မိမိကိုယ်တိုင် ကားမောင်းသင်တော့မည် ဆိုလျှင် ယခုဖော်ပြထားသည့်အကြောင်းအရာများကို သိရှိထားသင့်ပါသည်။
၁။ ပထမဦးစွာ စာတွေ့လက်တွေ့ သင်ယူပါ ။
၂။ '' သ '' သင်မောင်းလိုင်စင်လက်ဝယ်ရယူပြုလုပ်ပါ။
၃။ သက်ဆိုင်ရာသင်တန်းမှ သင်တန်းဆင်းလက်မှတ်ရယူ ထားရမည်။
၄။ ၁ / ၂ / ၃ အချက်များသည် မဖြစ်မနေပြုလုပ်ရမည့်အချက်အလက်များဖြစ်သည်။
၅။ '' သ '' သင်မောင်းလိုင်စင်သက်တမ်းမှာတရားဝင် ( ၁ ) နှစ်မောင်းနှင်ခွင့်ပြုထားပါသည်။ ကျော်လျှင်သက်တမ်း ပြန်လည်တိုးထားနိုင်ပါသည်။
၆။ '' သ '' သင်မောင်းလိုင်စင် ပြုလုပ်လက်ဝယ်ရရှိသည့်နေ့မှ စတင်ရေတွက် ( ၃ ) လပြည့်မြောက်သည့်ရက်မှနောက်ပိုင်း (၁) နှစ်အတွင်း '' ခ '' လို့ခေါ်တဲ့ လိုင်စင်အခမဲ့ ဖြေဆိုခွင့်ရရှိမည်ဖြစ်သည်။
၇။ သက်ဆိုင်ရာသင်တန်းဆင်းလက်မှတ်ဆိုသည်မှာ မိမိတက်ခဲ့သောသင်တန်းမှ သင်တန်းအောင်မြင်ပြီးစီးကြောင်းထောက်ခံစာသဖွယ်ဖြစ်ပါသည်။
မှတ်ချက်။ ။ ယခုနောက်ပိုင်း ( ကညန ) ရုံးမှာ ( ၁ )ရက်တာ လူကိုယ်တိုင်သွားရောက်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကိုစာတွေ့အနေဖြင့် ရှင်းပြမှု့ကို တက်ရောက်မည်ဆိုလျှင် သက်ဆိုင်ရာသင်တန်းမှပေးသော
လက်မှတ် မလိုခြင်းကို ဆိုလိုသည်။
၈။ စာတွေ့ဖြေဆိုခြင်း
'' သ '' သင်မောင်းလိုင်စင်မှ '' ခ '' လိုင်စင်သို့ကူးပြောင်းနိုင်ဖို့ရာ စာတွေ့အရင်ဖြေဆိုရပါမည်။ မေးခွန်းအမှတ်( ၅၀ ) ဖိုးမေးပါသည် ရမှတ် ( ၄၀ ) ရလျှင်အောင်မြင်ပါသည်။ ( ၃၉ ) မှတ်ထိ အကျပေးပါသည်
နောက်တပတ်ချိန်းပါသည်။ မိမိရမှတ်မှာ အလွန်နည်းနေလျှင် ရမှတ်ပေါ်မူတည်၍ ရက်သတ္တပတ် ခွာချိန်းပါသည်။ တခါကျလို့နောက်တခါဖြေဆိုမည်ဆိုလျှင် စာမေးပွဲကြေး ( ၅၀၀ )ကျပ်သာကုန်ကျမည်ဖြစ်သည်။ စာမေးပွဲခန်းထဲသို့
ယူဆောင်သွားရမည့် အချက်အလက်များ မှတ်ပုံတင် မူရင်း၊ '' သ '' သင်မောင်းလိုင်စင်မူရင်း၊ သင်တန်းဆင်းလက်မှတ် ဆောင်သွားပါ။
၉ ။ လက်တွေ့ဖြေဆိုခြင်း
ပထမဦးစွာ ဖြေဆိုမည့်ကွင်းအတွင်း ပတ်မောင်းပြရပါမည် ( ၁ )ပတ် မိမိကိုယ်ပိုင်ကားဖြင့်လည်း ဖြေဆိုခွင့်ပေးထားပါသည်။
၁။ ခါးပတ် ပတ်ပါ
၂။ သတ်မှတ်ထားသော စည်းများကိုမနင်းမိပါစေနှင့်
၃။ ကွေ့တိုင်းမှာ singnal အချက်ပြမီးပြပါ။
၄။ slow down များ၌အရှိလျှော့၍ အတက်အဆင်းပြုပါ။
၁၀။ အဆုံးအဖြတ်ပေးမည့် ကားပါကင်ထိုးနည်း
ဒီအဆင့်ကိုအောင်မြင်မှသာ '' ခ '' လိုင်စင်တရားဝင်ရရှိမည်ဖြစ်သည်။
၁။ ရှေးဦးစွာ ကားပေါ်တက်လျှင် ခါးပတ် ပတ်ပါ။
၂။ ဘယ်ညာနှစ်ဖက်ကြည့်မှန်များကိုအောက်သို့စိုက်ပါ။ အတက်နိုင်ဆုံးဝင်မည့်စည်းကိုမြင်သာအောင်
၃။ ဘေးစည်းနှစ်ဖက်အားမနင်းမိအောင်ဂရုပြုပါ။
၄။ သတ်မှတ်ထားသော ပါကင်စည်းအတွင်းဝင်ပြီဆိုလျှင် ဖြေးညင်းစွာနောက်သို့ဆုတ်ပါ ဗဟိုတည့်ပြီဆိုလျှင်ရပ်ပါ။ ထိုကဲ့သို့လုပ်ဆောင်အောင်မြင်ပါက ပါကင်အောင်မြင်စွာပြီးမြောက်ပါပြီ။
အထက်ဖော်ပြပါအရာများသည် မိမိကိုယ်တိုင်ကားတစီးအားစတင် သင်ကြားမောင်းနှင်မှု့နှင့် လိုင်စင်ပြုလုပ်ပုံအဆင့်ဆင့်တို့အား ရှင်းပြခြင်းဖြစ်ပါသည်။
Triple X