YPS Card ဒီဇင်ဘာလ ၁၃ ရက်နေ့မှ စတင် အသုံးပြုနိုင်မည်ဟု အသိပေးကြေညာ


YBS  ဘတ်စ်ကား စီးရာတွင် အသုံးပြုသော YPS (Yangon Payment Services) ကတ်ဝါကို ဒီဇင်ဘာလ ၁၃ ရက်နေ့မှ စတင်၍ YBS ၃၇ ယာဉ်လိုင်း  ၂ ခု ဖြစ်သည့် ဆူးလေ-ထောက်ကြံ့ နှင့် ဆူးလေ-ဝါယာလက် မှ ဘတ်စ်ကားများတွင် ပြန်လည် အသုံးပြုနိုင်မည်ဟု Yangon Payment Card ၏ Facebook  စာမျက်နှာ တွင် ထုတ်ပြန်ကြေညာထားပါသည်။

ပြန်လည်စတင်ခြင်းနဲအတူ အထူး Promotion အနေဖြင့် ဒီဇင်ဘာလ ၁၃ ရက်နေ့မှ ဒီဇင်ဘာလ ၁၉ ရက်နေ့ အထိ Top Up ၃၀၀၀ကျပ်ဖြည့်ပြီး YPS ကတ်ကို အခမဲ့လက်ဆောင်ရယူနိုင်မည် ဖြစ်ကြောင်းလည်း အသိပေးကြေညာထားပါသည်။ အဆိုပါ "အထူး Promotion" ကို ၆ထပ်ရုံး ၃၇ကားဂိတ်၊ ထောက်ကြံ့ဂိတ် နှင့် ဝါယာလက်ဂိတ် တို့တွင်သာ ရရှိမည်ဖြစ်ပါသည်။

 

 

Read 3631 times