အမေရိကန်မှာ ကားရောင်းတော့မယ့် တရုတ်ကုမ္ပဏီ Zotye


တရုတ်စမတ်ဖုန်းကုမ္ပဏီတွေက အမေရိကန်ကို နယ်ချဲ့လာကြပါပြီ။ အခုလည်း တရုတ်ကားကုမ္ပဏီတွေက အမေရိကန်ကားဈေးကွက်ကို ဝင်လုတော့မှာပါ။ တရုတ်ကားကုမ္ပဏီ Zotye Automobile က 2020 သို့မဟုတ် 2021 ခုနှစ်မှာ T600 ကားကို စတင်ရောင်းဖို့ စီစဉ်ထားပါတယ်။

Zotye ရဲ့ T600 ကို 2019 Shanghai Auto Show မှာ ပြသခဲ့ပါတယ်။ အမေရိကန်မော်ဒယ်မှာ 1.6-liter Turbocharged Four-cylinder Engine နဲ့ Six-speed Automatic Transmission များ ပါပါတယ်။

အခြားတရုတ်ကားကုမ္ပဏီများကလည်း အမေရိကန်ကိုဝင်ရောက်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် Zotye က သူတို့ထက် အရှေ့ရောက်နေပြီး ဒေသတွင်းကားအရောင်းဆိုင်များနဲ့ သဘောတူညီမှုများ ရထားပြီးပါပြီ။ အခြားတရုတ်ကုမ္ပဏီများက အမေရိကန်မှာရောင်းမယ့် ကားမော်ဒယ်များကို မရွေးချယ်ရသေးပေမယ့် Zotye ကတော့ ရွေးချယ်ပြီးပါပြီ။ ကုမ္ပဏီက အမေရိကန်မှာရောင်းမယ့် T600 ရဲ့ဈေးနှုန်းကို မပြောသေးပါဘူး။

တရုတ်မှာထုတ်တဲ့ ကားအချို့ကို အမေရိကန်မှာ ရောင်းချခဲ့ဖူးပါတယ်။ ဒါပေမယ့် စီးတဲ့လူ မရှိပါဘူး။ Zotye က ဒါကိုချိုးဖျက်မယ့် ပထမဆုံး တရုတ်ကားထုတ်လုပ်သူ ဖြစ်လာမှာပါ။ ကုမ္ပဏီက T600 ပြီးနောက် အနည်းဆုံး မော်ဒယ် 2 ခုကို ရောင်းချနိုင်ပါတယ်။ ဒါပေမယ့် သူတို့ကိုရောင်းမယ့်အချိန်ကို မပြောသေးပါဘူး။ ကုမ္ပဏီက ကားအရောင်းဆိုင် 60 နဲ့ စာချုပ်ချုပ်ထားပါတယ်။ T600 က စရောင်းချိန်မှာ အရောင်းဆိုင် 100 အထိရှိလာဖို့ မျှော်လင့်ထားပါတယ်။

Read 1530 times