အော်တိုဂီယာနှင့်ပတ်သတ်၍ သိထားသင့်သည့် အချက်များ အပိုင်း(၂)


အော်တိုဂီယာစနစ် ပျက်စီးချွတ်ယွင်းရသည့် အကြောင်းတရားများထဲတွင် ပါဝါ Level ကျပြီး ဆီနည်းလွန်းနေခြင်းမျိုး၊ ပါဝါအရည်အသွေးကျတာမျိုး၊ ပါဝါဆီသစ်လဲမပေးဘဲနှစ်ပေါင်းများစွာသုံးနေခြင်းမျိုး၊

ATF ဆီမျိုးအစားရွေးချယ်မှုမှားနေခြင်းမျိုး စသည့်အချက်များက အော်တိုဂီယာ ပျက်စီးစေသော အချက်များ ဖြစ်ပါသည်။

ATF ပါဝါဆီဆိုသည်မှာ အော်တိုဂီယာစနစ်မှာ ဂီယာသွားများ၊ ပင်နယံများ လည်ပတ်နေသည့် အစိတ်အပိုင်းများ၊ ဘောလ်ဘယ်ရင်များအတွက် ချောဆီဖြစ်ပါသည်။ အော်တိုဂီယာဘောက်စ် အလုပ်လုပ်လည်ပတ်ရာမှ

အပူများ ထွက်လာပြီး အပူချိန်မြင့်တက်မလာရန် ATF ပါဝါဆီက အအေးခံပေးပါသည်။

အင်ဂျင်က ရုန်းအားကိုတော့ ကွန်ဗာတာမှတဆင့်ဂီယာတွေအဆင့်မဆင့်ခံပြီးနောက်ဆုံးDrive Train သို့ရောက်စေတဲ့အရာကလည်းATFပါဝါဆီပါဘဲ။ အော်တိုဂီယာစနစ်မှာထိန်းချုပ်မှုအပိုင်းကို ဆောင်ရွက်ပေးသော

ဟိုက်ဒြောလစ်စနစ်ဖြစ်သည့်အပြင် အော်တိုဂီယာစနစ်အတွင်းတွင် ဘရိတ်များ၊ ကလပ်များ၊ အလုပ်လုပ်စေခြင်းကလည်း ATFပါဝါဆီဖိအားသာဖြစ်ပါသည်။

ထို့ကြောင့် အော်တိုဂီယာစနစ်တွင် ATF ပါဝါဆီသည် အဓိကကျသော အချက်ဖြစ်ပါသည်။ Manual Gear တွင် အသုံးပြုခြင်း ကြာသွားလျှင် ကလပ်ပလိပ် လိုက်နာများစားပြီး ကလပ်ပလိပ်ချော်ရာမှ

ကလပ်ပလိတ်လောင်သွားနိုင်ပါသည်။ ကလပ်ညှော်နံ့များ ထွက်ပြီး အင်ဂျင်ဆွဲအား၊ ရုန်းအားကို ဂီယာဘောက်စ်ရောက်အောင်မပို့နိုင်ခြင်းမျိုးကို ကလပ်စလစ်ဖြစ်သည်ဟု ခေါ်ပါသည်။ အော်တိုဂီယာမှာလည်း ထိုကဲ့သို့

စလစ်ဖြစ်တက်ပါသည်။

ဂီယာကို N မှ D ကို ပြောင်းထိုးလီဗာနင်းကြည့်လိုက်ပါက အသံထူးထူးခြားခြားမြည်လာပြီး ကားမဆွဲဘဲ တုန်ဆိုင်းတုန်ဆိုင်းဖြစ်ချင်သည့် လက္ခဏာမျိုးဖြစ်ပါသည်။ အော်တိုဂီယာဘောက်ထဲတွင် ATF ပါဝါဆီနည်းပြီး ဆီ

Level ကျနေခဲ့လျှင် ပါဝါဆီဖိအားကျဆင်ပြီး စလစ်ဖြစ်တက်ပါသည်။ အော်တိုဂီယာဘောက်ထဲမှာ ATF ပါဝါဆီကိုစစ်ဆေးသည့်အခါ ပါဝါဆီနည်းသွားလျှင် ကွန်ဗာတာက ဆီဖိအားအပြည့်အဝမရတော့ဘဲ

တုန်ဆိုင်းနေပါလိမ့်မည်။

ပါဝါဆီ Level တိုင်းသည့် ဒုတ်တံနှင့် ဆီ Level တိုင်းကြည့်ပြီး ဆီလျော့နေလျှင် ဆီထပ်ဖြည့်ပါ။ ဆီထည့်တာများသွားရင်Level ကျော်သွားတာလဲမဖြစ်စေရန် ဂရုပြုရပါမည်။ ATF ပါဝါဆီ၏

အရောင်အသွေးကိုစစ်ကြည့်သည့်အခါ အနီရောင်(သို့မဟုတ်) နီညိုရောင်ပျော့ပျော့ရှိနေလျှင် ဆီအခြေအနေကောင်းနေပြီး ဆီအရောင်မည်းညစ်ညစ်ဖြစ်နေပြီးဆိုလျှင် ပါဝါဆီဖောက်ချပြီး အသစ် လဲလှယ် လိုက်သင့်ပါသည်။

အောတိုဂီယာစနစ်တွင် လည်ပတ်နေသော ATF ပါဝါဆီသည် ဖိအားများခြင်းကြောင့် အပူချိန်မြှင့်တက်လာပါသည်။ ATF ပါဝါဆီများ၏ အပူများကို Oil Cooler ကအအေးခံပေးပြီး Oil Cooler ကို

အင်ဂျင်အအေးခံစနစ်နှင့်တွဲဖက်ပါသည်။ အကယ်၍ ATF ပါဝါဆီ၏ အရောင်သည် နို့ရောထားသည့် အညှိရောင်မျိုးပြောင်းနေပြီးဆိုလျှင် ပါဝါဆီထဲတွင် ရေရောက်နေသောကြောင့်ဖြစ်ပါသည်။

ရေရောနေသည့် ပါဝါဆီသည် အော်တိုဂီယာစနစ်အတွက် အလွန်အန္တရာယ်များသောကြောင့် ချက်ချင်းဖောက်ချပြီး ဆေးကြောသန့်ရှင်းပြီးမှ ဆီသစ်ထည့်ရပါမည်။ ၂၀၀၉ အောက်ဆိုလျှင် ကီလို ၅၀၀၀၀ ခန့်

သုံးပြီးတိုင်း ATF ပါဝါဆီလဲလှယ်ပေးသင့်ပြီး မိုဒယ် ၂၀၁၀ အထက်ဆိုလျှင် ပုံမှန်ကီလို ၁ သိန်းဝန်းကျင်ခန့်သုံးပြီးလျှင် လဲသင့်ပါသည်။ ATF ပါဝါဆီကို ထုတ်လုပ်သူညွှန်ကြားထားသော ဆီအမျိုးအစားကိုသာ

အသုံးပြုသင့်ပပါသည်။

ပိုင်ရှင် လက်စွဲစာအုပ်တွင် ATF ပါဝါဆီအမျိုးအစားကို ဖော်ပြထားပါသည့်အပြင် ဆီတိုင်းသည့် ဒုတ်တံ (Dipstick) တွင် ဖော်ပြထားပါသည်။ အော်တိုဂီယာစနစ်တွင် ATF ပါဝါဆီများ အကြောင်းအမျိုးမျိုးနှင့်

ယိုစိမ့်နိုင်ပြီး ဆီနည်းသွားလျှင် အော်တိုဂီယာစနစ် ပျက်စီးသွားပါသည်။ ထို့ကြောင့် ဆီ Level၊ ဆီအရောင်များကို ဂရုတစိုက်စစ်ဆေးသင့်အပြင် မိုင် ၃၀၀၀၀ အထက်ပိုမသုံးသင့်သည့်အပြင် ဆီသစ်လဲပေးလျှင်လည်း

အမျိုးအစားမှန်သည့် ဆီကိုသာ သုံးသင့်ပါသည်။

အော်တိုဂီယာပျက်လျှင်ပြင်သုံး၍ မရသောကြောင့် အလုံးလိုက်အသစ်လဲပေးရပါသည်။

သက်တမ်းကြနေပြီဖြစ်သည့် 1999, 2000, 2001, 2002 မိုဒယ်ကားများတွင် ATF ပါဝါဆီကို ဂရုစိုက်ပေးရပါမည်။ Used ကားဝယ်လျှင် ATF ပါဝါဆီကို စစ်ဆေးပြီး လိုအပ်ပါက ဆီအသစ်လဲလှယ်ပေးသင့်ပါသည်။

အင်ဂျင်တစ်လုံး၏ အသက်သည် အင်ဂျင်ဝိုင်ဖြစ်သကဲ့သို့ အော်တိုဂီယာတစ်လုံး၏ အသက်သည်လည်း ATF ပါဝါဆီသာဖြစ်ပါသည်။

Read 1916 times