Yoma AutoMart မှာ ကားလေလံ ဆွဲမည်ဆိုလျှင်


Yoma AutoMart မှာ ကားလေလံ ဆွဲမည်ဆိုလျှင် အောက်ဖော်ပြပါအတိုင်း လုပ်ဆောင်ရမည် ဖြစ်သည်။

၁) ပထမဦးစွာ www.yomaautomart.com သို့ဝင်ရောက်ပြီး နာမည်အပြည့်အစုံနှင့်တကွ email နှင့် phone number တို့ကိုဖြည့်သွင်းပြီး Register လုပ်ရပါမည်။

(၂) လေလံတင်ထားသော ကားများကိုရှာဖွေရန်အတွက် Find Vehicle ကိုနှိပ်၍သော်၎င်း Make & Model ဖြည့်သွင်း ၍သော်၎င်း ရှာဖွေပါ။

(၃) မိမိနှစ်သက်ရာကား၏ See Detail to Bid ကိုနှိပ်၍ စတင်လေလံဆွဲနိုင်ပါသည်။

လေလံဆွဲထားသောကားကို မျက်မြင်လာရောက်ကြည်ှရှုလိုပါက 09966235338 သို့ဆက်သွယ်၍ကားရှိရာ ရန်ကုန်/မန္တလေး ရုံးလိပ်စာတွင် လာရောက်ကြည့်ရှုနိုင်ပါသည်။ လေလံဆွဲရာတွင် Place Bid ကိုနှိပ်ပါကမိမိထက်အရင်သူများပေးထားသေ ာစျေးထက်ပိုပေးရမည်ဖြစ်ပါသည်။

Make Offer ကိုနှိပ်ပါက မည်သူမှစျေးမပေးရသေးခဲ့လျှင်မိမိကြိုက်နှစ်သက်ရာစျေးစပေးနိုင်သည်။ သတ်မှတ်ကြမ်းခင်းစျေးထက်နည်းသော Place Bid / Make offer များတွင် (Your offer is lower than the previous bidded amount or the reserved amount. Please increase your offer.) ဆိုသောစာတန်းပေါ်လာမည်ဖြစ်သည်။

သတ်မှတ်ကြမ်းခင်းစျေးအောက်ပေးသောကားများကို ရောင်းချမည် မရောင်းချမည်ကို Yoma AutoMart မှဆုံးဖြတ်မည်ဖြစ်ပြီး မရောင်းချပါကဆက်လက်လေလံတင်မည်ဖြစ်ပါသည်။

(၄)သတ်မှတ်ကြမ်းခင်းစျေးထက်ကျော်ပြီးအမြင့်ဆုံးစျေးပေးသူသည် လေလံအောင်မြင်မည်ဖြစ်ပြီး လေလံအောင်မြင်သူထံ email ဖြင့်အကြောင်းကြားပါမည်။

(၅) လေလံအောင်မြင်ကြောင်း email လက်ခံရရှိပါက email တွင်ပါဝင်သော Yoma Fleet Bank Account များသို့ လေလံအောင်မြင်သည့်စျေးဖြင့်ငွေပေးသွင်းရမည်ဖြစ်ပြီး bank slip ကို Yoma AutoMart website ရှိမိမိ account တွင် upload လုပ်ပေးရပါမည်။

ငွေသွင်းပြီးပါ ကားထုတ်ယူရန်အတွက်သက်ဆိုင်ရာ Yoma Fleet ရုံးသို့ bank slip နှင့် ဝယ်သူ၏ မှတ်ပုံတင် ယူဆောင်လာရန်လိုအပ်ပါသည်။

? www.yomaautomart.com

? [email protected]

? 09 966 235 338 - 24/7 Hotline

(or just type: 09 YOMAFLEET)

မှတ်ချက်။ ။ လိုင်စင်ရှိပီးသား Yoma Fleet အမည်ပေါက် ကားများ ဖြစ်ကြောင်း သိရသည်။

Read 1770 times