Zeekr X အ‌မြောက်အမြား ထုတ်လုပ်မှု စတင် 


Zeekr X အ‌မြောက်အမြား ထုတ်လုပ်မှု စတင် 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


 Zeekr သည် ဇွန်လ ၈ ရက်နေ့တွင် Zeekr X မော်ဒယ်ကို အမြောက်အမြား စတင်ထုတ်လုပ်ကြောင်း တရားဝင်ကြေညာပါသည်။

 

ကုမ္ပဏီသည် ယခုလလယ်တွင် Zeekr X ကားသစ်များ စတင်ရောင်းချရန် မျှော်လင့်ထားသည်။

 Geely သည် Zeekr X လျှပ်စစ် SUV ကို တရုတ်နိုင်ငံတွင် ယွမ် ၂၈၉,၈၀၀ (26,600 USD) ဖြင့် ရောင်းချပါသည်။ ယခုနှစ်နှောင်းပိုင်းတွင် ဥရောပ၌ စတင်ရောင်းချမည်။

Zeekr သည် Geely လက်အောက်ရှိ EV အမှတ်တံဆိပ်တစ်ခုဖြစ်ပါသည်။
 Zeekr မော်ဒယ်များမှာ 
Zeekr 001 sedan
Zeekr 009 MPV
Zeekr X SUV
တို့ဖြစ်ပါသည်။

 

Zeekr 001 sedan

Zeekr 009 MPV


မော်ဒယ် ၃ ခုစလုံး SEA ဗိသုကာပေါ်တွင် တည်ဆောက်ထားသည်။
Zeekr မော်ဒယ်များ ရောင်းအားမှာ ယခုနှစ်တွင် အစီးရေ ၇၂,၀၀၀ ကျော် ဖြစ်ပါသည်။
ဥရောပဈေးကွက်တွင် ရောင်းချသည့်အခါ ရောင်းအား ၂ ဆ တက်ရန် မျှော်မှန်းထားပါသည်။

 

Zeekr X အတွင်းပိုင်း


 Zeekr X အရွယ်အစားမှာ
 အလျား 4450 mm
 အကျယ် 1836 mm
 အမြင့်  1572 mm
 ခါးအလျား 2750 mm
ဖြစ်ပါသည်။

 

Zeekr X ကို ကိုယ်ထည်အရောင် ၆ မျိုးဖြင့် ထုတ်လုပ်ပါသည်။ မီးခိုးရောင်၊ အစိမ်းရောင်၊ ပန်းရောင်၊ အဖြူရောင်၊ အဝါနုရောင် နှင့် အပြာရောင် တို့ ဖြစ်ပါသည်။

  
 နောက်ဘက်မော်တာ  ပါဝါ 200 kW (272 hp) တစ်လုံးတည်း တပ်ဆင်ထားသော ဗားရှင်းသည် သုညမှ 100 km/h သို့ အရှိန်တင်ရန် ၅.၈ စက္ကန့် ကြာပါသည်။
မော်တာ ၂ လုံးပါသည့် ဗားရှင်းကိုလည်း ထုတ်လုပ်ပါသည်။ မော်တာ ၂ လုံး စုစုပေါင်း 315 kW (428 hp) အထိ ထုတ်ပေးနိုင်ပြီး သုညမှ 100 km/h သို့ အရှိန်တင်ရန် ၃.၇ စက္ကန့် ကြာပါသည်။
 
 Zeekr X ကို ၅ ယောက်စီးနှင့် ၄ ယောက်စီး ၂ မျိုး ထုတ်လုပ်ပါသည်။

 

Zeekr X မောင်းနှင်မှု ဉာဏ်ရည် စနစ်တွင် ကင်မရာ ၅ လုံး၊ ၅ မီလီမီတာ လှိုင်းသုံး ရေဒါ ၅ လုံး၊  ultrasonic ရေဒါ ၁၂ လုံး ပါဝင်သည်။


Source: iTHome
 

Read 338 times