Yoma Hire Purchase ဝန်ဆောင်မှုအကြောင်း 


ရိုးမဘဏ်၏ အငှားဝယ်ယူစနစ်ဖြင့် ကား၊ မော်တော်ဆိုင်ကယ် နှင့် အငှားယာဉ်များ အသစ်ဝယ်ယူရာတွင်  ငွေကြေးအထောက်အပံ့ ရယူနိုင်ပြီဖြစ်ပါသည်။ အဆင်ပြေသော ချေးငွေကာလပါရှိသည့် ရိုးမဘဏ်၏  အငှားဝယ်ယူစနစ် ဖြင့်  ဝယ်သူနှင့်ရောင်းသူ နှစ်ဦးလုံးအတွက် လွယ်ကူလုံခြုံသော ဝယ်ယူမှုများကို  ဆောင်ရွက်နိုင်မှာဖြစ်ပါသည်။

အငှားဝယ်ယူစနစ်ချေးငွေကို ရိုးမဘဏ် ဘဏ်ခွဲများသို့ သွားရောက်ရန်မလိုဘဲ ရိုးမဘဏ်နှင့် ချိတ်ဆက်ထားသော တရားဝင်ကိုယ်စားလှယ်များထံတွင် လွယ်ကူအဆင်ပြေသည့် အွန်လိုင်းလျှောက်ထားမှုပုံစံဖြင့် လျင်လျင်မြန်မြန်  လျှောက်ထားနိုင်ပါသည်။

ကနဦးပေးသွင်းငွေသည် ဝယ်ယူသည့်ပစ္စည်းအပေါ်မူတည်ပြီး အနည်းဆုံး ၁၀% နှင့် ဘဏ်ဝန်ဆောင်ခမှာ ချေးငွေပမာဏ၏ ၁ % မှ ၃% ထိ ဖြစ်သည်။ အနည်းဆုံး ကနဦးပေးသွင်းငွေ နှင့် ဘဏ်ဝန်ဆောင်ခများမှာ ရောင်းဝယ်ဖောက်ကားသူနှင့် ကုန်ပစ္စည်းအမျိုးအစားပေါ်တွင် မူတည်ပြောင်းလဲနိုင်ပါသည်။

ကြိုတင်အတိုးကို အငှားဝယ်ယူချေးငွေပမာဏအပေါ်တွင် ကောက်ခံသွားမည်ဖြစ်သည်။

၁ နှစ်ကာလအတွက် 

လစဉ်ပြန်လည်ပေးဆပ်ရမည့် ပုံစံအတွက် အတိုးနှုန်းမှာ ၆% ၊ သုံးလ တစ်ကြိမ် (သို့) ခြောက်လတစ်ကြိမ် ပြန်လည်ပေးဆပ်ရမည့်ပုံစံအတွက် အတိုးနှုန်းမှာ ၇%

၂နှစ်ကာလအတွက်

လစဉ်ပြန်လည်ပေးဆပ်ရမည့် ပုံစံအတွက် အတိုးနှုန်းမှာ ၁၂% ၊ သုံးလ တစ်ကြိမ် (သို့) ခြောက်လတစ်ကြိမ် ပြန်လည်ပေးဆပ်ရမည့်ပုံစံအတွက် အတိုးနှုန်းမှာ ၁၃%

၃နှစ်ကာလအတွက်

လစဉ်ပြန်လည်ပေးဆပ်ရမည့် ပုံစံအတွက် အတိုးနှုန်းမှာ ၁၈% ၊ သုံးလ တစ်ကြိမ် (သို့) ခြောက်လတစ်ကြိမ် ပြန်လည်ပေးဆပ်ရမည့်ပုံစံအတွက် အတိုးနှုန်းမှာ ၁၈%

တူညီသော လစဉ်ပေးသွင်းငွေ၊ တူညီသော သုံးလပတ်ပေးသွင်းငွေ၊ တူညီသော နှစ်ဝက်ပေးသွင်းငွေ၊ အငှားဝယ်ယူစနစ် ချေးငွေပမာဏအပေါ်မူတည်ပြီး အတိုးနှုန်းကို တစ်နှစ်လျှင် ၁၀ % ကောက်ခံသွားပါမည်။

ကားအသစ်များအတွက် အများဆုံးချေးငွေသက်တမ်းမှာ ၅ နှစ်

ကားအဟောင်းများအတွက် အများဆုံးချေးငွေသက်တမ်းမှာ ၃ နှစ်

လေးလံသည့် စက်ယန္တရားကြီးများနှင့် ကိရိယာအသစ်များ သို့မဟုတ် စိုက်ပျိုးရေးသုံးစက်နှင့် ကိရိယာ အသစ်များအတွက် အများဆုံးချေးငွေသက်တမ်းမှာ ၃ နှစ် မှ ၅ နှစ်

လေးလံသည့် စက်ယန္တရားကြီးများနှင့် ကိရိယာအဟောင်းများ သို့မဟုတ် စိုက်ပျိုးရေးသုံးစက်နှင့် ကိရိယာ အဟောင်းများအတွက် အများဆုံးချေးငွေသက်တမ်းမှာ ၂ နှစ်

စိုက်ပျိုးရေးလုပ်ငန်းသုံးမဟုတ်သော စက်တပ်ယာဉ်များ၊ စက်ယန္တရားများနှင့် ကိရိယာများအတွက် လစဉ်အရစ်ကျပေးသွင်းရမည်။စိုက်ပျိုးရေးလုပ်ငန်းသုံး စက်တပ်ယာဉ်များ၊ စက်ယန္တရားများနှင့် ကိရိယာများအတွက် လစဉ် ၊ သုံးလပတ် သို့မဟုတ် နှစ်ဝက်အလိုက် အရစ်ကျပေးသွင်းရမည်။

ရိုးမဘဏ်၏ အငှားဝယ်ယူစနစ် လျှောက်ထားရန် လိုအပ်ချက်များမှာ

မှတ်ပုံတင်မိတ္တူနှင့် မူရင်းကိုပါပူးတွဲတင်ပြရမည်။

အိမ်ထောင်စုစာရင်းမိတ္တူနှင့် မူရင်းကိုပါ စစ်ဆေးရန်တင်ပြရမည်။

နေထိုင်ကြောင်းရပ်ကွက်ထောက်ခံစာမူရင်း

ရဲစခန်းထောက်ခံစာမူရင်း

လျှောက်ထားသူသည် ဝန်ထမ်းဖြစ်ပါက ကုမ္ပဏီ ထောက်ခံစာနှင့် ပြီးခဲ့သည့် ၃ လအတွင်းရှိ လစာပြေစာများ

အာမခံပေးမည့်သူတစ်ဦးနှင့် အဆိုပါပုဂ္ဂိုလ်၏ အလားတူအထောက်အထားများ တို့ဖြစ်ပါသည်။

Read 465 times