမည်ဟု ကြေညာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


Huawei ၏ အီးဗီ အမှတ်တံဆိပ် Aito  SUV  အဝယ်လိုက်သဖြင့် ကားအပ်ရန် ကြန့်ကြာမှုအတွက် ဝယ်ယူသူများကို လျော်ကြေးပေးမည်ဖြစ်သည်။

တရုတ်ပြည်မှ ဝယ်ယူသူများက M7 မော်ဒယ်ကို တလအတွင်း အစီးရေ ၆ သောင်းကျော် အမှာစာ စာရင်းပေးသွင်းခဲ့ကြသည်။

ယခုမော်ဒယ်ကို ဟွာဝေးက အီးဗီထုတ်လုပ်သူ Seres နှင့် ၂၀၂၁ ခုနှစ်အနှောင်းပိုင်းတွင် ဖက်စပ်လုပ်ငန်း Aito ထူထောင်ပြီး ထုတ်လုပ်ထားသည်။

ကားအပ်ရန် ကြန့်ကြာကြေးအဖြစ် တရက် ယွမ် ၂၀၀ (US$27.35) ပေးအပ်မည်။ အများဆုံး ယွမ် ၁ သောင်း( ရက် ၅၀ စာ) အထိ ပေးမည် ဖြစ်သည်။ 


ဆက်သွယ်ရေးပစ္စည်းထုတ်လုပ်သည့် Huawei Technologies မှ ကျောထောက်နောက်ခံပေးထားသည့် တရုတ်လျှပ်စစ်ကားထုတ်လုပ်သူ Aito သည် ပြုပြင်မွမ်းမံထားသော မော်ဒယ် M7 SUV စတင်ရောင်းချခဲ့ရာ ဝယ်ယူစီးရေ များပြားသဖြင့် အလျဉ်မီ မထုတ်လုပ်နိုင်သောကြောင့် ကားအပ်ဖို့ ကြန့်ကြာရသည့်အတွက် မှာကြားထားသူတိုင်းအား လျော်ကြေးပေးမည့် အစီအစဉ်ကို ကြေညာခဲ့သည်။
ကြန့်ကြာမှု တစ်ရက်လျှင် ဝယ်ယူသူတိုင်းကို ယွမ် ၂၀၀ (အမေရိကန်ဒေါ်လာ ၂၇.၃၅) ချီးမြှင့်မည်ဖြစ်ပြီး အများဆုံး ယွမ် ၁၀,၀၀၀ အထိ ပေးအပ်မည် ဖြစ်သည်။

အီးဗီ အမှတ်တံဆိပ် Aito ကို ဟွာဝေးက ကားထုတ်လုပ်သူ Seres နှင့်အတူပူးပေါင်းပြီး ၂၀၂၁ တွင် စတင်ခဲ့ကြသည်။


M7 ၏ infotainment system တွင် ဟွာဝေး၏ HarmonyOS ကို သုံးစွဲထားသည်။

 

Aito က M7 ထုတ်လုပ်မှုကို တိုးမြှင့်ထားကြောင်း၊ အရည်အသွေး ထိန်းချုပ်မှု သေချာအောင် ဆောင်ရွက်ထားကြောင်း ၎င်း၏ မော်တော်ယာဉ်သုံး အက်ပ်မှတဆင့် အသိပေးထားသည်။

M7 ကို အောက်တိုဘာ ၁၆ ရက် မတိုင်ခင် မှာကြားထားသူများသည်  Plus ဗားရှင်းဆိုလျှင် ၄ ပတ်၊ Max ဗားရှင်းဆိုလျှင် ၆ ပတ် စောင့်ရမည်ဟု Aito က အသိပေးထားသည်။

လက်ရှိတွင် Aito သည် တစ်လလျှင် ကားအစီးရေ ၁ သောင်းခန့် ထုတ်လုပ်နိုင်နေပြီဖြစ်သည်။ စီးရေ ထပ်တိုး ထုတ်လုပ်ရန် အလုပ်ချိန် အဆိုင်း ထပ်တိုးမည်ဟု CnEVPost တွင် သတင်းဖော်ပြထားသည်။


ပြန်လည်မွမ်းမံထားသော M7 သည် အနိမ့်ဆုံး ဈေးနှုန်း ယွမ် ၂၄၉,၈၀၀ မှ စတင်သည်။ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင်ထွက်ရှိခဲ့သော ယခင်မော်ဒယ်ထက် ယွမ် ၄၀,၀၀၀ သို့မဟုတ် ၁၃.၈ ရာခိုင်နှုန်း ဈေးသက်သာသည်။
M7 SUV သည် ခရီးတာ ကီလိုမီတာ ၁,၃၀၀ အထိ မောင်းနှင်နိုင်သည်။


infotainment စနစ်တွင် ဟွာဝေး၏ HarmonyOS လည်ပတ်စနစ် operating system သုံးထားပြီး ဟွာဝေး၏ ရောင်းအားအရမ်းကောင်းနေသော နောက်ဆုံးထုတ် စမတ်ဖုန်း Mate 60 Pro ကို သုံးနေရသည့်အတိုင်း ဖြစ်နေစေသည်ဟု ဟွာဝေး၏ ကားကဏ္ဍ အကြီးအကဲ Richard Yu Chengdong က ပြောကြားသည်။ 

Aito သည် မော်ဒယ်အသစ်တခု ဖြစ်သည့် M9  အရွယ်အစား အပြည့် SUV အီးဗီ အထက်တန်းစားကား ထုတ်လုပ်မည့် အစီအစဉ် ရှိသည်။ ဒီဇင်ဘာလတွင် စတင်ထုတ်လုပ်ရန် ရည်မှန်းထားသည်ဟု Yu က ပြောကြားသည်။ 


ဟွာဝေးသည် နိုင်ငံပိုင်ကားလုပ်ငန်း Chery Automobile နှင့် အတူလက်တွဲပြီး မော်ဒယ် S7 ကို နိုဝင်ဘာလတွင် ထုတ်လုပ်မည် ဖြစ်သည်။ 


Source scmp
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1475 times