CKD ၊ SKD ကားများကို YVQC လျှောက်ထားရန်မလိုဘဲ လိုင်စင်ခွင့်ပြုပေးရန်


ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ် သည့် CKD ၊ SKD ကားများကို YVQC လျှောက်ထားရန်မလိုဘဲ လိုင်စင်ခွင့်ပြုပေးရန် စက်မှုဝန်ကြီး ဌာနမှ သဘောထားမှတ်ချက် တင် ပြထားကြောင်း သိရသည်။

မြန်မာ့မော်တော်ယာဉ် ထုတ် လုပ်မှုကဏ္ဍ ဖွံ့ဖြိုးစေရန်အတွက် CKD ၊ SKD စနစ်ဖြင့် ထုတ်လုပ်သောကားများကို YVQC လျှောက် ထားရန်မလိုဘဲ ခွင့်ပြုပေးရန် စက်မှုဝန်ကြီးဌာနက သဘောထားမှတ် ချက် တင်ပြခဲ့သည်။ YVQC စနစ် ကို လာမည့်နှစ်အစပိုင်းတွင် စတင် ကျင့်သုံးရန်ရှိနေပြီး ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သော ကားများ ကို ပြည်ပမှ တင်သွင်းသည့်ကားများ ကဲ့သို့ အခွန်ပေးဆောင်စရာမလိုဘဲ ရန်ကုန်လိုင်စင်ခွင့်ပြုပေးရန် စက်မှု ဝန်ကြီးဌာနက တင်ပြခဲ့ခြင်းဖြစ်သည်။


“ပြည်တွင်းမှာ မော်တော် ယာဉ်ထုတ်လုပ်တဲ့ ကဏ္ဍအတွက် ထုတ်လုပ်မှုဆိုင်ရာ ဥပဒေကို ဒီလထဲမှာ ထုတ်ပြန်နိုင်ဖို့ ဆောင်ရွက် နေပါတယ်၊ နည်းဥပဒေကိုလည်း တစ်ဆက်တည်း ထုတ်ပြန်ပေးဖို့ရှိပါ တယ်၊ ဥပဒေမှာ CKD ၊ SKD ကားတွေနဲ့ CBU ကားတွေကို အ ခွန်တွေ ခွဲခြားကောက်ခံမယ့် ကိစ္စ ရပ်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။ ထုတ်လုပ်မှုကဏ္ဍကို အားပေးလိုတဲ့ အတွက် CKD ၊ SKD ကားတွေ ကို YVQC လျှောက်စရာမလိုဘဲ ရန်ကုန်လိုင်စင်ခွင့်ပြုပေးဖို့ သဘော မှတ်ချက် တင်ပြထားပါတယ်”ဟုစက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင် MIC ခွင့် ပြုချက်ဖြင့် ပြည်တွင်း၌ နိုင်ငံသား ကုမ္ပဏီရှစ်ခုနှင့် နိုင်ငံခြားသား ကုမ္ပဏီ ကိုးခု ရင်းနှီးမြှုပ်နှံထားပြီး CKD ၊ SKD စနစ်ဖြင့် ကားများ တပ်ဆင်ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

Read 622 times