ခရီးတာ ကီလိုမီတာ ၁,၀၀၀ ကျော်သွားနိုင်မည့် အီးဗီဘက်ထရီဖြင့် "ကမ္ဘာ့ပထမဆုံးလျှပ်စစ်ဇိမ်ခံ MPV"ကို ထုတ်


ခရီးတာ ကီလိုမီတာ ၁,၀၀၀ ကျော်သွားနိုင်မည့် အီးဗီဘက်ထရီဖြင့် "ကမ္ဘာ့ပထမဆုံးလျှပ်စစ်ဇိမ်ခံ MPV"ကို ထုတ်လုပ်မည်

 

တရုတ်နိုင်ငံအခြေစိုက် အီးဗီထုတ်လုပ်ရေး လုပ်ငန်း Zeekr သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး အီးဗီဘက်ထရီ  ထုတ်လုပ်ရေး လုပ်ငန်း Contemporary Amperex Technology Co., Limited (CATL) ထံမှ တတိယမျိုးဆက် ဘက်ထရီထုပ်ပိုး နည်းပညာ သုံးစွဲထားသော Qilin ဘက်ထရီကို ပထမဆုံး သုံးစွဲသည့် အီးဗီ  ဖြစ်လာမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

 

ဘက်ထရီထုပ်ပိုးနည်းပညာသစ်ဖြင့် ထုတ်လုပ်ထားသော Qilin ဘက်ထရီကို Zeekr 009 မော်ဒယ်တွင် ပထမဆုံး အသုံးပြုမည်ဟု ၎င်းကြေညာချက်တွင် ဖော်ပြထားသည်။ Zeekr 009 သည် "ကမ္ဘာ့ပထမဆုံးလျှပ်စစ်ဇိမ်ခံ MPV" ဖြစ်ပါသည်။ ၂၀၂၃ ပထမ၃ လပတ်တွင် စတင် ထုတ်လုပ်ပါမည်။ CATL ၏ ဘက်ထရီက Zeekr 009 ကို ခရီးတာ ၁,၀၀၀ ကီလိုမီတာ(၆၂၁ မိုင်) ကျော်သည်အထိ သွားနိုင်စေမည်ဟု ဆိုပါသည်။

CATL က ဘက်ထရီ ထုပ်ပိုးမှု နည်းပညာသစ် cell-to-pack tech (CTP) ကို ဧပြီလတွင် ပထမဆုံးအကြိမ် ပြသခဲ့ပါသည်။ အရွယ်အစားတူ အခြားအီးဗီဘက်ထရီထက် ပါဝါ ၁၃% ပိုထုတ်ပေးနိုင်သည်။ ကီလိုဂရမ်အရ စွမ်းအင်သိပ်သည်းမှုကို ကြည့်လျှင် လစ်သီယမ်-အိုင်းယွန်းဆဲလ် ဆိုပါက 255 wh/kg  ဖြစ်ပြီး LFP ဆဲလ် ဆိုပါက 160 wh/kg ဖြစ်ပါသည်။

 

ထို့အပြင် ဘက်ထရီဆဲလ်များကို ထိန်းကျောင်းခြင်းနှင့် အအေးပေးခြင်းတို့ သာလွန်ကောင်းမွန်ပါသည်။ သိပ်သည်းကျစ်လစ်သဖြင့် ဘက်ထရီထုပ်၏ ထုထည်အရွယ်အစား ပိုငယ်သွားစေပါသည်။  ထုပ်ပိုးမှု နည်းပညာသစ်ဖြင့် ထုတ်လုပ်သည့် ဘက်ထရီကို Qilin ချီလင်းဟု အမည်ပေးထားပါသည်။ Qilin သည် တရုတ်ဒဏ္ဍာရီလာ တိုးနယား သတ္တဝါ အဆန်းအပြား၏ အမည် ဖြစ်ပါသည်။

 

 Zeekr ကို "ပရီမီယံလျှပ်စစ်ကားကုမ္ပဏီ" အဖြစ် ၂၀၂၁ ခုနှစ် မတ်လတွင် ထူထောင်ခဲ့ပါသည်။ Volvo, Polestar, Lotus Cars အစရှိသည့် brand များကို ပိုင်ဆိုင်သည့်  Geely မှ Zeekr ကို ပိုင်ဆိုင်ပါသည်။ ယမန်နှစ်က Zeekr 001 ကို တရုတ်နိုင်ငံ နင်းဘိုမြို့ရှိ 'ဉာဏ်ရည်သုံး စက်ရုံ' တွင် စတင်ထုတ်လုပ်ခဲ့ပါသည်။ ရိုဘော့များ၊ အသံလွန်လှိုင်းဖြင့် အလိုအလျောက် စစ်ဆေးခြင်း အစရှိသည်တို့ကို အသုံးပြုထားသော စက်ရုံဖြစ်ပါသည်။

 

ပထမဆုံး  Zeekr 001 ကို 'ဉာဏ်ရည်သုံး စက်ရုံ' တွင် ထုတ်လုပ်နေစဉ် 

Source greencarreport

 

#MyanmarAutomobileGuide 

 

 Telegram Channel  https://t.me/Guid4U

 

MAG

Read 16642 times