၂၀၂၂ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ ခရီးသည် ပို့ဆောင်ရေးအတွက် ဘတ်စ်ကားများ ကာတာသို့ တရုတ်မှ ပေးပို့


၂၀၂၂ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ ခရီးသည် ပို့ဆောင်ရေးအတွက် ဘတ်စ်ကားများ ကာတာသို့ တရုတ်မှ ပေးပို့

ကာတာနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားဘောလုံးပွဲ   FIFA World Cup 2022 မှာ ခရီးသည် ပို့ဆောင်ရေးအတွက် အသုံးပြုမယ့် လျှပ်စစ်ဘတ်စ်ကား စုစုပေါင်း ၇၄၁ စီးကို တရုတ်နိုင်ငံမှ ကာတာနိုင်ငံသို့ ပင်လယ်ရေကြောင်းဖြင့်  ပေးပို့ပါတယ်။
အဆိုပါ ဘတ်စ်ကားများမှာ Yutong မှထုတ်လုပ်သော လျှပ်စစ်ဘတ်စ်ကားများဖြစ်ပြီး ကာတာနိုင်ငံသို့ ထွက်ခွာခြင်း အခမ်းအနားကို တရုတ်နိုင်ငံ အလယ်ပိုင်း Henan ပြည်နယ် Zhengzhou တွင် ဒီဇင်ဘာလ ဒုတိယပတ်မှာ ကျင်းပခဲ့ပါတယ်။ 
လျှပ်စစ်ဘတ်စ်ကားများကို နည်းပညာသစ်များဖြင့် အဆင့်မြှင့်တင်ထားပါတယ်။

ကာတာနိုင်ငံက ၂၀၂၂ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘတ်စ်ကားများ ထုတ်လုပ်ရန်အတွက် တရုတ်နိုင်ငံမှ ဘတ်စ်ကားထုတ်လုပ်ရေးလုပ်ငန်း Yutong နှင့် သဘောတူညီမှုရရှိခဲ့ပြီး Yutong က လျှပ်စစ်ကား ၇၄၁ စီးအပါအဝင် ပြိုင်ပွဲအတွက် သီးသန့် ထုတ်လုပ်တဲ့ ကားအစီးရေ စုစုပေါင်း ၁,၀၀၂ စီး  ထုတ်လုပ်ပေးပို့မှာ ဖြစ်ကြောင်း ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။ 

 

 

Read 3864 times