၂၀၃၀ တွင် လျှပ်စစ်ကားများသာ ထုတ်လုပ်ရန် ZETA အသင်း ထူထောင်


ကားထုတ်လုပ်ရေး လုပ်ငန်းနယ်ပယ်မှာ လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီတွေ ပေါင်းစုပြီး အဖွဲ့ဝင်အဖြစ်

ပါဝင်တဲ့ ZETA ကို ထူထောင်ထားပြီး အသင်းရဲ့ ရည်မှန်းချက်က ၂၀၃၀ မတိုင်ခင်မှာ လျှပ်စစ်ဓာတ်အားကိုသာ ရာနှုန်းပြည့်သုံးစွဲပြီး မောင်းနှင်တဲ့ ကားများကိုသာ ထုတ်လုပ်ကြဖို့ ဖြစ်ပါတယ်။

ZETA က Zero Emission Transportation Association စွန့်ထုတ်ဓာတ်ငွေ့ သုည ပို့ဆောင်ရေး အသင်း ကို ဆိုလိုပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံ ဈေးကွက်တွေမှာ အစိုးရတွေက ရာနှုန်းပြည့် လျှပ်စစ်ကားတွေကိုသာ ရောင်းချခွင့်ပေးတော့မယ့် အစီအစဉ်တွေ ရေးဆွဲပြဌာန်းပြီး အချိန်ကာလအပိုင်းအခြားတွေ သတ်မှတ်ထားလာကြတာကို လိုက်လျောညီထွေစွာ ထုတ်လုပ်နိုင်ဖို့ လိုအပ်ပါတယ်။

လောလောဆယ် အသင်းဝင် ထားတဲ့ ကုမ္ပဏီ ၂၈ ခု

ABB

Albemarle Corporation

Arrival

ChargePoint

ConEdison

Copper Development Association, Inc.

Duke Energy

Edison International

Enel X

EVBox

EVgo

Ioneer

Li-Cycle

Lordstown Motors

Lucid Motors

Piedmont Lithium

PG&E Corporation

Proterra

Redwood Materials

Rivian

Siemens

Southern Company

SRP

Tesla

Vistra

Volta

Uber

WAVE

Read 368 times