အော်တိုဂီယာနှင့် မန်နျူရယ်ဂီယာ ၂ မျိုးမှာ အော်တိုက ကားမောင်းရသည့်လူ သက်သာသောကြောင့် ပိုပြီးလူ ကြိုက်များပါသည်။
လူစီးကားများထဲတွင် အော်တိုဂီယာပါသည့်ကားများ များပြားလာပါသည်။ အသုံးပြုရလွယ်ကူ၍ လူသက်သာပြီး ပြင်ဆင်ထိန်းသိမ်းရခြင်းနည်းသည်။ Manual ဂီယာမှာဆိုလျှင် ကလပ်ပလိပ်အုံနှင့်၊ ကလပ်ဆုံများ ပါနေသည်။
ကလပ်ဝါရှာပေါက်ခြင်း ကလပ်ပလိပ်ပြားလဲရခြင်းများသည် အလုပ်ပိုစေပါသည်။ ကလပ်ပြဿနာများက မကြာခဏဆိုသလို ဖြစ်တတ်ပြီး ကားမောင်းတဲ့အခါတွင်လည်း ကလပ် ခြေနင်းတံကို အမြဲနင်းပြီးမှ ဂီယာ
ပြောင်း၍ရသည်။ မြို့ထဲတွင် ကားကျပ်သည့်အချိန်ဆိုလျှင် ကလပ် ခဏခဏ နင်းနေရ၍ ကြာလျှင် ဒူးဆစ်များ၊ ခြေထောက်များညောင်းလာပြီး ကြာကြာကားမောင်းလျှင် Manual ဂီ ယာက လူကိုပင်ပန်းစေသည်။
အော်တိုဂီယာစနစ်တွင် ကလပ်၏အလုပ်တာဝန်နှင့် ဂီယာဘောက်စ်အလုပ်တာဝန် နှစ်မျိုး စလုံးကို အလိုအလျောက်ဆောင်ရွက် ပေးသည်။ ကားမောင်းရသည်သူသက်သာသည့်အပြင် ပြုပြင်ထိန်းသိမ်းစရိတ် သက်သာပြီး
ATF (Automatic Transmission Fluid) ပါဝါဆီသာ မှန်မှန် လဲပေးရပါသည်။ အော်တိုဂီယာစနစ်မှာ ယေဘု ယျအားဖြင့် အစိတ်အပိုင်း ၃ မျိုးပါဝင်သည်။ (၁) တော့ကွန်ဗာတာ (Torque Converter)၊
(၂) ပလန်နက်ထရီဂီယာ (Planetary Gear Unit)၊ (၃) ဟိုက်ဒြောလစ်ထိန်းချုပ်ယူ နစ် (Hydraulic Control Unit) စသည်တို့ဖြစ်ပါသည်။
တော့ကွန်ဗာတာ (Torque Converter)
တော့ကွန်ဗာတာ (Torque Converter) မှာ အော်တိုဂီယာ ဘောက်စ်စနစ်၏ အဓိက မောင်းနှင်အား ယူနစ်ဖြစ်ပြီး ကားသမားများ အလွယ်ခေါ်ကြသည်မှာ သပိတ်နဲ့ပုံစံတူ၍ ”သ ပိတ်လုံး” ဟု ခေါ်ကြပါသည်။
တော့ကွန်ဗာတာဆိုသည်မှာ ဟိုက်ဒြောလစ်ပါဝါဆီတွန်းအားနှင့် အင်ဂျင်လည်အား (Torque) ကို ကူးပြောင်းပေးနိုင်သော ကိရိယာဖြစ်ပါသည်။ တော့ကွန်ဗာတာတွင် Pump Impeller, Turbine Runner နှင့်
Stator များပါဝင်ဖွဲ့စည်းထားပါသည်။ Impeller နှင့် Turbine ကြားတွင် Stator ရှိပါသည်။
တော့ကွန်ဗာတာအတွင်းပိုင်းတွင် Auto ဂီယာ၏ အသက်ဖြစ်သည့် ATF ဟုခေါ်သော ပါဝါဆီရှိပါသည်။ အင်ဂျင်ဖလိုင်းဝှီးလည်ပါက Impeller ပါလိုက်လည်ပြီး Impeller တွင် ပါဝါဆီကို ခတ်ပေးနိုင်သော ဒလတ်များ
ပါဝင်ပါသည်။ Impeller လည်လျှင် ပါဝါဆီများလိုက်ပြီးလည်သည့်အပြင် Impeller လည်အားကြောင့် ပါဝါဆီများသည် Stator ကိုဖြတ်ပြီး Runner တာဘိုင် ဒလက်များကို ရိုက်ခတ်မိခြင်းကြောင် Runner တာဘိုင်ပါလိုက်ပြီး
လည်ပါသည်။
Torque
အင်ဂျင် Torque လည်နေသည့်အချိန်တွင် အင်ဂျင်ဖလိုင်းဝှီးကလည်း တစ်ပတ်ချင်းလည်နေသည့်အတွက် ကွန်မာတာအုံထဲတွင်ရှိသော ပါဝါဆီ၏ တွန်းအား၊ ဖိအားသည် အားနည်းနေသည်။ ထို့ကြောင့် အင်ဂျင်တွင်
ကွန်ဗာတာအလုပ်မလုပ်ပေ၊ လီဗာနင်းပြီး အင်ဂျင်စက်ရှိမြင့်တက်လာသည်နှင့် ကွန်ဗာတာစပြီး အလုပ်လုပ်ပါသည်။ အော်တိုဂီယာစနစ်တွင် အင်ဂျင်ရုန်းအားလှည့်အား (Torque) ကို တော့ကွန်ဗာတာမှတစ်ဆင့်
အော်တိုဂီယာအုံကို လည်ပတ်စေခြင်း၊ ATF ပါဝါဆီစီးဆင်းမှု တွန်းအားကြောင့်ဖြစ်သည်။
တော့ကွန်ဗာတာတွင် အင်ဂျင်လှည့်အားကို လွှဲပြောင်းပေးခြင်းတွင် ATF ပါဝါဆီ၏ တွန်းအားသည် အဓိကဖြစ်ပါသည်။ Impeller တွင် Blades ဒလက်များ တပ်ဆင်ထားပြီး Impeller လည်ပတ်လျှင် Blade များ၏
ရိုက်ခတ်မှုကြောင့် ပါဝါဆီများလိုက်လည်ပါသည်။
ပါဝါဆီများက Stator ကို ဖြတ်စီးပြီးတွင် ရှိသော တာဘိုင်ဒလက်များကို သွားရိုက်ပါသည်။ ပါဝါဆီများ Stator ကိုဖြတ်သန်းချိန်တွင် Oill Flow များ ပိုပြီးအားကောင်းလာသဖြင့် ပါဝါဆီများ လိုက်လည်ပြီး Converter
လည်ပတ်ရခြင်းဖြစ်ပါသည်။
Auto Gear စနစ်တွင် အင်ဂျင်လည်အား၊ ရုန်းအား (Torque) ကို ပို့လွှတ်ရာတွင်ဖြစ်စေ၊ ဆပွားတိုးပြီး အားပိုမိုကောင်းလာစေရန်ဖြစ်စေ၊ အဓိက လုပ်ဆောင်ပေးသောအရာမှာ ATF ဟုခေါ်သော
ဟိုက်ဒြောလစ်ပါဝါဆီဖြစ်ပါသည်။ Impeller နှင့် Turbine ကြားတွင်ရှိသော Stator ၏ တာဝန်က Impeller နှင့် Turbine နှစ်ခုကြားတွင်ရှိသော Oil Flow Circuit ကိုမြင့်တင်ပေးရန်ဖြစ်ပါသည်။
အင်ဂျင်လည်ပတ်သည်နှင့် Impeller လိုက်လည်ပြီး ဟိုက်ဒြောလစ်ပါဝါဆီများကို Impeller ဒလက်များက တွန်းပါသည်။ Impeller နှင့် Turbine ကြားတွင် Stator ရှိနေခြင်းကြောင့် တွန်းပို့လိုက်သော ပါဝါဆီများကို
ဦးတည်ရာလမ်းကြောင်းပြောင်းလဲသွားပြီး ပါဝါဆီ၏ Oil Flow စီဆင်းမှုနှင့် ဖိအားကို တိုးပွားစေပါသည်။
ထိုကဲ့သို့ စွမ်းဆောင်ရည်တိုးပွားစေခြင်းကြောင့် ကွန်ဗာတာ၏ စွမ်းအားမြင့်တင်ပေးနိုင်မှုသည် ၂ ဆကျော်တိုးလာပါသည်။ Impeller ၏ လည်ပတ်မှု ၉၀% ကိုTurbineသို့ပို့ဆောင်ပေးနိုင်ပြီး အော်တိုဂီယာစနစ်တွင်
ဟိုက်ဒြောလစ်စနစ်နှင့် အလုပ်လုပ်နေခြင်းကြောင့် ATF (ခေါ်) ဟိုက်ဒြောလစ် ပါဝါဆီသည် အဓိကကျပြီး အရေးကြီးပါသည်။