ကားတံခါးမပါဘဲထုတ်လုပ်ခဲ့သည့်အမြင်ဆန်းသည့် မီနီကား Zeta Sports


သြစတြေးလျလူမျိုး Harold Lightburn သည်ရည်မှန်းချက်ကြီးကြီးနှင့် ကမ္ဘာကားဈေးကွက်ကိုထိုးဖောက်ရန် ကြိုးစားရာမှ ၁၉၆၃ ခုနှစ်မှာ အမြင်ဆန်းသည့် Zeta မီနီကားများစတင်ပေါ်ထွက်လာခဲ့ပါသည်။

ဖခင်တည်ထောင်ခဲ့သည့်ဘိလက်မြေဖျော်စက်၊အဝတ်လျှော်စက်၊ကိရိယာတန်ဆာပလာများနှင့်ဖိုင်ဘာဂလက်စ်လှေများထုတ်လုပ်နေသည့် Light-burn Industries ကိုဆက်ခံခဲ့သည့်Harold Lightburnမှာ ကိုယ်ပိုင် မော်တော်ကားထုတ်လုပ်ရန် စတင်ကြိုးစားခဲ့ပြီး ပထမဆုံးဗြိတိသျှမီနီကားမူပိုင်ခွင့် ဝယ်ယူခဲ့ပါသည်။

ထို့နောက်သေးငယ်ပေ့ါပါးပြီး ဈေးသက်သာသည့် Zeta မီနီကားများကိုစတင်ထုတ်လုပ်ဖြန့်ချိခဲ့ပါသည်။

ဂရိအက္ခရာခြောက်လုံးမြောက်ဖြစ်သည့် Zeta အမည်ပေးထားသည့်ကားကို Sedan နှင့် Sports ဆိုပြီး နှစ်မျိုးနှစ်စားခွဲခြားထုတ်လုပ်ခဲ့ပါသည်။

ယင်းသေးငယ်သည့် Zeta စပို့စ်ကားမိုဒယ်မှာကားတံခါးပေါက်မပါဝင်သောကြောင့်သူ့ခေတ်သူ့အခါ အလျောက်ထူးခြားဆန်းပြားနေပါသည်။

ယင်းကားများကို Two Stroke အင်ဂျင်တပ်ဆင်ထားပြီး ရှေ့ဘီးယက်စနစ်နှင့် မောင်းနှင်နိုင်ပါသည်။

အမြင့်ဆုံးမြန်နှုန်းအနေဖြင့်တစ်နာရီကိုမိုင်ငါးဆယ်နှုန်းလောက်သာမောင်းနှင်လို့ရနိုင်ပါသည်။

ကိုယ်ထည်ကိုဖိုင်ဘာဂလက်စ်အားဖြည့်ပလတ်စတစ်နှင့်ပုံသွင်းထားပြီး တံခါးပေါက်ကိုစတီးလုပ်ထားပါသည်။

သို့သော်လေးချက်ပြောင်းဂီယာစနစ်မှာနောက်ဂီယာမပါဝင်ပါသည်။

ကားမောင်းနေတုန်းနောက်ဆုတ်ချင်ပါကစက်သတ်ပြီးမှနောက်ပြန်မောင်းရမည့်စနစ်ပြောင်းပြီးကားနောက်ဆုတ်လို့ရပါသည်။

မြေပြင်ညီလမ်းတွင်မောင်းလို့အဆင်ပြေသော်လည်းသာမန်ကုန်းတက်လောက်ကိုတောင်မောင်းတက်ရန်ခက်ခဲ ပြီးမတ်စောက်သည့်လမ်းမျိုးဖြစ်ပါကလုံးလုံးလျားလျားမောင်းနှင်လို့မရနိုင်ပါဘူး။

ကားကွေ့ရန်နှင့် ပါကင်ထိုးရပ်နားရန်အတွက်အခက်အခဲ ရှိပါသည်။

ကားဒီဇိုင်းအမြင်ဆန်းသော်လည်းသုံးထားသည့် 498CC အင်ဂျင်ကြောင့် Zeta ကားများသည်ဈေးကွက်အရ အောင်မြင်မှုမရခဲ့ပါသည်။

၁၉၆၃ ခုနှစ်မှ ၁၉၆၆ ခုနှစ်ကာလာအတွင်း Zeta ကားအရေအတွက်စုစုပေါင်း ၃၆၃ စီးပဲထုတ်လုပ်နိုင်ခဲ့ပြီး ၂၈၃ စီးသာရောင်းချနိုင်ခဲ့ပါသည်။

အရောင်းနည်းပါးမှုကြောင့်Zetaကားများဆက်ထုတ်နိုင်ခြင်းမရှိဘဲရပ်နားခဲ့ပေမဲ့လက်ရှိအချိန်တွင်ယင်းကားတွင် သြစတြေးလျနိုင်ငံထုတ်ကားများထဲတွင်တစ်မူထူးခြားမှုအရှိဆုံးကားများထဲတွင်တစ်စီး ဖြစ်နေပါသည်။

 

Read 966 times